တာပလု - ဆင်သေတောထဲက လှိုဏ်ဂူကုန်း
တာပလု - ဆင်သေတောထဲက လှိုဏ်ဂူကုန်း
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၂၆
ရွာနဲ့ မလှမ်းမကမ်းမှာ ‘လှိုဏ်ဂူကုန်း’ ဆိုတာ ရှိတယ်။ ခုချိန်ကျမှသာ မလှမ်းမကမ်းလို့ ပြောလို့ရတာပါ။ အရင်ကဆိုရင် ဒီနေရာကိုလာဖို့ ထမင်းထုပ်နဲ့ လာခဲ့ရတာလို့ လူကြီးတွေ ပြောလေ့ရှိတယ်။ ခရီးဝေးလွန်းလို့တော့ မဟုတ်ဘူး၊ တောက သိပ်ထူတာကိုး။
လမ်းမပေါက်သေးတဲ့ တောအုပ်ကြီးထဲ လမ်းရှင်းရင်း ခရီးဆက်ရတာဆိုတော့ အချိန် တော်တော် ကြာတာကို ပြောတာပါ။ ဒီနေရာကို ရောက်ဖို့ဆို ထမင်းတစ်ထုပ်နဲ့ ဓားတစ်ချောင်း မဖြစ်မနေ ပါမှ ဖြစ်တာ။ အခုတော့ ရွာနဲ့ လှိုဏ်ဂူကုန်းဆိုတာ နာရီပိုင်းအတွင်း သွားလို့လာလို့ ရနေပြီပေါ့။
အဖေက လှိုဏ်ဂူကုန်းက မြေကွက်ကို ဝယ်လိုက်တော့ ဒီနေရာမှာ ပထမဆုံး ခြေချနေထိုင်တဲ့ မိသားစုဟာ ကျနော်တို့ မိသားစုပဲ ဖြစ်လာခဲ့တာပေါ့။ အဲဒီတုန်းက ကျနော်တို့ ညီအစ်ကို အကြီးနှစ်ယောက်ပဲ ရှိပါသေးတယ်။
တော်ရုံလူကတော့ ဒီဂူကုန်းမှာ လာမနေရဲကြဘူး။ တောလည်း ကြမ်းသလို၊ တချိန်က ကရင်သူပုန်တွေ စခန်းချသွားတဲ့ နာမည်ကြီး အထင်ကရနေရာ ဖြစ်နေလို့လည်း ပါမှာပေါ့။ ကျနော်တို့ မိသားစုကတော့ အဲဒီနေရာမှာ အကြာကြီးကို နေဖြစ်ခဲ့ကြတာပါ။
ဒါဟာ အဖေ့ရဲ့ မိသားစု စီမံကိန်းတွေထဲက ကနဦး အစပြုခဲ့တဲ့ နေရာလို့လည်း ပြောလို့ရပါတယ်။ ဒီကို ရောက်လာတော့ ကျနော်က လမ်းလျှောက်တတ်စ၊ ပြေးလွှားဆော့ကစားတတ်စ အရွယ်ပဲ ရှိသေးတယ်။ အဖေက လေးတိုင်စင် တဲလေးတစ်လုံး ဆောက်ပြီး အဲဒီပေါ်မှာပဲ ကျနော်တို့ မိသားစု အကြာကြီး နေခဲ့ကြတာ။ တဲထိုးထားတဲ့နေရာနဲ့ လှိုဏ်ဂူအဝဟာ ပေ ၂၀ ပတ်လည်လောက်ပဲ ဝေးတာပါ။
ဒီမြေကွက်ထဲကနေ စစ်ကျန်လက်နက် အပိုင်းအစတချို့ တူးဖော်တွေ့တာမျိုးတွေ ရှိခဲ့ဖူးတယ်။ လက်နက်ကြီးကျည်လို အရာတွေ တွေ့ရင်တော့ သက်ဆိုင်ရာဆီ အပ်လိုက်ရတာပေါ့။ ကလေးငယ်နှစ်ယောက်နဲ့ မိသားစုဟာ စစ်ကျန်လက်နက်တွေ ရှိနေတဲ့ တပ်စခန်းဟောင်းမှာ လာနေကြတယ်ဆိုတာ တော်ရုံသတ္တိတော့ မဟုတ်ဘူး။ သို့မဟုတ်လည်း ဒါတွေက အသက်အန္တရာယ် ပေးနိုင်တယ်ဆိုတာကို အဖေတို့လည်း သေချာ မသိခဲ့လို့ ဖြစ်ပါလိမ့်မယ်။ ကံကောင်းလို့ ပေါက်ကွဲစေတတ်တဲ့ အရာတွေ မကျန်ခဲ့လို့ သက်သာသွားရတာပါ။
ကလေးတွေ ပြေးလွှားဆော့ရင်း အရှိန်လွန်ပြီး ဂူထဲ ကျသွားမှာစိုးလို့ အဖေက လှိုဏ်ဂူအဝထဲ အမှိုက်တွေ၊ ခုတ်ထစ်ထားတဲ့ ငှက်ပျောပင်တွေကို ပစ်ချပြီး အဝပိတ်အောင် လုပ်ရတယ်။
ဂူအဝ အထိုက်အလျောက် ပိတ်သွားဖို့တင် ၂ နှစ်၊ ၃ နှစ်မက ကြာခဲ့တာပါ။ မြေပြင်နဲ့ တပြေးညီ ဖြစ်သွားတဲ့အထိ နောက်ထပ် ဘယ်နှနှစ်လောက် အမှိုက်တွေ၊ မြေတွေ ဖို့ခဲ့ရမှန်းတောင် မမှတ်မိတော့ပါဘူး။
ငယ်ငယ်က ကျနော် အသံမြည်တဲ့ လက်တွန်းလှည်းလေး တွန်းပြီး ပြေးဆော့ရတာ ကြိုက်တယ်။ ဘီးနှစ်ဘီးပါတဲ့ လက်ကိုင်အရှည် လက်တွန်းလှည်းလေးပါ။ ဘီးရဲ့ ဝင်ရိုးအလယ်မှာ ဒလက်တစ်ခု ထားပြီး အပေါ်မှာ နို့ဆီဘူးခွက် တပ်ထားတာ။ လှည်းဘီး တပတ်လည်ရင် ဒလက်က နို့ဆီဘူးကို သွားရိုက်တော့ မြန်မြန်တွန်းလေ အသံက အဆက်မပြတ် ထွက်လေပဲ။ အဝေးကနားထောင်ရင် ကလေးတစ်ယောက် ကစားနေပြီဆိုတာ အလိုလို သိနိုင်တဲ့အသံပေါ့။
လှိုဏ်ဂူအဝ နားမှာ အဲဒီလှည်းလေး တွန်းပြီး ဆော့နေရင် အဝေးကနေ အလုပ်လုပ်နေတဲ့ အမေက လှမ်းဟန့်ရတယ်။ ဂူအဝနားမှာ မဆော့နဲ့၊ တခြားနေရာ သွားဆော့ဆိုပြီးတော့ပေါ့။ ဒီလှိုဏ်ဂူအဝဘေးမှာပဲ ကျနော်တို့ မူလတန်းကျောင်းတက်တဲ့ အရွယ်ထိ နေသွားခဲ့ကြတာပါ။ အရပ်ထဲကလူတွေ ရောက်လာရင် “သရဲမကြောက်ကြဘူးလား” လို့ မေးတတ်ကြတယ်။ ကျနော်တို့ကလည်း သရဲဆိုတာ ဘာမှန်းမသိတော့ ကြောက်တယ်လည်း မပြော၊ မကြောက်ဘူးလည်း မပြောခဲ့ပါဘူး။
ကျနော်တို့ဒေသ ‘ဆင်သေတော’ လို့ ခေါ်တဲ့နေရာမှာ ‘၉ ကုန်း ၉ ရိုး’ ဆိုတာ ရှိတယ်။ မိုးရာသီမှာ ရေမမြုပ်ဘဲ ကုန်းပေါ်နေတဲ့ ကုန်းမြေ ၉ ခုနဲ့ အပြိုင်ရှိနေတဲ့ ရိုးချောင်း ၉ ခုကို ပြောတာပါ။ ကုန်းမြေတွေမှာ တောင်သူတွေ စိုက်ပျိုးရေး လုပ်ကြပြီး လိုအပ်တဲ့ရေကို ရိုးချောင်းတွေဆီက အလွယ်တကူ ရတာမို့ စိုက်ပျိုးရေးလုပ်မယ့်သူတွေအတွက် ရေကန်အသင့် ကြာအသင့် အရပ်ပေါ့။ အဲဒီ ကုန်း ၉ ခုထဲမှာ လှိုဏ်ဂူကုန်းလည်း အပါအဝင်ပါပဲ။
ဆင်သေရိုး၊ ငါးကျော်ရိုး၊ ဘုန်းကြီးရိုး၊ မကြမ်းရိုး စတဲ့ ရိုးချောင်းနာမည်တွေ ရှိသလို ဆင်သေကုန်း၊ ဦးဘာစကွမ်းကုန်း၊ လှိုဏ်ဂူကုန်း ဆိုပြီး ခေတ်ကာလအလိုက် လူပုဂ္ဂိုလ်တွေကို အစွဲပြု ခေါ်တာတွေလည်း ရှိလာခဲ့တယ်။ လှိုဏ်ဂူကုန်းဘေးမှာတော့ မကြမ်းရိုး ဆိုတာ ရှိတယ်။
ကရင့်တော်လှန်ရေးတပ်တွေ စခန်းချခဲ့ရင်း တပ်စခန်းတစ်ခုနဲ့တစ်ခု အကူးအပြောင်းလုပ်ဖို့ ဂူတူးခဲ့ကြတာမို့ ဒီနေရာကို ‘လှိုဏ်ဂူကုန်း’ လို့ အခေါ်တွင်လာခဲ့တာပါ။
လူကြီးတွေ ပြောပြချက်အရ ဂူထဲ ဆင်းကြည့်ဖူးသူတွေ ရှိခဲ့တယ်တဲ့။ ဂူအရှည် ဘယ်လောက်ရှိမှန်း စူးစမ်းဖူးသူရဲ့ တဆင့်စကားအရ ဂူရဲ့အရှည်ဟာ တနာရီမက သွားရတဲ့ ခရီးလမ်းတစ်ခုပါပဲတဲ့။ အပြင်မှာ လေငြိမ်တဲ့အချိန် တနာရီကြာ အထွန်းခံတဲ့ ဖယောင်းတိုင် တစ်တိုင်ကို ကိုင်ပြီး ဂူထဲ သွားကြည့်တာ နာရီတိုင် ကုန်တဲ့အထိ ဂူလမ်းကြောင်းက မဆုံးသေးဘူးလို့ ဆိုကြတယ်။
လှိုဏ်ဂူကုန်းနဲ့ ပတ်သက်ပြီး ပြောလေ့ရှိတဲ့ သမိုင်းဆိုးတစ်ခုလည်း ရှိသေးတယ်။ ဂူအဝနားမှာ ဗိုလ်ကြီးဖန်းရှောင်း ဆိုသူ အသတ်ခံခဲ့ရတာပါ။ ‘ဖန်းရှောင်း’ ဆိုတဲ့ နာမည်ကို မကြာခဏ ကြားဖူးခဲ့ပေမဲ့ နာမည်တူတွေပဲ ဖြစ်မှာပါလို့ တွေးမိပါတယ်။ ဒီလှိုင်ဂူကုန်းမှာ မထင်မရှား သေဆုံးခဲ့ရသူကို အမှတ်ထားမိကြမယ်လို့ မထင်မိဘူး။
ဗိုလ်ကြီးဖန်းရှောင်းကို ဂူအဝနားက သစ်ပင်မှာ ကြိုးတုပ်ပြီး သတ်လိုက်ကြတာလို့ ဆိုတယ်။ လျှို့ဝှက်ထားရမယ့် စခန်းနေရာကို စစ်တပ်က သိသွားအောင် လုပ်ခဲ့လို့ အပြစ်ဒဏ် ပေးခံရတာတဲ့။ အဲဒီသတင်းစကားကို လူကြီးတွေက စကားစပ်မိတိုင်း မျိုးဆက်နှစ်ဆက်၊ သုံးဆက်မက ပြောပြခဲ့ကြတာပါ။
သူဟာ စခန်းချထားသူတွေထဲမှာ အထင်ကရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သလို၊ စစ်တပ်နဲ့တွေ့ရင် တယောက်တည်းနဲ့ တပ်ရင်းတစ်လုံး ပြုတ်အောင် တိုက်နိုင်တဲ့ တိုက်ရည်ခိုက်ရည်ကောင်းသူလို့ ပြောကြတယ်။ စကားအဆုံးသတ်မှာတော့ သူ့ကို "သစ္စာဖောက်" ဆိုပြီး ခေါင်းစဉ်တပ်ကြတာပေါ့။ သူ့ဆီက သတင်းပေါက်လို့ စစ်တပ်က တပ်စခန်းကို သိသွားတာလို့ ဆိုကြသလို၊ တချို့ကလည်း အချင်းချင်း ကွဲအောင် သပ်လျှိုခံရတာလို့ ပြောကြတာတွေလည်း ရှိပါတယ်။
ဒီနေ့အချိန်အထိ လှိုဏ်ဂူကုန်းဆိုတာ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ ဂူအဝ ဘယ်နားမှာ ရှိခဲ့တာလဲလို့ မေးရင်တော့ အတိအကျ ပြနိုင်ဖို့ ခက်သွားပါပြီ။ အဖေဖို့ခဲ့တဲ့ မြေတွေကြောင့် ဂူအဝ ပိတ်သွားပြီး မြေပြင်နဲ့ တညီတည်း ဖြစ်သွားခဲ့ပြီကိုး။ လှိုင်ဂူကုန်းပေါ်က စိုက်ပျိုးမြေကွက်တွေလည်း ပိုင်ရှင်အဆင့်ဆင့် ပြောင်းသွားခဲ့ပေမဲ့ ဒီနေ့အထိတော့ စိုက်ပျိုးရေးအလုပ်ကို လုပ်ကိုင်နေကြတုန်းပါပဲ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar