ဇင်လင်း - ပွင့်လင်းမြင်သာမှု လျော့ရဲနေသည့် တရုတ်-မြန်မာ နယ်စပ်ပြဿနာများ
![]() |
Photo - RFA |
ဇင်လင်း - ပွင့်လင်းမြင်သာမှု လျော့ရဲနေသည့် တရုတ်-မြန်မာ နယ်စပ်ပြဿနာများ
(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၂၁
ယခုနှစ်သည် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်သည့် အချိန်ဖြစ်သည်။ မကြာသေးမီက မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်နေရာအချို့တွင် နှစ်နိုင်ငံအစိုးရချင်း သဘောတူညီမှု ရယူခြင်း မရှိဘဲ တရုတ်ဘက်က ခြံစည်းရိုး ခတ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။ အချို့နေရာများတွင် သတ်မှတ်ထားသည့် နယ်ခြားမျဉ်းကို ကျော်လွန်၍ တရုတ်ဘက်က ခြံစည်းရိုးခတ်နေသည်ဟု ဆိုသည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ကိုးကန့်ဒေသ အာဏာပိုင်များက တရုတ် အာဏာပိုင်တို့အား ကန့်ကွက်ခြင်း၊ ညှိနှိုင်းခြင်း စသည်ဖြင့် လုပ်ဆောင်နေသည်ဟု ဆိုသည်။
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်၊ ကုန်းကြမ်းနှင့် ချင်းရွှေဟော် မြို့နယ်များအတွင်း တရုတ်- မြန်မာ နယ်စပ်စည်းတစ်လျှောက် တရုတ်ဘက်မှ စက်တင်ဘာလ ကစ၍ ခြံစည်းရိုးခတ်နေကြောင်း သတင်းများထွက်ပေါ် ခဲ့သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် ရည်ရွယ်ပြီး၊ ခြံစည်းရိုးကာ ခြင်းဖြစ်ကြောင်း၊ ရောဂါကာကွယ် ထိန်းချုပ်နိုင်ပြီ ဆိုပါက၊ ယင်းခြံစည်းရိုးကို ပြန်ဖျက်သွားမည်ဟု တရုတ်ဘက်က ပြော ကြောင်း လောက်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးငွေဒိုး က RFA သို့ပြောသည်။
နှစ်နိုင်ငံနယ်နိမိတ်တွင် နိုဝင်ဘာလကုန်လောက်က တစ်ကြိမ်၊ ဒီဇင်ဘာလဆန်းလောက်က တစ်ကြိမ် တရုတ်နိုင်ငံဘက်က ခြံစည်းရိုးခတ်နေသဖြင့် လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က သွားရောက်စစ်ဆေး၍ ကန့်ကွက်မှု၊ ညှိနှိုင်းမှုများ ပြုလုပ် ခဲ့ရသည်ဟု ဆိုသည်။ လောက်ကိုင်မြို့နယ်သည် တရုတ်နယ်နိမိတ်နှင့် ၃၉ မိုင် ထိစပ်နေသော်လည်း နယ်စပ်စည်း တစ် လျှောက်လုံးကို ခြံခတ်ခြင်းမျိုး မဟုတ်ဘဲ လူဝင်လူထွက်များသည့် နေရာများ၌သာ အဓိကထားပြီး ကာရံခြင်းဖြစ်သည်ကို တွေ့ရကြောင်း ဦးငွေဒိုးက ဆိုသည်။
၁၉၆၁ ခုနှစ် နှစ်နိုင်ငံနယ်နိမိတ်စာချုပ်အရ နယ်စပ်စည်း၏ တစ်ဖက်တစ်ချက် ၁၀ မီတာပေါ်မှာ အဆောက်အအုံ၊ ဆောက် လုပ်ခြင်း မပြုရဟု ပါရှိကြောင်းသိရသည်။ နယ်နိမိတ်ကျောက်တိုင် BP 125 တွင် ကာရံနေသော ခြံစည်းရိုးသည် နယ်စပ် စည်း၏ ၁၀ မီတာအတွင်း၌ ရှိနေသောကြောင့် နိုဝင်ဘာ ၂၂ ရက်နေ့က သွားရောက်ကန့်ကွက်ခဲ့သည်ဟု ဆိုသည်။ စာချုပ် အရ ယာယီသဘောဆိုလျှင် လက်ခံနိုင်သော်လည်း၊ စာချုပ်နှင့် မညီသည့် ၁၀ မီတာအတွင်း ငြိစွန်းနေသော ရှစ်နေရာကိစ္စ ကို ကန့်ကွက်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်နှင့် ဥပဒေရေးရာဦးစီးဌာန၊ နယ်နိမိတ်ဌာန ညွှန်ကြားရေးမှူး ဦးသိန်းမင်းထွန်းက RFA အား ပြောသည်ဟု သိရသည်။ ထိုသို့ ခြံစည်းရိုးခတ်နေသည့် ကိစ္စကို မကြာမီ နှစ်နိုင်ငံ ညှိနှိုင်း သွားရန်ရှိသည်ဟုလည်း ဦးသိန်းမင်းထွန်းက ပြောသည်။
၂၀၁၈ ခုနှစ်ကစ၍ တရုတ်-မြန်မာ နယ်စပ်မျဉ်း အငြင်းပွားမှုများ မကြာခဏ ရှိခဲ့သည်။ ၂၀၁၉ ခုနှစ်ကလည်း ချင်းရွှေဟော်၊ မူဆယ်နှင့် နမ့်ခမ်းမြို့နယ်ဘက်၌ အငြင်းပွားခဲ့ကြသည်။ မည်သည့် ရည်ရွယ်ချက်နှင့် ခြံစည်းရိုး ကာသည်ဖြစ်စေ၊ အစိုးရ ကို ကြိုတင်အသိပေးပြီးမှသာ ဆောင်ရွက်သင့်သည်ဟု လောက်ကိုင်မြို့ အခြေစိုက် ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ အထွေထွေအတွင်းရေးမှူး ဦးမြင့်ခိုင်က သုံးသပ်သည်။
တရုတ်နှင့် မြန်မာနှစ်နိုင်ငံထိစပ်နေသော နယ်စပ်မျဉ်းသည် မိုင်ပေါင်း ၁၃၅၀ နီးပါး ရှည်လျားပြီး နှစ်နိုင်ငံနယ်နိမိတ် စာချုပ် ကို ၁၉၆၀ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ တရုတ်မြန်မာနယ်စပ် သဘောတူစာချုပ်အရ ငါးနှစ်တစ်ကြိမ် နယ်နိမိတ် ပူးတွဲစစ်ဆေးရမည်ဖြစ်သော်လည်း ၁၉၉၅ မှစတင်၍ ၂၄ နှစ်တိုင် စစ်ဆေးမှု မပြုလုပ်နိုင်ကြောင်း သိရသည်။ ၂၀၁၈ - ၂၀၁၉ ခုနှစ်များအတွင်း နယ်မြေအငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် နှစ်နိုင်ငံနယ်နိမိတ် ပူးတွဲ စစ်ဆေးမှုများ ပြန်လည်စတင်ခဲ့ကြသည်ဟု ဆိုသည်။
၂၀၂၀ စက်တင်ဘာလ ၁ ရက်နေ့တွင် တရုတ်နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟိုနိုင်ငံခြားရေးကော်မရှင်ခေါင်းဆောင် ‘မစ္စတာ ယန်ကျဲ့ချီ’သည် မြန်မာ နိုင်ငံသို့ရောက်ရှိခဲ့ပြီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် နှင့် တွေ့ဆုံခဲ့ ကြောင်း အစိုးရသတင်းစာ၌ ဖေါ်ပြခဲ့သည်။ တွေ့ဆုံပွဲအပြီးတွင် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ဆက်လက် ကျင်းပခဲ့သည်။ မြန်မာဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ်နိုင်ငံဘက်မှ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ တို့ တက်ရောက် ဆွေးနွေးကြသည်ဟု သတင်းများ၌ ဖေါ်ပြသည်။
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ အဆင့်မြင့် ခေါင်းဆောင်များအကြား ထိတွေ့ဆက်ဆံမှုများ ဆက်လက်မြှင့်တင်သွားရေး၊ တရုတ် နိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး စတင်ဖြန့်ဝေချိန်တွင် မြန်မာနိုင်ငံသို့ ထောက်ပံ့သွားရေး၊ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီး စဉ်အတွင်း နှစ်ဖက်သဘောတူညီမှုရရှိခဲ့သည့် အကျိုးတူစီမံကိန်းများ အရှိ် အဟုန် မပြတ် ဆက်လက် အကောင်အထည် ဖော်ဆောင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံက အပြုသဘော ဆက်လက် ကူညီပံ့ပိုးရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ၌ လောင်းကစား အပါအဝင် တရားမဝင်ကိစ္စရပ်များကို ပူးတွဲ တိုက်ဖျက်သွားရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ ကြွေးမြီ ပေးဆပ်မည့် ကာလကို တရုတ်နိုင်ငံက ရွှေ့ဆိုင်းပေးခြင်းဖြင့် အကူအညီပေးအပ်သွားရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလ အလွန်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်း အနားများနှင့် မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် ၂၀၂၀ အကောင်အထည်ဖော်ရေးအတွက် နှစ်ဖက် ညှိနှိုင်း စီစဉ်သွားရေး၊ လူငယ်များအပါအဝင် ပြည်သူအချင်းချင်း အပြန်အလှန် ကူးလူးဆက်ဆံမှုများ မြှင့်တင်ရန်အတွက် ယဉ်ကျေးမှုဖလှယ်မှုများ တိုးမြှင့် ဆောင်ရွက်ရေးနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေးအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေး ဖြေရှင်းရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှု များကို ဆက်လက် အားပေးထောက်ခံကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အောင်မြင်ရေး အတွက် ဆက်လက်ကူညီ ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည် ထောက်ခံသွားမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူ များ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထောက်ပံ့ငွေအဖြစ် မြန်မာအစိုးရသို့ ယွမ်သန်း ၂၀၀ ပေးအပ်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံကလည်း နိုင်ငံတကာ မျက်နှာစာ၌ တရုတ်နိုင်ငံ၏ အားပေး ထောက်ခံမှုများအတွက် ကျေးဇူးတင်ရှိကြောင်း နှင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တစ်နိုင်ငံ စနစ်နှစ်မျိုးမူဝါဒတို့ကို ဆက်လက် ရပ်တည်ထောက်ခံသွားမည် ဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ တပ်မတော်၏ လူ့အခွင့်အရေးဆိုင်ရာ စွပ်စွဲပြစ်တင်ခံရမှုများ ကြောင့် မြန်မာအစိုးရ အဆက်ဆက်သည် တရုတ်နိုင်ငံ၏ ဗီတိုအာဏာကို အားကိုးခဲ့ရသည်။ ထို့ကြောင့် တရုတ်တစ်နိုင်ငံ တည်း မူဝါဒနှင့် တစ်နိုင်ငံ စနစ်နှစ်မျိုးမူဝါဒတို့ကို ဆက်လက် ရပ်တည်ထောက်ခံသွားရုံမှတပါး အခြားရွေးရန် မရှိခဲ့ပေ။
အခြားတစ်ဖက်တွင် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမစီမံကိန်း BRI-CMEC အကောင်အထည်ဖေါ်ရာတွင် မြေသိမ်းယာ သိမ်း ပြဿနာများရှိနေပြီး ပြည်သူများ အခက်အခဲ ပိုမိုကြုံတွေ့လာပါက ပြည်ထောင်စုအဆင့်အထိ တင်ပြ ဆွေးနွေးသွား မည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောကြား သည်။ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ ပထမဆုံးအကြိမ်ပြုလုပ်သည့် (ဒီဇင်ဘာ ၁၇ - ၁၉ ရက်) ၃ ရက်ကြာ အထူး အစည်းအဝေးတွင် BRI – CMEC ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးရာ၌ စိုင်းကျော်ညွန့်က ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည် ဟု RFA သတင်းက ဖေါ်ပြသည်။ ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) သည် ရှမ်းပြည်နယ်၌ ၈၀ ရာခိုင်နှုန်း ကျော် လွှမ်းခြုံထားနိုင်သည့် အဖွဲ့ ဖြစ်၍ လက်ရှိ အစိုးရနှင့် တပ်မတော်တို့အနေဖြင့် CSSU အဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင် မည်ဆိုပါက အခြေအနေ ပိုမိုကောင်းမွန်နိုင်သည်ဟု သုံးသပ်မှုများလည်း ရှိသည်။
