Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ညလွမ်းအိမ်၊ ဝါကျဖြူ


မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဧပြီ ၁၇၊ ၂၀၂၁

ငါတို့လက်ခုပ်သံ
ညလွမ်းအိမ်

ကြွေးကြော်သံတွေအတွက် ငါတို့ရဲ့လက်သီးဆုပ်တွေ
ဆန့်ကျင်ဖို့အတွက် ငါတို့ရဲ့လက်သုံးချောင်းတွေ
အားပေးဖို့အတွက်တော့ ငါတို့ရဲ့လက်ခုပ်သံတွေကို မိုးပျံပူဖေါင်းလို လွှင့်တင်ရတာပဲ။

လက်ခုပ်သံဟာ နွေဦးတော်လှန်ရေးအတွက်
လက်ခုပ်သံဟာ တိုက်ပွဲဝင်နေတဲ့ Gen Zတွေအတွက်
လက်ခုပ်သံဟာ တိုင်းရင်းသားတော်လှန်ရေးတပ်တွေအတွက်
လက်ခုပ်သံဟာ ငါတို့ရဲ့လွတ်မြောက်ခြင်းသင်္ကေတ။

လက်ခုပ်သံက ဒီကနေ့ မီးရှို့ပစ်တဲ့အလံ
လက်ခုပ်သံက ပိတောက်သပိတ်ကို ကစေတဲ့ အသံ
လက်ခုပ်သံက လက်ဖျံကနိုင်ငံတော်တက်တူးကို ဖျက်ပေမဲ့ ဘယ်တော့မှမပျက်တဲ့ အမှတ်အသား
လက်ခုပ်သံက မျက်ရည်နီနီနဲ့ ပါးစပ်ကိုပိတ်အုပ်ထားတဲ့ လက်ဖဝါးတစ်ဖက်
အဲဒီလက်ဖဝါးတွေကို ရိုက်ချိုးမယ့် ငါတို့လက်ခုပ်သံတွေဟာ
ပိုပိုညံတယ်
ပိုပိုမြန်တယ်
လက်ခုပ်သံကြောင့် ငါကိုယ်တိုင်လည်းအားရှိရတယ်
ငါတို့ပြည်သူတွေလည်း အားဖြစ်ရတယ်။

လက်ခုပ်တီးတယ်
လက်ခုပ်တီးတယ်
လက်ခုပ်တီးတယ်
လက်ခုပ်သံကနေ လက်သုံးချောင်း
လက်သီးကိုဆုတ်ပစ်လိုက်တာနဲ့ အရေးတော်ပုံ အောင်ရမည်
ငါတို့လက္ထဲမွာ ငါတို့ကမ္ဘာ ငါတို့အသံ
ငါတို့လက်ခုပ်သံနဲ့
ငါတို့ရဲ့လက်ခုပ်သံနဲ့
ငါတို့ရဲ့မြန်မာပြည်မြေပုံလေးကို ပြန်ဆက်ကြမယ်။

5.4.2021
...

အမည်နာမတစ်လုံးပေါ်က ပုရွက်ဆိတ်များ
ဝါကျဖြူ

ငါတို့အေးခဲသွားခဲ့ကြတာ ဘယ်လောက်ကြာပြီလဲ
ဖေဖော်ဝါရီလကစပြီး ငါတို့ဖြစ်တည်မှုအားလုံးကို
အရိုးအရင်းမကျန် စုတ်မြိုချပစ်ခဲ့တယ်
တနင်္လာနေ့ 
ကျည်ပိုင်ရှင်ကနာမည်တစ်ခုဖြစ်ပြီး 
နှလုံးသားကိုဖောက်ဝင်လာတယ်
သံချေးတက်နေတဲ့တံတွေးခွက်တွေက
ငါတို့နေထိုင်တဲ့မြို့လေးနဲ့တူနေတယ်
အိမ်ထဲမှာပုန်းနေရတဲ့ဆူးလေလမ်းမကြီးလိုလမ်းတွေနဲ့
ငါတို့ဟာ ပုရွက်ဆိတ်တွေတရွရွတက်နေတဲ့စိတ်နဲ့
မသမာမှုတွေကို ကိုက်ဖြတ်လိုက်ကြဟေ့ ..။ 

၁၇. ၄. ၂၀၂၁
----

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar