ကိုသန်းလွင် - လက်ဘနွန်ပေါက်ကွဲမှု
ကိုသန်းလွင် - လက်ဘနွန်ပေါက်ကွဲမှု
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၂၀
(၁)
လက်ဘနွန်နိုင်ငံသမိုင်းတွင် အကြီးမားဆုံးပေါက်ကွဲမှုကြီးဖြစ်၍ သေဆုံးမှုနှင့်ပျက်စီးမှုက ဘေရွတ်မြို့ ကိုချောက်ခြားစေပြီး ၄ လကြာသည့်တိုင် ထိုပေါက်ကွဲမှုအတွက် တာဝန်ရှိသည်ဟု မည်သည့်အစိုးရအရာရှိကမှ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါ။ ထို့အတူ ဤမျှများပြားသောပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို တစ်နေ ရာထဲတွင် ၆ နှစ်မျှကြာအောင်စုပြုံ၍ထားခဲ့ပုံကို ဘယ်သူမျှသေချာမသိရသေးပါ။
တကယ်စင်စစ်နိုင်ငံရေးသမားများသည် ဤကိစ္စကိုစုံစမ်းစစ်ဆေးနေသည့် တရားသူကြီးအားတာဝန်ရှိသူ များ ကိုစုံစမ်းစစ်ဆေးဖို့နေနေသာသာ ထိုသို့စုံစမ်းစစ်ဆေးခြင်းမပြုနိုင်အောင် ဟန့်တားနေကြပါသည်။ လွန် ခဲ့သည့်အပါတ် ကြာသပတေးနေ့က သူ့ကိုတရားစစ်ဆေးခြင်းမှ ထုတ်ပယ်ပြစ်ရန် ကြိုးစားခြင်းကိုတုန့်ပြန်ရန် အတွက်စစ်ဆေးခြင်းများကိုရပ်နားခဲ့ရပါသည်။
(၂)
သြဂုတ်လ ၄ ရက်နေ့က ပေါက်ကွဲမှုကြောင့် လူ ၂၀ဝ ကျော်သေဆုံးခဲ့ရပါသည်။ ထောင်းပေါင်းများစွာသော လူများကို ဒဏ်ရာအနာတရဖြစ်စေခဲ့ပါသည်။ ငွေကြေးအရဆုံးရှုံးမှုမှာ ဘီလီယံ ချီ၍ ရှိပါလိမ့်မည်။ အစိုးရအရာရှိ များ ခြစားနေကြခြင်း၏ အဆုံးစွန်သောရလာဒ်ဖြစ်ပြီး လက်ဘနွန်အစိုးရကို အလုပ်မဖြစ်သော အစိုးရဖြစ်စေပါ သည်။ အလုပ်အကိုင်များလည်း ပျက်စီးနေပြီးဘာမှလုပ်ကိုင်မရအောင်ဖြစ်နေပါသည်။
စိတ်ဆိုးနေသော ပြည်သူပြည်သားများကြောင့် ဤအဖြစ်အပျက်မှာ အစိုးရကိုအသိဝင်စေပြီး အကောင်း ဘက်သို့ပြောင်းလဲစေသောဖြစ်ရပ်ဖြစ်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြပါသည်။ အစိုးရ၏အုပ်ချုပ်ပုံမှာ နိုင်ငံတွင်ဘာ ဘဲဖြစ်ဖြစ် နိုင်ငံရေးသမားများတွင် တာဝန်မရှိသကဲ့သို့ဖြစ်နေပါသည်။ ယခုအချိန်တွင် သူတို့၏အပြုအမှုများကို ပြည်သူများက ပြီးပြီးရောသဘောမထားနိုင်ကြတော့ပါ။
ယခုအခါလူအများက ပေါက်ကွဲမှုကိုသာမကတော့ဘဲ စနစ်ကြီးတခုလုံးကိုဝေဖန်နေကြပါပြီ။ ဤဖြစ်ရပ်တွင် တာဝန်ရှိသူကိုသာမဖော်ထုတ်နိုင်ပါက နိုင်ငံအနေဖြင့် သိက္ခာကျဖို့သာရှိပါသည်။
သြဂုတ်လ ကဖြစ်ပွားခဲ့သောပေါက်ကွဲမှုကြီးကြောင့်ဘေရွတ်မြို့ပါတ်ဝန်းကျင်တွင် အရုပ်ဆိုးသော အမာ ရွတ်ကြီးတခုပေါ်ပေါက်ခဲ့ရပါသည်။ ပေါက်ကွဲခဲ့သည့် ဂိုဒေါင်အနီးတွင် စိုက်ပျိုးသီးနှံများကို သိုလှောင်ထားသော ဆိုင်လို (Silo) ကြီးများရှိပါသည်။ ၄င်းတို့သည်လည်း ပျက်စီးရပါသည်။ အခြားကုန်စည် စလှယ်များ သိုလှောင် ရာ အခြားဂိုဒေါင်များလည်းရှိကြပါသည်။ လူအများနေထိုင်ရာ အိမ်များတွင်တော့ အိမ်ပြင်ရန်ငြမ်းများတပ်ဆင် ထားကြပြီး အိုးအိမ်ပရိဘောဂ အသစ်များကို ရှာဖွေနေကြပါသည်။
ထိုကဲ့သို့ဆိုးဆိုးရွားရွားထိခိုက်ခဲ့သော အိမ်များကို အစိုးရအနေဖြင့်ဘာမှမယ်မယ်ရရပြင်မပေးနိုင်ခဲ့ပါ။ အစိုးရအစား အခမဲ့ကူညီသော (Charities) များကပြုပြင်ရေးလုပ်ငန်းများကို ဝင်၍လုပ်ကိုင်နေကြပါသည်။
လက်ရှိနိုင်ငံရေးနှင့်စီးပွားရေးအခြေအနေများမှာ ဆိုးရွားလျက်ရှိပါသည်။ လက်ဘရွန်ငွေကြေးမှာကျဆင်း နေပြီး ဘဏ်များကလည်းပြည်သူများကို ပြည်သူ့ပိုက်ဆံများကို ထုတ်ပေးရန်ငြင်းဆန်နေကြပါသည်။ နိုင်ငံရေး သမားများအနေဖြင့်လည်း ပြည်ပက ရင်းနှီးမြှုပ်နှံမှုများ ငွေများရောက်လာအောင် မစွမ်းဆောင်နိုင်ကြပါ။
နေ့စဉ်နှင့်အမျှ လမ်းများပေါ်မှ ဆန္ဒပြသူများအနေဖြင့် လက်ဘနွန်နိုင်ငံ၏ နိုင်ငံရေး အဆောက်အဦးကြီးကို ပြိုလဲသွားစေရန်မဆောင်ရွက်နိုင်ကြပါ။ နိုင်ငံရေးသမားများကလည်း မိမိကိုယ်ပိုင်အဆောက်အအုံနှင့်သူတို့စည်း စိမ်ဥစ္စာ များကို ကာကွယ်ရန်မိမိတို ့အပေါ်သစ္စာရှိသူတို့အရေးကိုသာ အာရုံစိုက်အလုပ်လုပ်ကိုင်ခဲ့ကြပါသည်။
ပေါက်ကွဲမှုကြီးမှာ အမိုနီယမ်နိုက်ထရိတ် များကို တစ်နေရာထဲတွင် စုပုံထားခြင်းမှဖြစ်ရပြီး အန္တာရာယ်ရှိပါ သည်ဟု အကြိမ်ကြိမ်သတိပေးနေသည့်ကြားက ဖြစ်ခဲ့ရခြင်းဖြစ်ပါသည်။ ဝန်ကြီးချုပ် ဟာဆန် ဒီရက် (Hussan Diab) က အမှုကိုသေချာစစ်ဆေးပေးပါမည်ဟု တာဝန်ခံခဲ့ပါသည်။ အမှုကိုစစ်ဆေးရန် နောက်ဆုံးအသက် ၆၀ အရွယ်ရှိမထင်မရှား တရားသူကြီးတစ်ယောက်အပေါ်တာဝန် ကျရောက်ခဲ့ပါသည်။ တရားသူကြီး ဖါဒီ ဆာဝန် (Fadi Sawan) သည် ပြူတင်းပေါက်မရှိသော အခန်းငယ်တခု၌ အမှုကိုစစ်ဆေးနေပါသည်။ ရုံးခန်းမှာ သေးငယ် သောကြောင့် အမှုနှင့် ပါတ်သတ်သည့် ဖိုင်များ ထားရန်ပင်နေရာမရှိပါ။ သူသည် ပိုမိုကျယ်ပြန့်သော ရုံးခန်းရဖို့ တောင်းဆိုနေဆဲမှာပင် သူ့လက်ထောက် ၂ ယောက်က ထွက်ချက်များကို လက်နှင့်လိုက်ရေးနေရပါသည်။
သူ၏အလုပ်တာဝန်များမှာ မသေးငယ်လှပါ။ ဤပေါက်ကွဲမှုကြီး ဖြစ်ရသည့်အကြောင်းရင်းကို ထုတ်ဖော်ရပါ မည်။ ၂၀၁၃ ခုနှစ်က သင်္ဘောဖြင့်ရောက်လာခဲ့သော အမိုနီယမ်နိုက်ထရိတ်ကို ဤနေရာတွင် ထားသိုရာ၌ မည် သူကခွင့်ပြုခဲ့သည်။ အဘယ့်ကြောင့် ၆ နှစ်ကြာအောင်သိမ်းထားခဲ့သည်။ ကြားထဲတွင် နေရာပြောင်းလဲရန်စီစဉ် ခဲ့ခြင်းရှိ မရှိစသည့်အခြေခံအချက်အလက်များကို ရှာဖွေရပါမည်။
သူ့လုပ်ငန်းမှာ တာဝန်ရှိအာဏာပိုင်များနှင့် ထိပ်တိုက်တွေ့ဆုံစေမည့်လုပ်ငန်းများပင်ဖြစ်ပါသည်။ ဤအရာ ဝတ္ထုများသည်ပေါက်ကွဲ စေတတ်သဖြင့် ဤနေရာတွင်မထားသင့်ပါဟုတာဝန်ရှိသူများကို သတိပေးထားသည့် စာများမှာပြင်ပတွင်ပြန့်နှံ့ လျက်ရှိပါသည်။ ထိုစာများသည်သမ္မတကြီးနှင့် ဝန်ကြီးချုပ်၊ စစ်တပ်ဦးစီးချုပ်၊ တရား သူကြီးများနှင့် ဝန်ကြီးများထဲလိပ်မှုထားပါသည်။ ထိုသို့သတိပေးခဲ့ပါလျက် ဤပေါက်ကွဲမှုကို မကာကွယ် နိုင်ခဲ့ ကြပါ။
ယခုလတွင် တရားသူကြီးဆာဝန် ကအရေးကြီးသော လူလေးလောက်ကို သူတို့၏တာဝန်များကို ထမ်း ဆောင်ရန်ပျက်ကွက်သည်ဟု စွဲချက်တင်ခဲ့ပါသည်။ ဝန်ကြီးချုပ် ဒီရက်၊ အများပြည်သူတို့၏လုပ်ငန်းများ ကိုတာ ဝန်ခံထားသည့် ဝန်ကြီး ၂ ဦးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့ပါဝင်ပါသည်။ ဝန်ကြီးချုပ် ဒီရက်မှာ ဤပေါက်ကွဲ မှုကြီး ဖြစ်ပွားခြင်းအတွက်တာဝန်ရှိသည်ဟုဆိုခါ ရာထူးမှနှုတ်ထွက်ခဲ့ပါသည်။ သူနှင့်သူ၏အစိုးရအဖွဲ့ အစိုးရ တစ်ဖွဲ့လုံး နှုတ်ထွက်ပြီး ကြားတွင် နောက်ထပ်တာဝန်ယူမည့်အစိုးရမဖွဲ့နိုင်မီ ကြားကာလတာဝန်ယူထားရပါသည်။
ချက်ခြင်းဆိုသလိုပင် တရားသူကြီးသည် သူ့ကိုပေးအပ်ထားသောတာဝန်များကိုကျော်၍ အလုပ်လုပ်သည် ဟု စွပ်စွဲချက်များထွက်ပေါ်ခဲ့ပါသည်။ သမ္မတ မိုက်ကယ်အေရွန် (Michael Aoun) ခေါင်းဆောင်သောပါတီက တရားသူကြီးသည် ဥပဒေများကို ချိုးဖောက်သည်ဟုစွပ်စွဲခဲ့ပါသည်။ အင်အားကြီးမားသော ဟစ်စဘူလာအဖွဲ့က လည်း (Shiite Muslin) တွင်ဤဖြစ်ရပ်မှာ နိုင်ငံရေးအရတိုက်ခိုက်ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့ပါသည်။ ဝန်ကြီးချုပ် ဟောင်း ဟာရီရီ (Saad Hariri) ဆူနီမွတ်စလင်ခေါင်းဆောင်ကလည်း မစ္စတာဒီရက် နှင့် ညီညွှတ်ကြောင်း ပြသ သည့်အနေဖြင့် ဤလုပ်ရပ် သည် လက်ဘနွန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟုပြော ကြားလိုက်ပါသည်။
မည်သူမျှ စစ်ဆေးခြင်းကိုမခံရသည့်တိုင် စွတ်စွဲခံရသူ ၂ ယောက်မှာ ပါလီမန်အဖွဲ့ဝင်များဖြစ်သဖြင့် အမှုမှ ကင်းလွတ်ခွင့် (Immunity) ရှိသည်ဟုဆိုပါသည်။ ၄င်းတို့က တရားရုံးတွင် တရားသူကြီးကို လဲပေးရန် စာတင် လိုက်ပါသည်။ ကြာသပတေးနေ့ကတရားသူကြီးကစစ်မေးနေခြင်းကို ၁၀ ရက်ရပ်နားမည်ဖြစ်ကြောင်း ပြဿနာ ကို ဖြေရှင်းရမည်ဖြစ်ကြောင်းကြေညာပါသည်။
ပြည်ထဲရေးဌာနကို ယာယီကိုင်ထားရသူ မိုဟာမက် ဖါမီ (Mahammed Fahmi) က စွတ်စွဲခံရသူများကို ဖမ်းဝရမ်းထုတ် သည့်တိုင် ဖမ်းမပေးနိုင်ပါဟုပြောသည်။ အစိုးရဝန်ကြီးများကို အထူးခုံရုံး (Special Tribunald) ဖြင့်သာ စစ်ဆေးရကြောင်း၊ ထိုသို့အထူးခံရုံးကို ပါလီမန်တွင်မဲခွဲဆုံးဖြတ်ပြီးမှ မဲသုံးပုံနှစ်ပုံကျော်ရှိမှသာ ဖွဲ့စည်း နိုင်သည်ဟုဆိုသည်။ လက်ဘနွန်နိုင်ငံသမိုင်းတလျှောက်လုံးတွင် ထိုကဲ့သို့အထူးခံရုံးကိုဖွဲ့စည်းခဲ့ခြင်းမရှိခဲ့ပါ။
(၃)
လွန်ခဲ့သော ရက်သတ္တပါတ်များအတွင်းက တရားသူကြီးဆာဝန်က လူ ၈၀ ကိုမေးခွန်းများမေးခဲ့ပါသည်။ လူ ၄၀ ကျော၊် တဝက်ခန့်ကို တရားစွဲဆိုခဲ့ပြီး လူ ၂၅ ယောက်ကိုထိန်းသိမ်းခဲ့ပါသည်။ အောက်ခြေနှင့် အလယ် အလတ်တန်းစားဝန်ထမ်းများဖြစ်ပါသည်။ နိုင်ငံတကာ ရဲတပ်ဖွဲ့အင်တာပို (Interpol)၊ သို့ သင်္ဘောပိုင်ရှင်ဖြစ်သူ ဆိုက်ပရပ်နိုင်ငံသားနှင့် ရုရှားမှ ကက်ပတိန်တို့ကိုရှာဖွေပေးရန်မေတ္တာရပ်ခံခဲ့သည်။ သူ၏ ရီပို့အတွက် အက်၊ဘီ၊ အိုင် နှင့်စကော့တလန် ယာဒ်တို့မှအမှုနှင့်ပါတ်သတ်သည့်အချက်အလက်များကိုရှာဖွေရန် စီစဉ်သည်။ မှုခင်းနှင့် ပါတ်သက်၍ ပြင်သစ် (Forensic) အဖွဲ့ကိုအကူအညီတောင်းခံခဲ့ပါသည်။ မိုဇမ်ဘစ်၊ ဘယ်လဂျီယံ၊ အင်္ဂလန်နှင့် အခြားနိုင်ငံအချို့လည်း အခြေခံအချက်အလက်များကိုပေးပါရန် မေတ္တာရပ်ခံခဲ့သည်။
ဤသို့စုံစမ်းစစ်ဆေးရာတွင်အချိန်ကန့်သတ်ချက်မရှိပါ။ သူ၏တွေ့ရှိချက်ကို လူသိရှင်ကြားကြေညာသည့် အချိန်သည် စုံစမ်းစစ်ဆေးမှုများပြီးဆုံးချိန်ပင်ဖြစ်သည်။ ထိုကြေညာချက်တွင်အပြစ်ရှိသူများကိုဖော်ထုတ်ပြီး ၄င်းတို့ကိုရုံးတင်စစ်ဆေးရန်စရပါမည်။
ကိုသန်းလွင်
Ref:After Blast in Beirut, Still fighting for Answers By BenHubbard New York Times December 21, 2020.