Breaking News

မြန်မာနွေဦးတော်လှန်ရေးကဗျာများ - မြင့်အောင်သန့်၊ ချမ်းမြ

Art - Than Htay Maung
မြန်မာနွေဦးတော်လှန်ရေးကဗျာများ
မိုးမခ 
ဇူလိုင် ၂၃၊ ၂၀၂၁

သူပုန်ကောင်းကင် 
မြင့်အောင်သန့်

 စစ်အာဏာရူးကိုအံတု
 ပြည်သူလူထုနဲ့
 တသွေးထဲ တသားထဲရပ်တည်
မတရားမှုကို လက်တုံ့ပြန်ရမှကျေနပ်
ကိုယ်ကျင့်တရားကိုတန်ဖိုးထားတတ်သူကြီး
နင့်ကိုသူတို့
စောင့်ကြိုနေမှာပါ။

- ၇၊ ၂၁၊ ၂၀၂၁ တွင်ကွယ်လွန်သွားသော ချစ်သူငယ်ချင်း 
အမွန်(အေးအေးမွန်) အထက သုဝဏ္ဏအတွက် ...

-

ငါတို့မျိုးဆက်
ချမ်းမြ

ခေတ်ကိုပေါင်းကြည့်မယ်လုပ်မှ
ပြည်တန်ဆာ အိမ်က ဖာခေါင်းမှန်းသိတယ် 

တရားမျှတခြင်းဘက်က 
ဘယ်ဘုရားမှ မပါတဲ့တိုက်ပွဲမှာ 

အနာဂတ်ဟာ ...
အောက်ဆီဂျင်ဖြတ်ချခံလိုက်ရပြီး
အိပ်မက်တွေဟာ ...
သားဆက်ခြားဆေး ထိုးခံလိုက်ရတယ် 


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar