Breaking News

ကိုအောင်မှိုင်း - အနာဂတ် ကဗျာသင်ရိုး



ကိုအောင်မှိုင်း - အနာဂတ် ကဗျာသင်ရိုး

(မိုးမခ)ဧပြီ ၃၀၊ ၂၀၂၁ 

ဒီနေ့
ကဗျာတွေကိုကြိုက်တယ်
ပြတ်သားတဲ့စိတ်ဓါတ်
ပြတ်သားတဲ့လုပ်ရပ်ကို
တိုက်ပွဲတွေကြားက
သူတို့
ရှင်းရှင်းမြင်ပြီး
ရှင်းရှင်းတွေးကြ
ရှင်းရှင်းရေးကြတယ်။

မိုလိုတော့ပစ်ကြတယ်
လေသေနတ်နဲ့ခုခံကြတယ်
ဒိုင်းကာအဖွဲ့ဝင်တွေဖြစ်တယ်
မီးခိုးတွေလွှင့်ထုတ်ကြတယ်
ခုခံနိုင်တာနဲ့ခုခံတယ်
အဓမ္မကိုဓမ္မနဲ့ခုခံကြတယ်
အနိုင်ရအောင်တိုက်နေတဲ့ပွဲဘဲ။

တိုက်ပွဲအသံတွေမို့
အားအားအပြည့်ရှိတယ်
တန်ဆာဆင်စရာမလိုဘူး
သူတို့
ဘဝရယ်
လက်တွေ့ရယ်
ရည်မှန်းချက်ရယ်
အားလုံးဟာတိုက်ပွဲဖြစ်သလို
အားလုံးဟာ စွန့်လွှတ်မှုတွေဖြစ်တယ်။

ကနေ့
တိုက်ပွဲဝင်ကဗျာတွေဟာ
နိုင်ငံတော်သစ်မှာ
ကဗျာပြဋ္ဌာန်းးချက်
အသစ်တွေဖြစ်လာလိမ့်မယ်
သူတို့
မျိူးဆက်သစ်တွေအတွက်
တန်ဘိုးကြီးကြီးတွေပေးခဲ့တယ်
ဘဝတွေရယ် အသက်တွေရယ်ဟာ
ကဗျာပေါင်းများစွာရယ်ပေါ့။

အနာဂါတ်အတွက်တော့
ဗားတော့ဗရက်ထက်ကောင်းတဲ့
အနာဂါတ်ကဗျာတွေဟာ
မြန်မာ့နိုင်ငံတော်သစ်မှာ
ခုခံစစ်ကြီးရဲ့ သင်ရိုးသစ်တွေဘဲပေါ့။

ကိုအောင်မှိုင်း
ဧပြီလ ၂၉ ရက် ၂၀၂၁ခုနှစ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar