စစ်ကောင်စီ၏ ၅၀၅ ပုဒ်မနဲ့တကွ မတရားအမှုစွဲဆိုခြင်းများ ချက်ချင်း ရပ်
စစ်ကောင်စီ၏ ၅၀၅ ပုဒ်မနဲ့တကွ မတရားအမှုစွဲဆိုခြင်းများ ချက်ချင်း ရပ်
(မိုးမခ) ဧပြီ ၁၄၊ ၂၀၂၁ဖေဖော်ဝါရီ ၁၊ စစ်ကောင်စီ နိုင်ငံတော်အာဏာကို မတရားရယူပြီးနောက် အကြမ်းဖက်အုပ်ချုပ်မှုအောက်မှာ လူ ၇၀၀ ကျော် အသတ်ခံရ၊ လူ ၃၀၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။ ပုဒ်မ ၅၀၅ အပါအဝင် အခြားပုဒ်ထီးပုဒ်မများနဲ့ မတရားအမှုစွဲခြင်း၊ ဖမ်း၀ရမ်းထုတ်ပြန်ခြင်း အနည်းဆုံး လူ ၂၀၀ နဲ့ ၇၀၀ အထိ ရှိတယ်လို့ သတင်းအစီရင်ခံစာများမှာ ထုတ်ပြန်ထားပါတယ်။
ပုဒ်မ ၅၀၅ အပါအဝင် အခြား မတရားအမှုစွဲဆိုခြင်းများ ဖမ်းဆီးခြင်း ၀ရမ်းထုတ်ခြင်းများကို မိုးမခအနေနဲ့ ကန့်ကွက် ရှုတ်ချပါတယ်။ ချက်ချင်းရပ်တန့်ရန် တောင်းဆိုပါတယ်။ အဆိုပါ မတရာစွပ်စွဲခံရသူများ အားလုံးဟာ မိမိတို့ နိုင်ငံသားတိုင်း မွေးရာပါအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဖော်ခွင့်ကို ကျင့်သုံးခြင်းဖြစ်တဲ့အတွက် သူတို့မှာ လုံး၀အပြစ်မရှိကြောင်း ငြင်းဆိုအပ်ပါတယ်။ အခုလို မတရားမှုကို ကျုးလွန်နေတဲ့ စစ်ကောင်စီအာဏာသိမ်းအဖွဲ့မှာသာ ရာဇဝတ်မှု မြောက်ပါတယ်။ ယခုအောက်မှ ဖော်ပြထားတဲ့ စာရင်းနဲ့တကွ အခြား စစ်ကောင်စီထုတ်ပြန်ထားတဲ့ မတရားအမှုစွဲဆို ဖမ်းဆီးထားခြင်းများ ၀ရမ်းထုတ်ခြင်း ခံရသူများအားလုံး အပြစ်မရှိကြောင်းနဲ့ မြန်မာပြည်သူလူထုက မြန်မာပြည်သားချင်း ကူညီ ကာကွယ် စောင့် ရှောက်ပေးကြပါရန် မိုးမခစာနယ်ဇင်းက လေးစားစွာ အဆိုပြုပါတယ်။ စစ်ကောင်စီ၏ အလွန်သဘောထား သေးသိမ် နုံဖျင်းတဲ့ အဓမ္မမှုအဖြစ် မိမိတို့က ကန့်ကွက်ရှုတ်ချပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar