Breaking News

မောင်စွမ်းရည် - နွေဦးတော်လှန်ရေး

Sitt Nyein Aye


မောင်စွမ်းရည် - နွေဦးတော်လှန်ရေး

(မိုးမခ) မေ ၂၆၊ ၂၀၂၁

နွေဦး
လေဖြူး
နေခြည်မြူးချိန်။

အေးစက်ခြောက်သွေ့
ဆောင်းဓလေ့ကို
နွေငွေ့နှင်မှုတ်
တွန်းထုတ်ဖီဆန်
တော်လှန်လိုက်ချိန်။

ရွက်ဟောင်းကိုခြွေ
ရွက်သစ်ဝေ၍
နွေဦးကိုဖွင့် ပန်းတိုင်းပွင့်ချိန်။

ရဲဘော်ဥဩ
တောလုံးကိုလှုပ်၊ ခရာတုတ်ချိန်။

ဖက်ဆစ်ဂျပန်
နယ်ချဲ့ရန်ကို
တွန်းလှန်လိုက်ချိန်၊ တော်လှန်ချိန်။

နွေဦး၏တေး၊ တော်လှန်တေးကို
သီကြွေးဆင့်ခေါ်၊ ဒို့ကြွေးကြော်အံ့-
နွေဦးတော်လှန်ရေး အောင်ရမည်။

မောင်စွမ်းရည်
၂၃-မေ-၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar