Breaking News

ကိုအောင်မှိုင်း - ရာဇဝင်ကြွေး



ကိုအောင်မှိုင်း - ရာဇဝင်ကြွေး
(MoeMaKa) 1st April 2021

ကျမသမီးလေး
သေသွားခဲ့ပေမဲ့
ဒီတိုက်ပွဲကိုတော့
နိုင်အောင်တိုက်ပေးကြပါတဲ့။

ကျနော့်သားလေး
သေသွားခဲ့ပေမဲ့
ဒီတိုက်ပွဲကိုတော့
နိုင်အောင်တိုက်ပေးကြပါတဲ့။

သားဆုံးသမီးဆုံး
အရှုံးဆုံးဆိုသူတွေ
အဖေအမေတွေရဲ့
သုသန်တစပြင်က မှာတမ်းတွေဟာ
ရာဇဝင်တွင်မဲ့ စာကြည့်တိုက်ကြီးပါဘဲ။

ဆင်ခြင်တုံမဲ့
သတ်ဖြတ်နေကြတယ်
ဆင်ခြင်တုံမဲ့
မီးရှို့နေကြတယ်
ဆင်ခြင်တုံမဲ့
ဖျက်ဆီးနေကြတယ်
ဆင်ခြင်တုံမဲ့
အိမ်ထဲကလေးတွေကို ပစ်သတ်နေကြတယ်။

ဆင်ခြင်တုံမသိ သင်ရိုးမရှိ
ကျေးဇူးမသိ ဓါးဘဲသိတဲ့
လူ့အန္တတွေအတွက်တော့
အသက်ပေါင်းများစွာကို
စိတ်ပါလက်ပါ သတ်ဖြတ်နေကြတာ
ကမ္ဘာကြိးတောင် ကြက်သီးထသွားခဲ့တယ်။

ဗိုလ်အောင်ဆန်းစစ်တပ်လဲမလိုချင်ဘူး
ဗိုလ်နေဝင်းစစ်တပ်လဲမလိုချင်ဘူး
လူထုကိုသတ်တဲ့ ဘယ်စစ်တပ်မှမလိုချင်ဘူး
ဒီလိုစစ်တပ်မျိူးတွေကို ဖျက်သိမ်းလိုက်ပါတော့။

သားဆုံးသမီးဆုံး ဘဝဆုံးခဲ့ကြတဲ့
အမေတွေအဖေတွေက တိုင်တည်ကြတယ်။
အာဇာနည်အဖြစ် မော်ကွန်းထိုးဘို့
လူငယ်တွေက တန်းစီနေကြတယ်။

တတိုင်းပြည်လုံးက အံတင်းတင်းကြိတ်ရင်း
မျက်ရည်တွေနဲ့ တောက်ခေါက်နေကြတယ်။
တပေါင်းလေရူး နွေဥိးမှာဝေဘို့
တန်းတူညီမ ျှ လွတ်လပ်ကြဘို့
ရောင်သွေးစုံလင် အလှဆင်နိုင်ဘို့
တော်လှန်အာခံ အားမန်တွေဝင့်လို့
ရာဇဝင်ကြွေး သွေးနဲ့ရေးမှဖြစ်တော့မယ်။


ကိုအောင်မှိုင်း
ဧပြီလ ၁ရက် ၂၀၂၁ခုနှစ်။

#MoeMaKaMedia

#WhatsHappeningInMyanmar