Breaking News

မောင်မှိုင်းလွင်(အင်းဝ) - တပေါင်း

Photo- Google.com
တပေါင်း
မောင်မှိုင်းလွင်(အင်းဝ)
(မိုးမခ) မတ် ၂၉၊ ၂၀၂၁


လပြည့်လ ကို
ည မထွက်ရအောင်
ကာဖျူးမိန့်က မစွမ်းသာ။

"၁၄၄" ကို ဖီဆန်
အာခံရဲတဲ့ သရဖီ
ငါးပွင့်မက ငါးရာ ငါးထောင်
ဂုဏ်ပြောင်လိုက်ပါဘိ။

ဧည့်စာရင်း အလိုမရှိ
တပေါင်းတိုက်ပွဲမှာ
ကံ့ကော် ရဲရဲပွင့်ကြပြီ။

ပိတောက်ကလည်း
အဲဒီ သင်္ကြန်ကို
CDM ကြလိမ့်ဦးမယ်။

လပြည့်ဝန်း မှာ
သွေးစွန်းပြန်ပေါ့ တပေါင်းရေ...။

သမိုင်းထဲက ငါတို့တပေါင်း
ပြည်သူ့ကောင်းကျိုး ဆောင်ဦးစို့။      ။

၂ ၈ . ၃ . ၂ ၀ ၂ ၁