Breaking News

စစ်တပ်နဲ့ရဲက လူနေအိမ်ထဲ ကျူးကျော်အကြမ်းဖက်မှုများ ကျုးလွန်နေ




စစ်တပ်နဲ့ရဲက လူနေအိမ်ထဲအထိ ကျူးကျော်အကြမ်းဖက်မှုများ ကျုးလွန်နေ

(မိုးမခ) မတ် ၁၊ ၂၀၂၁

ယနေ့ မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီခန့်က ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်သို့ ရဲနှင့်စစ်သား အများအပြား ရောက်ရှိလာပြီး ၄၉ လမ်း အလယ်ဘလောက်၊ လမ်း ၅၀ အလယ်ဘလောက်ရှိ တိုက်ခန်း တချို့ကို တံခါးဖျက်ပြီး ၀င်ရောက်ရှာဖွေသွားကြောင်း၊ အသုံးအဆောင်တချို့ သိမ်းဆည်းသွားကြောင်း၊ လူကို ဖမ်းခေါ်သွားခြင်း မရှိကြောင်း၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့်ကွက်လှုပ်ရှားမှုဦးဆောင်သူတို့ကို ၀င်ရောက် ရှာဖွေခြင်းဖြစ်မည်ဟု ယူဆရကြောင်း ရပ်ကွက်အတွင်း နေထိုင်သူတို့က ပြောသည်။

နေ့ဘက်တွင် ၀င်ရောက်ခြင်းဖြစ်သောကြောင့် အဖမ်းအဆီးအတွက် မဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။

ရပ်ကွက်အတွင်း နေထိုင်သူများက လမ်းထိပ်သို့ ထွက်ပြီး ကြွေးကြော်သံများ အော်ဟစ်ကြသကဲ့သို့ သံပုံးများ ဆူညံစွာ တီးကြပြီး မကြာမီ ပစ်ခတ်သံများ ထွက်ပေါ်လာသဖြင့် လမ်းအတွင်းသို့ ပြေးလွှားနောက်ဆုတ်သွားကြသည်။ ထို့နောက် ရဲနှင့် စစ်သားအများအပြားလည်း ရပ်ကွက်အတွင်းမှ ထွက်ခွာသွားကြသည်ကို တွေ့ရသည်။

အသံဗုံးဟု ယူဆရသည့် မပေါက်ကွဲသေးသော အရာတချို့ ကျန်ရစ်ခဲ့ရာ ရပ်ကွက်အတွင်း နေထိုင်သူတို့က ပုဇွန်တောင် မြို့မရဲစခန်းသို့ သွားရောက် အပ်နှံရန် ဆုံးဖြတ်လိုက်ကြသည်။