အခြား အရေးကြီးကိစ္စတစ်ခုမှာ မြန်မာနိုင်ငံအတွင်း တရားမဝင် တရုတ်နိုင်ငံသားများကို ဖမ်းဆီးအရေးယူမှု ဖြစ်သည်။ မတ်လ မှ စက်တင်ဘာလအထိ ၆ လတာအတွင်း တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးအရေးယူမှု ၂၇ ကြိမ်ရှိကြောင်း မီဒီယာသတင်းများ၌ ဖေါ်ပြခဲ့သည်။ ဖမ်းဆီးမှု အများစုမှာ တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ် မူဆယ်မြို့တွင် ဖြစ်သည်။ အမှု ၂ ခုတွင် လက်နက်ကိုင်ဆောင်မှု ပါဝင်သည်။ အမှုအများစုသည် ခရီးသွား လာနေကြစဉ် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဆိုသည်။ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ နေပြည်တော်ကောင်စီ ဒေသများ တွင် ပေါ်ပေါက်ခဲ့သော အမှုများလည်း ပါဝင်သည်ဟု သိရသည်။ ဖမ်းဆီးခံရသူ တရုတ်နိုင်ငံသား စုစုပေါင်း ၂၁၅ ဦး ရှိခဲ့ပြီး ရဲတပ်ဖွဲ့က ပုံမှန် သတင်း မထုတ်ပြန်ဘဲ တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့က သတင်းထုတ်ပြန်ပေးသည်ကို တွေ့ရသည်ဟု RFA သတင်းက ဆိုသည်။ Covid-19 ကပ်ရောဂါဘေး ထိန်းချုပ်နေစဉ် ကာလအတွင်း တပ်မတော်က တရားမဝင် တရုတ်နိုင်ငံသားများ ဝင်ရောက် နေထိုင်မှုကို ဆက်တိုက် ဖမ်းဆီးအရေးယူသည့် သတင်းများ ဖော်ပြခဲ့သော် လည်း၊ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကမူ တရုတ်နှင့် ဆက်ဆံရေး ကောင်းမွန် နေသည်ဟု ပြောကြားခဲ့သည်။
“တရုတ်နဲ့ မြန်မာ့တပ်မတော် ကြားမှာတော့ ကျနော်တို့ချစ်ကြည်ရင်းနှီးစွာ ဆက်သွယ်ဆက်ဆံမှု ရှိပါတယ်။ ဖမ်းဆီးရမိ တယ် ဆိုတဲ့ဟာတွေသည် သူ့နိုင်ငံဥပဒေ ကိုယ့်နိုင်ငံဥပဒေ အရပါပဲ။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံသားတွေ ဖမ်းဆီးရမိတာလည်း အဓိကကတော့ တပ်မတော်အနေနဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး အဓိက ဆောင်ရွက်နေတာဖြစ်တယ်။ ဒီအပေါ်မှာ တရုတ်နိုင်ငံရဲ့ သဘောထားကလည်း ကျနော်တို့ နိုင်ငံရဲ့ ဥပဒေအတိုင်းပဲဖြစ်ပါတယ် ခင်ဗျ။ ” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။
ရန်ကုန်အခြေစိုက် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)၏ တရုတ်ရေးရာ သုတေသီ ဒေါ်ခင်ခင်ကျော်ကြီးက တပ်မတော်သည် တရုတ်ကို သတိထား၍ ဆက်ဆံနေပုံရသည်ဟု သုံးသပ်သည်။ တပ်မတော်က တရုတ်အပေါ် လုံးဝမှီခိုနေလိုသည့် သဘောမရှိဘဲ သတိထားဆက်ဆံနေသည်ဟု ဆိုသည်။ ငြိမ်းချမ်းကိစ္စနှင့် အထူးသဖြင့် လက်နက်ကိစ္စတို့၌ တရုတ်က တိုင်းရင်းသား လက်နက်ကိုင်များအား ထောက်ပံ့နေသည်ဆိုသောအမြင်လည်း တပ်မတော် တွင် ရှိနေသည်ဟု ဒေါ်ခင်ခင်ကျော်ကြီးက သုံးသပ်သည်။ ထို့ကြောင့် တရုတ်က မီးစတစ်ဖက် ရေမှုတ် တစ်ဖက် မူဝါဒကို ကိုင်တွယ်နေသည်ဆိုသည့် ခံစားချက်မျိုးရှိနေပုံရသည်ဟု ဆိုသည်။
‘မစ္စတာ ယန်ကျဲ့ချီ’ စက်တင်ဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်မလာမီ သြဂုတ်လ ၃၁ ရက်တွင် သန္ဓိအဖွဲ့ (Sandhi Governance Institute) က တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမစီမံကိန်း BRI နှင့် စပ်လျဉ်း၍ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း RFA သတင်းအရ သိရသည်။ တရုတ် ပိုးလမ်းမသစ် အစီအစဉ်၌ ပါဝင်သော ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် မူဆယ်-မန္တလေး ရထားလမ်းတို့သည် မြန်မာနိုင်ငံအတွင်း ပဋိပက္ခ ဖြစ် ပွားရာ တောင်တန်း ဒေသများ၊ ပြည်နယ်နှင့် တိုင်းဒေသများကို ဖြတ်သန်းသွားမည် ဖြစ်၍ ပြည်သူလူထုကို ပွင်လင်းမြင် သာစွာ ချပြသင့်သည်ဟု Sandhi Governance Institute အဖွဲ့၏ အစီရင်ခံစာ က ဆိုသည်။
မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအပါအဝင် ပုဂ္ဂလိက-အစိုးရ ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများနှင့် ပတ်သက်၍ မှန်ကန်သည့် သတင်းအချက်အလက်များ ပိုမိုရရှိစေရန်၊ လက်ရှိ ဆောင်ရွက် နေသော ပုဂ္ဂလိက-အစိုးရ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများအတွက် စည်းမျဉ်းစည်းကမ်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန တို့၏ စွမ်းဆောင်ရည်များ၊ ယင်းစီမံကိန်းများအပေါ် ပြည်သူလူထု၏ ထင်မြင်ယူဆချက်များ နှင့် စီမံကိန်းများသည် မြန်မာ နိုင်ငံနှင့် ပြည်သူလူထုအတွက် အကျိုး ရှိ/မရှိ အစရှိသည်တို့ကို မှန်ကန်စွာသုံးသပ်နိုင်စေရန် ရည်ရွယ်၍ အစီရင်ခံစာ ထုတ်ပြန်ခြင်း ဖြစ်သည်ဟု သန္ဓိအဖွဲ့ ကဆိုသည်။
အဆိုပါ စီမံကိန်းဖြတ်သန်းသွားရာဒေသများတွင် ကြီးမားသည့် သက်ရောက်မှုများ ရှိလာနိုင်သောကြောင့် စီမံကိန်းများ နှင့် ပတ်သက်၍ ပြည်သူလူထုနှင့် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် မှန်ကန်သည့် သတင်းအချက်အလက်များကို သိရှိ နိုင်ရန် ယခုကဲ့သို့ အစီရင်ခံစာထုတ်ပြန်ရခြင်းဖြစ်သည်ဟု ရန်ကုန်မြို့အခြေစိုက် သန္ဓိအဖွဲ့၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးခိုင်ဝင်းက RFA သို့ ပြောကြောင်း သိရသည်။ အဆိုပါ စီမံကိန်းနှစ်ခုသည် စီးပွားရေးအရမျှသာမက၊ နိုင်ငံနှစ်နိုင်ငံ အကြား ပထဝီရေးရာ မဟာဗျူဟာကိစ္စများ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများအတွက်လည်း အရေးပါ သည့် စီမံကိန်းများဖြစ်သည်ဟု သန္ဓိအဖွဲ့၏အစီရင်ခံစာ၌ ဖော်ပြထားသည်။ အစိုးရအနေဖြင့် ပွင့်လင်းမြင်သာစွာ ပြည်သူများအား ချပြသင့်ပြီး၊ ပြည်သူအများ ပါဝင်လာမှသာလျှင် စီမံကိန်းများ အောင်မြင်နိုင်ဖွယ်ရှိသည်ဟုလည်း အစီရင်ခံစာက ဆိုထားသည်။
ထို့အပြင် နှစ်နိုင်ငံဘက်မှ တာဝန်ရှိ အစိုးရဌာနဆိုင်ရာများကလည်း စီမံကိန်း အကောင်အထည်ဖော်ပြီးစီးမှု အခြေအနေ ကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ စီစဉ်ဆောင်ရွက်ရန်လိုအပ်ပြီး၊ အခြေအနေ အရပ်ရပ်ကို ပြည်သူများ သိရှိရန် ပြန်လည်မျှဝေပေးရမည်ဟု ဆိုသည်။ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရေးအတွက် သတင်းအချက်အလက် လွဲမှားမှုများ မဖြစ်ပေါ်အောင် ပုံမှန်သတင်းစာရှင်းလင်းပွဲများ လုပ်ပေးရန် လိုသည်ဟု သန္ဓိအဖွဲ့က အကြံပြုထားသည်။ အနှစ်ချုပ်ဆိုရလျှင် တရုတ်-မြန်မာ နယ်စပ်ပြဿနာများ ကိုင်တွယ်အရေးယူ ဆောင်ရွက်မှုများ လျော့ရဲနေပြီး ပွင့်လင်းမြင်သာမှု အားနည်းလွန်သည်ဟု သုံးသပ်မိသည်။။။
(Published in FIRST WEEKLY JOURNAL, 1- 1- 2021.)