သွေး(စစ်ကိုင်း) - မကြွေတဲ့ကြယ်

Photo from Nyi Zay FB

သွေး(စစ်ကိုင်း) - မကြွေတဲ့ကြယ်
(မိုးမခ) မတ် ၅၊ ၂၀၂၁ကြယ်တွေကြွေတယ်ဆိုပေမဲ့
ဒီရဲရင့်တဲ့ကြယ်ဟာမကြွေဘူး
သူ့အသက်နဲ့ရင်းပြီး
တရားမျှတမှုကိုဆုပ်ကိုင်ခဲ့တယ်
သူဟာ
ကဗျာဆရာတယောက်
ပရဟိတကျောင်းဆရာတယောက်
တက်ကြွတဲ့လူငယ်တယောက်
သူအိပ်စက်ရာသူ့အခေါင်းပေါ်မှာ
ခွပ်ဒေါင်းအလံကလွှမ်းခြုံလို့
ရဲဘော်ကေဇဝင်းရေ
ဘယ်တော့မှမကြွေတဲ့ကြယ်တပွင့်ဟာ
ငါတို့အားလုံးရဲ့နှလုံးသားထဲမှာ
အမြဲလင်းလက်နေတော့မှာ။ ။