မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၂ ရက် မြောက်နေ့ မြင်ကွင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ကျဆုံးသွားတဲ့ ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်းတွေအတွက် ရည်စူးကာ မုံရွာမြို့တဖက်ကမ်း ချင်းတွင်းမြစ်ဘေး သဲသောင်ပြင်မှာ ဆီမီးထွန်းဆုတောင်းပွဲ (DVB)
နံနက်ခင်း ၇ နာရီကျော် ၈ နာရီလောက်ကတည်းက ဆန္ဒပြမယ့်သူ လူငယ်တွေ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကော်ခမောက်တွေဆောင်း၊ ကျောပိုးအိတ်နဲ့ တချို့တွေ့ရပြီး သက်ဆိုင်ရာ စုရပ်ကို သွားနေကြတယ်။ လမ်းက ကုန်စုံဆိုင်၊ မုန့်ဆိုင်တွေမှာလည်း ဆန္ဒပြသွားမယ့်လူငယ်တချို့ စားစရာ မုန့်၊ အအေးဗူးတွေ ဝယ်နေကြတယ်။ ဟင်းရွက် ၊ သားငါး စျေးမှာတော့ စျေးဆိုင်တချို့မထွက်ကြ၊ ထွက်တဲ့သူတွေလည်း ပစ္စည်းကုန်အောင် ခပ်သွက်သွက်ရောင်းနေကြ၊ ဝယ်သူတွေလည်း ခပ်သုတ်သုတ်ဝယ်ပြီး ပြန်ကြတာတွေ့ရတယ်။
၈နာရီခွဲလောက်မှာတော့ လမ်းသွယ်နဲ့ လမ်းမတချို့ကို ဆန္ဒပြသူတွေက ကွန်ကရစ်တုံးတွေ၊ ထုထည်ကြီးတဲ့ ပစ္စည်းတွေ ၊ ကွန်ကရစ်တိုင် အပိုင်းအစတွေ ၊ ကားတာယာဟောင်းတွေနဲ့ စုပုံပိတ်ဆို့နေကြပြီ၊ ခုခံတိုက်ပွဲ၅/၆ ရက်မြောက်နေ့ အဖြစ် ဆင်နွှဲကြတဲ့ အသွင်သဏန်လိုမြင်တွေ့ရတယ်။ နေ့စဥ် ဆိုရှယ်မီဒီယာ ပေါ်မှာမြင်တွေ့နေရတဲ့ ဆန္ဒပြ၊ နောက်ဆုတ်၊ ပြန်တက်၊ မီးသတ်ဆေးဗူးတွေနဲ့ ဖြန်းပြီး မြင်ကွင်းကို ဝေဝါးအောင် လုပ်တာ၊ လမ်းပိတ်တဲ့ အတားအဆီးပစ္စည်းတွေ ချတာ ဖြိုခွင်းတဲ့ ရဲနဲ့ တပ်လာရင် လူစုခွဲပြေးတာတွေ ကြွေးကြော်သံတွေ က ရန်ကုန်ရဲ့ လမ်းဆုံအချို့၊ ရပ်ကွက်အချို့ရဲ့ နေ့တဓူဝ မြင်ကွင်းတွေလို ဖြစ်လာနေပါတယ်။
ကျောင်းသားတွေ၊ ဝန်ထမ်းတွေ၊ လုပ်ငန်းဌာနအသီးသီး ခေါင်းစဥ် ဗီနိုင်းဆိုင်းဘုတ်တွေ၊ နိုင်ငံရေး ကြွေးကြော်ချက်တွေ ချီတက်ဆန္ဒပြမှုတွေကနေ ခုရက်ပိုင်း ရပ်ကွက်အလိုက် ရပ်ကွက်နေလူထုက ဆန္ဒပြဖြိုခွဲတဲ့ လုံထိန်းရဲ၊ စစ်သားတွေကို ခုခံကာကွယ်တာ အပြန်အလှန် ပိတ်ဆို့တာတွေအဖြစ် တဖြည်းဖြည်း အသွင်ပြောင်းလာ နေပါတယ်။
ဒီနေ့ကတော့ မြို့နယ်အများအပြားနဲ့ နိင်ငံအနှံ့မှာ ခုခံဆန္ဒပြပွဲတွေ စုဝေးအင်အားထုတ်ဖော်တဲ့ ညီလာခံတွေကို စည်းကမ်းတကျနဲ့ လုပ်ကြပါတယ်။ ပြိးတော့ ယခင်နေ့တွေက ကျဆုံးသွားတဲ့ လက်နက်မဲ့သူရဲကောင်းအာဇာနည်တွေကို နောက်ဆုံးခရီး စုဝေးလိုက်ပို့ကြတဲ့ ဈာပနအခမ်းအနားတွေ မြန်မာပြည်တဝှမ်းလုံး လုပ်ကြတယ်။ လူသွေးသောက်ထားတာ ၀နေလို့လားတော့မသိဘူး စစ်တပ်နဲ့ ရဲဟာ အချို့နေရာတွေမှာ အကြမ်းဖက်ဖမ်းဆီးတာရှိပေမယ့် ဒီနေ့မှာ လှုပ်ရှားမှုတွေ နဲနဲငြိမ်ပါတယ်။ ပြည်သူတွေက လူတံတိုင်းကြီးတွေဖြစ်ပြီး နောက်မဆုတ်ဘဲ ကြံ့ကြံ့ခံတဲ့ တုန့်ပြန်ချက်က ထိရောက်တယ်လို့ ဆိုရမှာပါ။
CRPH က ထုတ်ပြန်သလို မြို့နယ်တွေ မြို့တွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့ကြတယ်။ လူထု လူတန်းစား ကိုယ်စားပြုမှုတွေ စုံလင်တယ်။ ပြီးတော့ သပိတ်စုံအဖွဲ့၊ CDM ဝန်ထမ်းတွေ စုထားတဲ့အဖွဲ့၊ CDM ထောက်ပံ့ရေး အဖွဲ့စုံ၊ ကျန်းမာရေးအထွေထွေ ထောက်ကူအဖွဲ့စုံ ဆိုပြီး ချိတ်ဆက်ကြတာကို သူတို့မြို့နယ်အလိုက် ညီလာခံတွေ အစည်းအဝေးတွေမှာ တွေ့ကြရတယ်။ ဒေါက်တာဇော်ဝေစိုးကလည်း မနေ့ကပြင်းထန်တဲ့အကြမ်းဖက်မှုတွေ သတ်ဖြတ်မှုတွေကို တုန့်ပြန်တဲ့အနေနဲ့ ဆက်ပြီး တိုက်ပွဲဝင်ကြဖို့၊ စည်းလုံးညီညွတ်ကြဖို့၊ ချိတ်ဆက်ကြဖို့၊ ဆက်သွယ်ကြဖို့ စတဲ့ သပိတ်ခေါင်းဆောင်တယောက်လို ထုတ်ပြန်တာဟာလည်း အင်အားဖြစ်ပါတယ်။ CDM က စတင်တဲ့ တိုက်ပွဲခေါ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၏အောင်မြင်သော တပ်ဦးသပိတ်ခေါင်းဆောင်ဟာ အခုချိန်မှာ လူထုသပိတ် CDM လှုပ်ရှားမှုအတွက် တာဝန်ခံမယ့် ခေတ္တဝန်ကြီးတာဝန်ကို ယူလိုက်တာကို အားလုံးက ကြိုဆိုကြပါတယ်။ လူထုရဲ့ အသက်ဝိဉာဏ်ကို နှိုးဆော်ပေးနေတဲ့ မင်းကိုနိုင်ကလည်း CRPH ကို ထောက်ခံဖို့၊ မတွေဝေဖို့၊ ဒေါက်တာဇော်ဝေစိုးသဘောထားကို ထောက်ခံတဲ့ အသံကို ထုတ်ပြန်ပါတယ်။
သတင်းထောက်တွေ အများအပြားအဖမ်းခံထားရတဲ့အထဲမှာ အချို့ကို ၅၀၅(က) နဲ့ ပြစ်မှုစွဲဆိုတယ် ပြောပါတယ်။ Myanmar NOW က ကေဇင်နွေးဆိုတဲ့ အမျိုးသမီးနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေကို စစ်တပ်က ဘာမှ မတုန့်ပြန်သေးပါဘူး။ သတင်းထောက်အားလုံး လွှတ်ပေးဖို့ အဖွဲ့အစည်းအားလုံးက တောင်းဆိုပါတယ်။ စစ်တပ်အလိုတော်ရိတွေ ဒလံတွေက သတင်းထောက်တွေကို ပြည်သူနဲ့ ရန်တိုက်ပေးနေတာတွေကိုလည်း ပြည်သူတွေက ရိပ်မိသွားပါတယ်။ ဘီလုံးငှက်စစ်ဆင်ရေးဆိုပြီး ဂျီဇက်တွေက ကြွေးကြော်လိုက်တော့ ရပ်ကွက်အလိုက် လမ်းအလိုက် သပိတ်စစ်ကြောင်းတွေ စခန်းတွေ ပိုကျစ်လစ်သွားပါတယ်။ လူစိမ်းတွေ တစိမ်းတွေကို အချိန်မရွေး စစ်ဆေးဖို့ကလည်း ပအဖ အဖွဲ့တွေက ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။ အကြမ်းဖက်ပြီး တုန့်ပြန်ခြင်းမလုပ်၊ မိမိကိုယ်ကိုကာကွယ်နိုင်ခွင့်ရှိတယ်ဆိုတာကို လူတိုင်းနားလည်သိရှိလာကြတော့ လူတွေမှာ တွေဝေခြောက်ခြားနေတာ နဲသွားပြီး မိမိရပ်ရွာ နဲ့ မိမိအင်အားကို ပိုပြီး ယုံကြည်ကိုးစားမှု ရှိလာပုံရပါတယ်။
မုံရွာ မတ်လ ၃ ရက်နေ့ စစ်သွေးကြွ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်သတ်လိုက်တဲ့အထဲမှာ ကဗျာဆရာ ၂ ဦး ပါဝင်ပါတယ်။ ကေဇဝင်းနဲ့ ကြည်လင်အေးပါ။ သူတို့ ၂ ဦးအတွက် အခြားသော ကျဆုံးသူ အာဇာနည်များနဲ့ထပ်တူ မိုးမခက ဝမ်းနည်းကြောင်း ဂုဏ်ယူကြောင်း ဒီကနေ မှတ်တမ်းပြုပါတယ်။ စစ်ခေါင်းဆောင်တွေကို တရားမျှတမှု ခုံရုံးမှာ တင်ပြီး စစ်ဆေးအရေးယူရပါမယ်။ စစ်ခေါင်းဆောင်နောက်လိုက် တပ်သားတွေအထိ အားလုံးကို ဖယ်ရှားပြီးတော့ အလုပ်စခန်းတွေမှာ ပြစ်ဒဏ်ကြွေး ဆပ်ခိုင်းရပါမယ်။ သူတို့တွေ ကျူးလွန်သော လူမျိုးတုံး နိုင်ငံတုံး သတ်ဖြတ်မှုတွေအတွက် သူတို့ကို လူထုနဲ့အတူတူ ထားရှိဖို့ မသင့်တော့ပါဘူး။
ရွှေကျင်ဂိုဏ်းက ဆရာတော်တွေက လက်မှတ်ထိုးပြီး စစ်ကောင်စီခေါင်းဆောင်တွေကို အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ မေတ္တာရပ်ခံစာ ထုတ်ပြန်ပါတယ်။ အဲသည်လက်မှတ်ထိုးဆရာတော်စာရင်းထဲမှာ အများက မင်းအောင်လှိုင်ကို အားပေးအားမြှောက်ပြုနေတယ်ဆိုပြီး ဝေဖန်ခြင်းခံနေရတဲ့ သီတဂူဆရာတော်လည်း ပါတာ တွေ့ရပါတယ်။ အများကြည်ညိုပြီး လူရေးလူရာသိပ်ထွက်မပြောတဲ့ ပါချုပ်ဆရာတော်ကြီးလည်း လက်မှတ်ထိုးတဲ့အထဲမှာ ပါပါတယ်။ ယခင်ကတော့ သံဃာမဟနက ခေါင်းဆောင် ဗန်းမော်ဆရာတော်ကြီး၏ မေတ္တာရပ်ခံစာအပြင် အခြားဆရာတော်အစုအဖွဲ့များကလည်း မင်းအောင်လှိုင်တို့ စစ်သွေးကြွစစ်ကောင်စီကို ကန့်ကွက်တဲ့စာတွေ ထွက်လာတာ ရှိပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာ နှစ်ပေါင်း ၇၀ မကတော့ပါဘူး။ ၂၀၀၇ ရွှေဝါရောင်တုန်းကလည်း သံဃာသွေးနဲ့ စစ်တပ်က ခြေဆေးခဲ့ပြီးပါပြီ။ သည်တခေါက်လည်း ဘာသာရေးခေါင်းဆောင်တွေက စစ်အုပ်စုကို တခါတည်း သပိတ်မှောက်ဖို့ လိုနေတာ ထင်ရှားပါတယ်။ စစ်တပ်ကို ထောက်ခံတဲ့ သင်ကန်းဝတ်တွေဆိုတာနဲ့ မတူဘူးဆိုတာကို ထုတ်ပြရမယ့် အချိန်ဖြစ်ပါတယ်။
စစ်တပ်၏ ရဲစခန်း၊ အကျဉ်းစခန်း၊ ထောင်တွေ၊ တရားရုံးတွေမှာ ဖမ်းဆီးခံတွေဘက်ကဆောင်ရွက်ပေးဖို့ တရားရင်ဆိုင်ဖို့ မိဘဆွေမျိုးတွေ ရှေ့နေရှေ့ရပ်တွေ တက်ကြွလှုပ်ရှားသူတွေက အချိန်ပြည့် စောင့်ကြိုနေကြပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ပြုစုကုသပေးဖို့ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေကလည်း ဆေးရုံ ဆေးပေးခန်းတွေမှာ အဆင်သင့်ရှိနေကြပါတယ်။ စစ်တပ်ဟာ အဲသည်နေရာတွေမှာ အကြမ်းဖက်ဖြိုခွင်းလို့ မရတဲ့အခါ လူစုခွဲပစ်တာ၊ ဖမ်းဆီးထားသူတွေကို ရွှေ့ပြောင်းပစ်တာတွေ လုပ်ပါတယ်။ အဲသည်မြင်ကွင်းမှာ မိဘဆွေမျိုးညီအကိုမောင်နှမတွေရဲ့ မျက်နှာတွေဟာ ဝမ်းနည်း ညိူးငယ်လို့ မနေပါဘူး။ ဂုဏ်ယူမှုနဲ့ မခံချင်စိတ်နဲ့ တင်းမာပြတ်သားလို့နေပါတယ်။ သည်မြင်ကွင်းကိုလည်း မှတ်တမ်းပြုအပ်ပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေ သံရုံးတွေ ကုလအဖွဲ့တွေ ကြက်ခြေနီ စတဲ့ အဖွဲ့အစည်းတွေက နေရာတိုင်းမှာ မှတ်တမ်းယူနေတာ လိုက်ပါဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အားနည်းထိခိုက်သူဟာ အထီးကျန် အကာအကွယ်မဲ့ မဖြစ်ဘူးဆိုတာ မြင်ရတာ ဂုဏ်ယူစရပါ။
နိုင်ငံတကာမျက်နှာစာမှာ CRPH က အစွမ်းကုန် လှုံ့ဆော်နေတာကို တွေ့ရပါတယ်။ ဒေါက်တာဆာဆာက ကုလနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီမှာ စစ်သွေးကြွ မင်းအောင်လှိုင်စစ်ကောင်စီ အကြမ်းဖက်လုပ်ရပ်တွေကို အတည်ပြုပေး တင်ပြပေးနေပါတယ်။ ကုလသမဂ္ဂအနေနဲ့ အရေးယူနိုင်အောင်အပြင် နိုင်ငံတကာကလည်း စစ်အုပ်စုကို အသိအမှတ်မပြုဘဲ ပိတ်ဆို့ထားနိုင်အောင် ဆောင်ရွက်နေတာကို တွေ့နေရပါတယ်။ စစ်ရေးအရ ဝင်ရောက်အရေးယူဖို့ မဖြစ်နိုင်ဘူး ဆိုသည်ဖြင့် မှတ်ချက်တွေ ပေးကြသော်လည်း မြန်မာပြည်သူတွေက တညီတညွတ်တည်း စစ်အုပ်စုကို ဆန့်ကျင်ဖယ်ရှားနေတာမို့ ဘာမဆို ဒီအချိန်မှာ အကုန်ဖြစ်နိုင်ပါတယ်။ အခုလို ပြင်းထန်သော သပိတ်တိုက်ပွဲနဲ့ တပြည်လုံးက စစ်တပ်ကို ဆန့်ကျင်တိုက်ပွဲဝင်ကြလိမ့်မယ်လို့ အစတုန်းက ဘယ်သူကများ ထင်ခဲ့ဖူးပါသလဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအသီးသီးကလည်း သည်အချိန်မှာ ဖယ်ဒရယ်ပြည်ထောင်စုကို ငြိမ်းချမ်းစွာ ရယူနိုင်ဖို့ CRPH ၏ လုပ်ကိုင်နိုင်စွမ်း၊ ပြည်သူ၏ အစွမ်းကို အလေးအနက်ပြုဖို့ လိုနေပြီ ဖြစ်ပါတယ်။
မတ်လ ၄ ရက်နေ့ည မြန်မာပြည်သူတွေ အင်တာနက်အပိတ်မခံရခင် သတင်းကောင်းကတော့ အမေရိကန်ပြည်ထောင်စုက ရှင်တန်ဒီစီမြန်မာသံရုံးက ကိုကျော်စွာထွန်း၊ ကိုဇင်ဖုန်းတင့်၊ မကြူကြူမြင့်၊ မစုစုအောင်၊ မသက်ထားမြရည်စံ၊ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၊ မြန်မာသံရုံးမှ ဦးမျိုးထက်ဆန်း၊ ဒေါ်ချောကလျာနှင့် ဒေါ်မြတ်ဇာဇာခိုင် ပြီးတော့ အယ်အေကောင်စစ်ဝန်ရုံးက ပထမ ဒေါ်မြမြကြည်ကဲ့သို့ နောက်တဦး ကိုအောင်ကျော်နိုင် တို့က ပြည်သူများနဲ့အတူ CDM သပိတ်မှာ ပူးပေါင်းရပ်တည်လိုက်ပြီး ဖြစ်ကြောင်း သတင်းတွေ ထုတ်ပြန်လိုက်ကြပါတယ်။ လူသတ်နေတဲ့ စစ်ကောင်စီနဲ့အတူ မရပ်တည်ခြင်းဟာ မြန်မာပြည်သူတွေကို အသက်ကယ်လိုက်ခြင်းပါပဲ။ ဝါရှင်တန်ဒီစီသံရုံးက သံအမတ်ဦးအောင်လင်းရဲ့ရပ်တည်မှုဟာ ယ္ခုအထိပြတ်သားမှုမရှိသေးဘူး။
မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၂ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) မတ် ၄၊ ၂၀၂၁နံနက်ခင်း ၇ နာရီကျော် ၈ နာရီလောက်ကတည်းက ဆန္ဒပြမယ့်သူ လူငယ်တွေ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကော်ခမောက်တွေဆောင်း၊ ကျောပိုးအိတ်နဲ့ တချို့တွေ့ရပြီး သက်ဆိုင်ရာ စုရပ်ကို သွားနေကြတယ်။ လမ်းက ကုန်စုံဆိုင်၊ မုန့်ဆိုင်တွေမှာလည်း ဆန္ဒပြသွားမယ့်လူငယ်တချို့ စားစရာ မုန့်၊ အအေးဗူးတွေ ဝယ်နေကြတယ်။ ဟင်းရွက် ၊ သားငါး စျေးမှာတော့ စျေးဆိုင်တချို့မထွက်ကြ၊ ထွက်တဲ့သူတွေလည်း ပစ္စည်းကုန်အောင် ခပ်သွက်သွက်ရောင်းနေကြ၊ ဝယ်သူတွေလည်း ခပ်သုတ်သုတ်ဝယ်ပြီး ပြန်ကြတာတွေ့ရတယ်။

ထွေးတြာနန္ဒီ (ဆွစ်ဇာလန်၊ မြန်မာယူအန်ရုံး၊ ပထမအတွင်းဝန်) လည်း CDM သပိတ်မှာ ပူးပေါင်းလိုက်တယ်လို့ အခုပဲ တွေ့ရပြန်ပါတယ်။
မြန်မာပြည်တွင်းက Civil society အဖွဲ့ပေါင်း ၁၂၀ က သူတို့၏ ထောက်ပံ့သူအဖွဲ့အစည်းများနဲ့ World Bank, IMF, ADB စတဲ့ ငွေကြေး ချေးသူ၊ ထောက်ပံ့သူတွေကို တောင်းဆိုလိုက်တာကတော့ စစ်ကောင်စီကို တိုက်ရိုက်ပေးတဲ့ ကူငွေ ချေးငွေတွေ ရပ်ဆိုင်းထားဖို့၊ အခြား သွယ်ဝိုက်ပေးငွေများ (အခြားပြည်တွင်းအဖွဲ့အစည်းများထံ) ((loan. Grant) တွေကိုလည်း ရပ်ဆိုင်းဖို့၊ CRPH နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ တိုင်းရင်းသားများ၊ ကိုယ်စားပြုသူများ ပြန်လည်ညှိနှိုင်းဆွေးနွေးပြီးမှ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။ အဲသည်ကူငွေ ချေးငွေတွေဟာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ ကျော်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီလက်ထဲရောက်သွားရင် စစ်တပ်က လူထုကို ဖိနှိပ်ဖို့ ပိုပြီး အားကောင်းသွားမယ်လို့ ထောက်ပြထားပါတယ်။ လက်ရှိ CRPH က ဘဏ္ဍာရေးနဲ့ စီမံကိန်းဝန်ကြီး ခန့်ထားပြီးပြီဆိုတော့ သူတို့တွေအတွက် လုပ်စရာတွေ ရှိလာမယ် မျော်လင့်ပါတယ်။