Breaking News

မိုးမခ - ငါ တို့ က ဗျာ တ ပ် ပေါင်း စု (စိုးအိမ်၊ အောင်ဝေး၊ ဆွေရည်လင်း တို့၏ ကဗျာများ)


Crd-Than Htay Maung

ငါ တို့ က ဗျာ တ ပ် ပေါင်း စု 
Poeticdiary Poeticdiary

''စစ်ကောင်းကင်''

ဘယ်ကို မောင်းမောင်း
ဘယ်လောက် မောင်းမောင်း
ဦးထုပ် ဆောင်းလည်း
ငါ ့ခေါင်း စစ်ကောင်းကင်ကြီး အုပ်နေဆဲ။    ။

စိုးအိမ်
-
'' စ စ် တ ပ် ဟာ လူ ထု ကို လ င် လု ဘ က် လို သ ေဘာ  ထား တ ယ်''

သေနတ်တွေ ခါးသွားအောင်
သနပ်ခါး လိမ်းပေးလိုက်။
စစ်သားတွေ ဖျားသွားအောင်
သနပ်ခါးတုံး ပစ်ပေးလိုက်။
စစ်သားတွေ နားသွားအောင်
ကျောက်ပျဉ်တွေ ပို့ပေးလိုက်။
အာဏာသိမ်းစစ်သားဆိုတာ
ထဘီကလေးနဲ့မှ
ပိုလိုက်တယ်။     ။

အောင်ဝေး
(၂- ၂၄- ၂၁)
-
*အလင်း နွေဦး*

အနက်ရှိုင်းဆုံး အမှောင်ထု ကို
ကျင့်သားရ ပြီးနောက်…
ပိုးစုန်းကြူးလေးတကောင်ချင်းစီ ရဲ့
လင်းလက်မှု ဟာ
ကိုယ့် ကမ္ဘာ…။
အလင်း ရဲ့ ရွှေ ရောင်တောက်ပမှုမှာ
ပိန်းပိတ်တဲ့ အမှောင်ရဲ့ ကျဆုံးခန်း…။
အဓမ္မ အမှောင်ဟာ
ကိုယ့်ခြေအစုံကို ဦးခိုက်ချိန်…
ဓမ္မရဲ့ အလင်းတရားမှာ
မြတ်နိုး ကြည်လင် ဝပ်တွား လာရ…။ ။

ဆွေရည်လင်း

* * * ဆရာအောင်ဝေးဖေ့ဘုတ်စာမျက်နှာမှ ...