ဇာနီကြီး - ဟိတ် မပစ်နဲ့၊ ဒါ စစ်မြေပြင်မဟုတ်ဘူး၊ ဒါ နိုင်ငံရေး
ဇာနီကြီး - ဟိတ် မပစ်နဲ့၊ ဒါ စစ်မြေပြင်မဟုတ်ဘူး၊ ဒါ နိုင်ငံရေး
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၂၁
ဘုံရန်သူပဲအာရုံစိုက်ပါ.. အမြင်မတူတာ.. မေ့ပစ်လိုက်ကြစေလို
ပစ်မိန့် ပေးမဲ့စစ်ဗိုလ် အာစေးနေပါစေ။
တက္ကသိုလ်စိန်တင် သမိုင်းသုတေသီ စာရေးဆရာကြီး 2020 ကွယ်လွန်သွားပါပြီ။ သူရေးတဲ့နိုင်ငံရေးစာများ စုစည်းပြီး.. "ဟေ့မပစ်နဲ့".. စာအုပ်.ထုတ်ဝေပါတယ်။
1989 ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံပြီးကာစ... ဧရာဝတီတိုင်း ဓနုဖြူမြို့ မှာ ဒေါ်အောင်ဆန်းစုကြည်ကို.. "ပစ်" လို့ စစ်ဗိုလ် Captainလေးက သူ့ရဲဘော်များကို ပစ်မိန့်ပေးပါတယ်။ ရဲဘော်တွေ လက်တွန့်နေချိန် သူထက်ရာထူးကြီးသူ ဗိုလ်မှုးတင်ဖေအေး က "ဟေ့ မပစ်နဲ့၊ ဒါစစ်မြေပြင်မဟုတ်ဘူး၊ ဒါ နိုင်ငံရေး" လို့ ပြောပြီး တားဆီးနိုင်ခဲ့ပါတယ်။ ၂ဦးစလုံး ဘာမှအရေးမယူခံခဲရပါ။ နောက်ပိုင်း ၂ဦးစလုံး တပ်က ထွက် အရပ်သားဖြစ်လာ ကြပါတယ်။
ဗိုလ်မှုးတင်ဖေအေး ကတော့ ကွယ်လွန်ပြီး သူပြောတဲ့ ဇတ်လမ်းကို ဗိုလ်မှုးကြီးဟောင်း ဒီမိုကရေစီ စာရေးဆရာ "Aung Myin Thu" က ရေးသားပြတော့ အသက်ရှင်နေဆဲ စစ်ဗိုလ် Captainလေးက သူ့ကို ဂဠုန် ဦးစောနဲ့ နှိုင်းရေးတာ မတရားကြောင်း၊ မိမိဟာ အထက်အမိန့်ကို ကျေပြွန်စွာထမ်းဆောင်ကြောင်း၊ ဥပဒေကြောင်းအရ တရားစွဲလိုကြောင်း ပြန်ရေးပါတယ်။
ဒီအကြောင်း ကိုကြည့်ရင် တပ်ချုပ်က ပစ်မိန့် ပေးရင်တော့ စစ်သားက ပစ်ရမှာပါပဲ။ မပစ်ချင်ရင် ထွက်ပြေးရမယ်။ မပြေးရင်လဲ ဒေါသထွက်နေတဲ့ လူထုနဲ့ သွေးချောင်းစီးမယ်။ ဒါမျိုး ဖြစ်မလာအောင် ပြည်သူလူထုက ပဲ ငြိမ်းချမ်းစွာ စစ်အာဏာသိမ်းလူတစု ကျဆုံးအောင် ကြိုးစားနေပါပြီ။
အကြောက်တရား
တပ်မတော်သား ဆင်ခြင်ဉာဏ်ရှိသူများက ပြောတယ်။ တပ်မှုးဟောင်း မပြောနဲ့ တပ်သားဟောင်းတောင်မှ ဖြစ်နိုင်ရင် ပစ္စတိုတလက်နဲ့ ညအိပ်ချင်ကြတယ်။ အရမ်းကြောက်ကြတယ်လို့ ပြောတယ်။ မိမိတပ်ကို စည်းရုံးရေးကတော့ အမိန့်နာခံခြင်းပါ။
ဒါကြောင့် - "တပ်မ ၁၀၁ တပ်မှုးက အမိန့်ငြင်းဆန်တယ်။ "
"သံချပ်ကာတပ် ဘယ်မြိုမှာ ထွက်မမောင်းပဲ အမိန့်ညင်းဆန်တယ်။ "
"ဘယ်ဗိုလ်ချုပ်က လက်နက်မျိုးစုံအပ်နှံပြီး ထွက်စာတင်တယ်။ "
"ဘယ်ဗိုလ်ကြီးက သူတို့ တပ်ရင်းက အာဏာသိမ်းတာလက်မခံစာထုတ်တယ်.. "
စတဲ့သတင်းတွေကို မြင်လဲမတင်စေချင်ပါ။ ဟုတ်မှန်ရင် RFA BBC VOA Irrawaddy Moemaka နဲ့ ပြည်တွင်းက Myanmar Now, 7 Days စတဲ့ သတင်းဌာနကောင်းများ ရှိပါတယ်။ အင်တာနက် ပြတ်တောက်ရင်လဲ ရေဒီယို လေလှိုင်း သတင်းများ ရှိပါတယ်။
တပ်မှုးတွေ သဘောထားကွဲတာ ရှိမှာပါ။ သိုသော် တပ်ရဲ့သဘောကတော့ အထက်အမိန့် နာခံရမှာပါ။ ပြည်နယ်က တပ်မှုးတယောက် မိမိအထက်အရာရှိ အမိန့်ကို မနာခံရင်၊ အနားက လူမိုက်ဆန်ဆန် ရာထူးမက်သူတွေ ဝန်းရံနေပါတယ်။
VPN ပြီးရင် ပေ၃၀၀ မိုဘိုင်းဖုန်း ဘလူးတုနဲ့ မက်ဆေ့စနစ် Bridgefy လိုမျိုး နဲ့ ခေတ်လူငယ်လေးများ က လူကြီးများကို ဦးဆောင်ပါလိမ့်မယ်။
အားလုံး သေမှာ ကြောက်ကြတာချည်းပါ။ မတရားစွာ အသတ်ခံရတဲ့ အာဇာနည်များရဲ့ ပေတရာပေါ်မှကျခဲ့တဲ့သွေးတွေ မခြောက်သေးပါဘူး.. ကမ္ဘာမကြေဘူး.. သီချင်းသံ လွှမ်းနေပါတယ်။
တပ်အကြောင်း သတင်းမှား
မသေချာတဲ့သတင်းတွေ မတင်ကြဖို့၊ မရေးကြဖို့၊ မပြောကြဖို့ လိုပါတယ်။ တပ်ကအရပ်သား ပြောင်းလာသူ ဆယ်ယောက် ၁ယောက်ပဲ အရပ်သားအုပ်ချုပ်ရေးမှာ ခေါင်းဆောင်နိုင်ပါတယ်။ ဥပမာ - ဦးသိန်းစိန်၊ ဗိုလ်ချုပ်အောင်ဆန်း တို့ဖြစ်တယ်။ သူရဦးရွှေမန်း တောင်မှ ထိပ်ဆုံးရောက်ရင် မလွယ်ဘူး လို့ လူပုံအလယ်မှာ စားပွဲပေါ်က တခုခုနဲ့ ကောက်ချိန်ရွယ်ပြီး အခန်းတွင်းက ထွက်သွားလို့ ပြောခံရသူ အရပ်သားတစ်ဦးက ရင်ဖွင့်သံ နားထောင်ဖူးပါတယ်။
စစ်အာဏာသိမ်းလူတစုကို အနုနည်းနဲ့ ဆန္ဒပြမဲ့ နည်းမျိုးစုံရှိပါတယ်။
ကျနော်ကတော့
... စစ်သားတွေ၊ တပ်တွေ ပြည်သူဖက်ပြန်လာ.. တပ်အမိန့် ညင်းဆန်.. နှုတ်ထွက် သတင်းတွေ မရှယ်ပါဘူး။
... မအလ က အစ စစ်ဗိုလ်ချုပ်ကြီးတွေကို ညစ်ညမ်းစွာ ရေးသား၊ ဆဲဆို၊ ပြောဆိုခြင်း မလုပ်ပါ။
... သံပုန်းတီးလို့ဖမ်းတဲ့ ရဲစခန်းကိုဝိုင်းရင်လဲ မဆဲဆို၊ ရုန်ရင်းကြမ်းတမ်း၊ ညစ်ညမ်းလှန်ပြသူများကို မေတ္တာနဲ့ ထိန်းမယ်။
... တကယ်ပစ်ရင်တော့ ပြေးကြမှာချည်းပါပဲ။ တပ်သားတွေ မိုးပေါ်ထောင်ပစ်ကြပါစေပဲ ဆုတောင်းရပါတယ်။
အာဏာရှင်ကတော့ သေမှ၊ အဖမ်းခံရမှပဲလက်လျော့စမြဲပါ။ . ဆောင်းဦးလှိုင် (NLD သီချင်းရေ၊ ဆိုသူ) ပြောစကားအရ.. အာဏာသိမ်း ကာချုပ်နဲ့လူတစုဟာ.. ဗုဒ္ဓဘာသာဝင်လို့ သူမယူဆဘူး တဲ့။ ဟုတ်ပါတယ်။ အတ္တဝါဒီ ဒိဌိတွေပဲလို့ ...။
ပစ်မိန့်ဆိုတာ ရှေ့တန်းမှာတောင်မှ မိုးပေါ်ထောင်ပစ်ရတဲ့ မြန်မာနိုင်ငံ ပြည်တွင်းစစ်ပါ။
ပစ်မိန့်ပေးမဲ့ စစ်ဗိုလ်တွေ. အာစေးနေပါစေ။
အခုချိန်ကတော့ လက်နက်ကိုင်စစ်သားတွေ သူတို့ကို ရှုံချ၊ ဆဲဆိုရင် ဒေါသထွက်ပါမယ်။ သို့သော် တကယ် ပစ်မိန့် ကျလာရင် ဘာလုပ်မလဲ။ မိုးပေါ်ပဲ ထောင်ပစ်သူရှိသလို တည့်တည့် လူအုပ်ထဲပစ်မဲ့ စစ်ဗိုလ်Captainလေး လိုလူလဲ ရှိကြမှာပါ။
ပြည်သူများကို အာဏာသ်မ်းလူတစု ဘယ်နည်းနဲ့မှ မနိုင်ပါဘူး၊ စစ်အာဏာရှင်စနစ် နိဂုံး အချိန် ရောက်ပါပြီ။
"ဟေ့ မပစ်နဲ့၊ ဒါစစ်မြေပြင်မဟုတ်ဘူး၊ ဒါ နိုင်ငံရေး" .... ဒီစကားကို စစ်သားတွေအားလုံး ကြားနိုင်ပါစေ။
ဇာနီကြီး
6.2.2021
.
ပုသိမ်က တက္ကသိုလ်ကျောင်းသား လမ်းပေါ်.ပျောက်ကြားဆန္ဒပြ လူငယ်များက လူကြီးများ အသက်၅၀ ကျော်ရင် အိမ်မှာပဲနေကြပါ တဲ့။ အကြမ်းမဖက် ဆန္ဒပြကြမှာပါ။ ရေဒီယို သတင်းမှန် နားထောင်မယ်။ သူကြပ်..ကိုယ်ကြပ်ပဲ။