Breaking News

​မောင်​သစ်​ကြည်​ - တစ်​ဝက်​တစ်​ပျက်​ အပိုင်​းအစများ

တစ်​ဝက်​တစ်​ပျက်​ အပိုင်​းအစများ
​မောင်​သစ်​ကြည်​
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၂၁

နဖူးတည်​့တည်​့သေနတ်​နဲ့ချိန်​သလို အဖျားရှိ/မရှိ
တိုင်​းတာပြီးမှ လက်​ဖက်​ရည်​ဆိုင်​ထဲ ဝင်​ခဲ့ရ
ကိုယ်​ကျင်​့တရား ရှိ/မရှိ တိုင်​းတာတဲ့စက်​ရှိသလား
​ပေါ့ဆိမ်​့လက်​ဖက်​ရည်​တစ်​ခွက်​
​ဟေ့လူ ခင်​ဗျားက ခါတိုင်​းလို ပုံမှန်​ပဲလား
အဂတိတရားလိုက်​စားပြီး​ချောင်​းတဟွပ်​ဟွပ်​ဆိုးသံ
နံရံကိုလာမှန်​ ​ခြောက်​​ပေခွာထား ကူးစက်​မခံရ​အောင်​ 
နယူး​နော်​မယ်​ပုံစံသစ်​ မယုံသင်္ကာစိတ်​ ငယ်​ထိပ်​မှာ
ရွွပိုးထိုး ​ခွေးရူး​တွေ ဝိုင်​း​ဟောင်​လည်​း အပြုံးမပျက်​တဲ့လမင်​း 
ပတ္တမြားမှန်​ နွံမနစ်​ ပွတ်​​လေ လက်​​လေ
​အော်​ရီဂျင်​နယ်​ မ​ကောင်​း​တော့ ထရမ်​့ကိုမိတ္တူကူးလည်​း မရနိုင်​ 
သုံးနာရီ​မေးခွန်​း​အောက်​မှာ​ငေး​ငေးငိုင်​ငိုင်​
လဒမှိုင်​ မှိုင်​တဲ့သတင်​းစာရှင်​းလင်​းပွဲ 
အရှုံးကို လက်​မခံနိုင်​​သေးတဲ့၂ နှစ်​ကျသမား ​ဒေါသ​တွေ
ပွ​ရောင်​း​ရောင်​း ထူလပျစ်​ စိတ်​ညစ်​ရတဲ့ထဲမှာ
ဒါ​တွေလည်​းပါ 
နလပိန်​းတုံးလူတစ်​​ယောက်​ ထူပိန်​းပုံ
​ဘေဘီလုံဥယျာဉ်​ပျံ​ပေါ် ဓာတ်​​လှေကားနဲ့တက်​မယ်​တဲ့ အကြီးအကျယ်​​ပေါက်​ကွဲ 
ချာနိုဘိုင်​းအနုမြူဓာတ်​​ပေါင်​းဖိုက ​ရေဒီယိုသတ္တိကြွ ဓာတ်​​တွေ ယိုစိမ်​့ကျ
​ထော်​​လော်​ကန်​့လန်​့လူပြက်​​တွေအားလုံး
ချာလီချက်​ပလင်​အပါအဝင်​ ဆတ်​ဆတ်​ကျဲဆွံ့အသွား
​ေဩာ်​ ဟာသ​တွေပါလား 
​နွေကန္တာဦးထဲက
ကပိုကရို တံလှပ်​​တွေ ပိုပြီးဘာသာ​ရေး ကိုင်​းရှိုင်း
တကယ်​့ကို ပါးစပ်​ထဲက အမြှုပ်​တစီစီ 
အမျိုးဘာသာ သာသနာ ​ရောင်​ဝါ​တွေ ​ရွှေ​ရောင်​အကျ ႌတဝင်​းဝင်​း 
အလင်​းတစ်​​ထောင်​ ​နေမင်​းကြီး​တောင်​
မျက်​စိကျိန်​းစပ်​ မဟုတ်​မဟတ်​ ပြဇာတ်​ ကကြ
စန်​တီယာဂိုမှာ မိုး​တွေ ရွာ​နေပြီလား..
မိုးတိတ်​မယ်​့အချိန်​ ​စောင်​့​မျှော်​နေတုန်​း
​ဟောဒီ ​ကမ္ဘာမှာ ။    ။

​မောင်​သစ်​ကြည်​
8-1-2021