မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - နေလင်း
နွေဦးသစ္စာ
နေလင်း
(မိုးမခ) ဧပြီ ၂၄၊ ၂၀၂၁
မဲပေးခွင့်မရခဲ့သူ
ဆယ့်ရှစ်နှစ်အောက်ကနေ
အသက် (zero) ထိ
မိရိပ်ဖရိပ်ကိုခံစားစနစ်အရိပ်ကိုသိတယ်
မျိုးဆက်(z)
ကိုယ်တိုင်ခံစားခဲ့ရတဲ့
အရူးဗုံမြှောက်ခေတ်ကိုရိုးအီသွေးစွန်းခဲ့ပြီ
ထိရှနာကျင်ရပေါင်းများပြီ
အခဲမကျေမှုပေါင်းများပြီ
ခွေးရူးလွတ်နေတဲ့လမ်းပေါ်တွင်
ကျွန်တော်တို့ကျရှုံးခြင်းကာကွယ်ဆေးထိုးခဲ့သည်
မျိုးဆက်(y)
နောက်ဆုံးနေ့ရက်တွေပါ
တာဝန်ကျေခဲ့ချင်တယ်
သားသမီးတွေနဲ့
မြေးမြစ်တွေနဲ့ရင်ဆိုင်မယ်တဲ့
မျိုးဆက်(x)
ရန်သူက
ငါတို့အားလုံးကို
တစ်မြို့နယ်ချင်းဖြေရှင်းမယ်တဲ့
နယ်မြေတစ်ခုချင်းအညွန့်ချိုးမယ်တဲ့
သတိကိုကိုယ်နဲ့မြဲကြ
သစ်ရွက်လိုကြွေနေရအောင်
နိုင်ငံတော်သည်သစ်ပင်မဟုတ်ဘူး
နွေဦး.....
ပုရစ်ဖူးလေးတွေအချိုးခံရတာအသဲနာတယ်
"ဟေ့ကောင်
ခွေးမျိုးဆက် ရဲဘော်စစ်သားတွေ
ထမင်းထုပ်ပေးဖူးတဲ့လက်ကို
လက်နက်နဲ့
အသက်ယူပြတဲ့လူစွမ်းကောင်းကြီးတို့ရေ
မင်းတို့ကိုးကွယ်နေမှုမှာမင်းတို့အတွက်
မင်းအောင်လှိုင်ဆိုတဲ့ကောင်က
ဘုရားအစစ်လား
မေတ္တာတရားနဲ့ကမ္ဘာကြီးမှာ
ဘယ်သူတွေဘုရားသားတော်ဖြစ်ကြောင်းပြမယ်
ဘာသာစည်းမခြားညီစေ။ ။ ။
နေလင်း
---
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar