Breaking News

ကိုသန်းလွင် - ကြီးမားလွန်းတဲ့စစ်တပ်


ကိုသန်းလွင် - ကြီးမားလွန်းတဲ့စစ်တပ် 
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၂၁

(၁)
အမေရိကန်တို့၏ သမိုင်းစဉ်ကာလတစ်လျှောက်လုံးတွင် နိုင်ငံအကြီးကြီးနှင့် ငြိမ်းချမ်းသောကာလ စစ်တပ်ဟှု၍ သေးသေးဘဲရှိခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်က ထိုဖြစ်ပျက်နေခြင်းကို ထာဝရပြောင်းလဲပစ်ခဲ့ပါသည်။ တစ်ကမ္ဘာလုံး၏ကြီးလေးသောတာဝန်များကို ယူထားရသောနိုင်ငံအဖို့ ငြိမ်းချမ်းသောကာလ၌ပင် ကြီးမား သော စစ်တပ်ရှိရမည်ဟု ဆုံးဖြတ်ခဲ့ကြပါသည်။ ၄င်းတို့တွင် နျူကလီးယားလက်နက်များနှင့် တစ်ကမ္ဘာလုံး ပြန့်လျက်ရှိထားသော စစ်စခန်း များပါဝင်ပါသည်။ သူတို့မျှော်လင့်ကြသည်မှာ ကြီးမားသောစစ်တပ်ကြီးသည် နောက်တစ်ကြိမ် ကမ္ဘာစစ်ကြီးကို ကာကွယ်ပေးနိုင်လိမ့်မည်ဟူ၍ဖြစ်ပါသည်။ ဤနည်းဖြင့် ရန်သူနိုင်ငံများကို သူတို့နှင့် ငြိမ်းချမ်းရေးစကားပြောစေပြီး နိုင်ငံခြားများအနေဖြင့် သူတို့အလိုဆန္ဒအတိုင်းလုပ်လိမ့်မည်ဟု မျှော်လင့်ကြပါသည်။

(၂)
သို့ပါသော်လည်း ဤသို့ စစ်တပ်၏ ကြီးစိုးထားနိုင်မှုသည် လိုအပ်သောအဖြေကိုရောက်အောင် ဆောင်ကျဉ်းပေးနိုင်ခြင်းမရှိပါဟု အနှစ် ၂၀ မျှထောက်ပံ့ခဲ့ပြီး ဒေါ်လာထရီလီယံချီ၍ ကုန်ကျခဲ့သော အာဖဂန်နစ္စတန် အစိုးရ၏ကျရှုံးမှုများက ထိုပေါ်လစီ၏မှားယွင်းနေမှုကို ဖော်ပြနေကြပါသည်။

အာဖဂန်နစ္စတန်မှဖြစ်ရပ်သည် တခြားနိုင်ငံတခု၏အရေးတွင် ဝင်ရောက်ခြင်း၏ကျဆုံးမှုကို ပြသနေခြင်း ထက်ပိုပါသည်။ ဤသည်မှာ စစ်တပ်၏ တစ်ကမ္ဘာလုံးလွှမ်းမိုးနေမှုသည် အမေရိကန်တို့၏လိုလားချက်ကို မည် သို့မျှ အထောက်အကူမပြုနိုင်ကြောင်း သိသာစေပါသည်။ စစ်ရေးအရအားသာမှုသည် စစ်ပွဲများအောင်နိုင်ရေး ထက်ကျရှုံးမှုကိုဖြစ်စေပြီး အမေရိကန်တို့၏နိုင်ငံအတွင်းနှင့်ပြင်ပနိုင်ငံများတွင်ဒီမိုကရေစီတန်ဖိုးကိုလည်း လျော့ကျစေပါသည်။

သမိုင်းအမြင်မှာ ရှင်းလင်းပြတ်သားလှပါသည်။ အမေရိကန်တို့သည် အောင်ပွဲခံလိုပါက ပိုမိုခန့်ညားပြီး ကန့်သတ်ထားသောစစ်တပ်နှင့်စစ်ရေးဆိုင်ရာမျှော်လင့်ချက်များသာထားရှိရန် ဖြစ်ပါသည်။ ပြည်သူတို့၏အမြင် မှာလည်း ထိုသို့ပင် ဖြစ်လာပါမည်။ နိုင်ငံတခုအနေဖြင့် စစ်တပ်၏လွှမ်းမိုးအရေးပါမှုကို ပြန်လည်ဆန်းစစ်ကြည့် သင့်ပါသည်။
စစ်တပ်စွမ်းအားအပေါ်များစွာမှီခိုနေခြင်းသည် ဝေးကွာသောအရပ်မှစစ်ပွဲများ၊ ကြာရှည်သောစစ်ပွဲများ တန်ဘိုးကြီးမားသောစစ်ပွဲများ၊ ရှည်ကြာနေသောကြောင့်မိမိဘာသာပြန်လည်ထိခိုက်သော စစ်ပွဲများနှင့် အကြိမ် ကြိမ် ကြုံတွေ့ခဲ့ရပြီးပါပြီ။ ဗီယက်နမ်၊ လက်ဘနွန်၊ အီရတ်၊ အာဖဂန်နစ္စတန်နှင့် အခြားနေရာများ၌ ဖြစ်ပွားခဲ့ပါသည်။ အမေရိကန်ခေါင်းဆောင်များသည် စစ်တပ်ရေးဆိုင်ရာအားသာမှုသည် အခြားသံတမန်ရေးရာနှင့် နိုင်ငံ ရေးရာအားနည်းချက်များကို ချေဖျက်ပြစ်လိမ့်မည်ဟု အမြဲတစေယူဆခဲ့ကြပါသည်။ အကြိမ်ပေါင်းများစွာစစ်ရေး အရ စစ်ပွဲများတွင် အောင်မြင်မှုရသည်မှန်စေ၊ နိုင်ငံရေးနယ်ပယ်တွင် အရှုံးများနှင့် ရင်ဆိုင်ခဲ့ရသည်ချည်း ဖြစ်ပါသည်။

ကိုရီးယားစစ်ပွဲကိုကြည့်ပါ။ သမ္မတထရူးမင်းသည် စစ်တပ်၏အားသာမှုကြောင့် ဘော်ဒါကိုဖြတ်ပြီး တရုတ်နယ်စပ်အထိ ချီတက်ဖို့အမိန့်ပေးခဲ့သည်။ သူကအမေရိကန်စစ်တပ်သည် နှစ်ပိုင်းကွဲနေသော ကိုရီယားလူမျိုးများကို စေ့စပ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သို့တစေ ဤသို့ဝင်ရောက်ခြင်းသည် ပိုမိုကျယ်ပြန့်သော စစ်ကိုဖြစ်ပွားစေခဲ့ပြီး တရုတ်တို့နှင့် ဖြစ်ရသောစစ်ပွဲကို ပို၍ရှည်ကြာစေခဲ့သည်။ ယခုအခါ ကွန်မြူနစ်စနစ်ကြောင့် မြောက်ကိုရီးယားသည် ယခင်ထက် ပိုမိုအားကောင်း ပြီးငြိမ်းချမ်းရေးကို ပိုမိုခြိမ်းခြောက်လျှက်ရှိ သည်။ နျူကလီးယားလက်နက်ကိုပိုင်ဆိုင်နေသည်ဟု ယူဆရပြီး ၄င်း၏အန္တာရာယ်များ နှစ်ဆပိုမိုကြီးထွားလာ သည်။

ဗီယက်နမ်စစ်ပွဲမှာလည်း သမ္မတဂျွန်ဆင် ၏ အကြံပေးပုဂ္ဂိုလ်များက သမ္မတကြီးကို အမေရိကန်စစ်တပ် ၏အင်အားသည် ပုန်ကန်သော၊ မငြိမ်မသက်ဖြစ်နေသောအုပ်စုများကိုငြိမ်သက်သွားစေလိမ့်မည်ဟု အကြံပေး ခဲ့ကြသည်။ ၄င်း၏ဆန့်ကျင်ဘက်များသာဖြစ်ခဲ့ပါသည်။ အမေရိကန်တို့၏ စစ်ရေးဆိုင်ရာအားသာချက်များမှာ ကွန်မြူနစ်တို့၏ ပေါ်ပြူလာဖြစ်မှုကိုအားပေးခဲ့ပြီး တောင်ဗီယက်နမ်အစိုးရ၏ အမေရိကန်တို့အပေါ် မှီခိုနေမှုကို ပိုမိုဖြစ်စေခဲ့ပါသည်။ ၁၉၇၅ ခုနှစ်တွင် ကွန်ပြူနစ်တို့၏ထိုးစစ်ဆင်မှုကိုမခံနိုင်ဘဲ အမေရိကန်စစ်တပ်၏အင်အား မှာ အာဖဂန်နစ္စတန်တွင် ယနေ့ဖြစ်ပျက်နေသကဲ့သို့ ပြိုကွဲပျက်ဆီးခဲ့ရပါသည်။

အပြစ်မှာတိုက်ခိုက်နေသော စစ်သားများနှင့် မဆိုင်ဘဲစစ်ပွဲဖြစ်ရခြင်း အဓိကအကြောင်းရင်းနှင့် ဆိုင်ပါ သည်။ စစ်တပ်၏စစ်အင်အားသည် အုပ်ချုပ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ အင်စတီကျူးရှင်း များကြိုးစားလုပ်ဆောင် မှုများကို အစားထိုး၍မရပါ။ တည်ငြိမ်သောလူမှုအဆောက်အဦးများသည် ငြိမ်သက်သောကုန်သွယ်မှု၊ ပညာရေး ဆိုင်ရာစည်းစနစ ်နှင့်တိုင်းသူပြည်သားများ၏ ပါဝင်မှုတို့လိုအပ်ပါသည်။

သမိုင်းဆိုင်ရာအချက်အလက်များကို ပြန်ကြည့်လျင် ကြီးမားသော စစ်တပ်များရှိခြင်းသည် နိုင်ငံရေး ဆိုင်ရာတိုးတက်မှုကို အဟန့်အတားဖြစ်စေပြီး အတိုက်အခိုက်နှင့်ရဲလုပ်ငန်းကိုသာတိုးပွားစေနိုင်သည်ကိုတွေ့ ရ သည်။ ၄င်းသည်လူမှုရေးဆိုင်ရာတိုးတက်လာမှုမဟုတ်ပါ။ အမေရိကန်စစ်တပ်၏ တိုက်ခိုက်သိမ်းပိုက်နိုင်မှုသည် ဒုတိယကမ္ဘာစစ်ကြီးအပြီး နိုင်ငံပေါင်းစုံမှ စစ်သားများရောက်မလာမှီ ဂျာမနီနှင့် ဂျပန်နိုင်ငံတို့တွင်သာအကောင်း ဆုံးအောင်မြင်ခဲ့ပါသည်။

အမေရိကန်ခေါင်းဆောင်များသည် စစ်တပ်အပေါ်တွင် မှီခိုနေမှုများပြားလှသည်။ အဘယ့်ကြောင့်ဆို သော် စစ်တပ်သည် နေရာတိုင်းမှာ ရှိနေပြီး လွယ်လွယ်ကူကူသုံးနိုင်သောကြောင့်ဖြစ်သည်။ ၄င်းသည် ကြီးမားသောစစ်တပ်ကို ပိုင်ဆိုင်မှု၏ချို့ယွင်းမှုတစ်ခုဖြစ်ပါသည်။ အမေရိကန်စစ်တပ်၏ တနေ့အသုံးစရိတ်သည် ဘီလီယံ ၇၀ဝ ကျော်ရှိပြီး ထိုငွေများကို စစ်တပ်ကြီးထွားလာမှုတွင်သာ အသုံးပြုဖွယ်ရာရှိပြီး ၄င်းကိုအစားထိုးနိုင်သောဘယ်အဖွဲ့ အစည်းကမှ အသုံးချလိမ့်မည်ဟု မမျှော်လင့်နိုင်ပါ။

အကယ်၍ နိုင်ငံရပ်ခြားတွင် အစိုးရလုပ်ငန်းများအတွက်လေ့ကျင့်ပေးရန် လိုအပ်ပါက အမေရိကန်စစ်တပ်ကသာ ဝင်ရောက်လာဖွယ်ရှိပြီး အခြားအစိုးရအဖွဲ့များအနေဖြင့် ထိုနေရာကိုယူရန်မလွယ်ကူပါ။ အရပ်ဖက်အဖွဲ့အစည်းများတွင် လူလိုနေပါက စစ်သားများသာပို့လွှတ်ဖွယ်ရှိပြီး ၄င်းတို့အတွက် ကုန်ကျစရိတ်ကို ကျခံရန်နည်းလမ်း ရှိနေပါသည်။

တိုင်းပြည်တွင် စစ်တပ်ကြီးထွားလာခြင်းကြောင့် စစ်တပ်ကို စိတ်ဝင်စားမှုပိုမိုလာစေသည်။ ရဲဘက်တွင် ယခုအခါ စစ်တပ်မှ စစ်ပွဲသုံး အသုံးအဆောင်များပိုမိုသုံးစွဲနေကြသည်။ ထိုစစ်ပွဲသုံး အသုံးအဆောင်များမှာ စစ် တပ်မှပိုလျှံသောကိရိယာများဖြစ်ပါသည်။ စစ်သားများကလည်းအကြမ်းဖက်အုပ်စုမှ အကြမ်းဖက်သူများနှင့်လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ပိုမိုပူးပေါင်းလာကြသည်။ အမေရိကန်လူမျိုးထဲမှ ၁၀% သာ စစ်တပ်တွင်အမှုထမ်းလုပ်ဖူးကြသည်။ သို့သော် ဇန်နဝါရီလ ၆ ရက်နေ့အရေးအခင်းတွင် ပါဝင်မှုကြောင့် တရားစွဲခံရသူများတွင် ၁၂% မှာ စစ်မှုထမ်းဖူးသူများဖြစ်ပါသည်။

အမေရိကန်စစ်တပ်သည် အမျိုးအပေါ်သစ္စာရှိပြီး အလွန်ပရော်ဖက်ရှင်နယ်ကျသည့်ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားပါသည်။ ၄င်း၏ ယူနီဖောင်းဝတ်ခေါင်းဆောင်များသည် ဥပဒေကိုကာကွယ်ပြီး သမ္မတကိုပင် ရွေး ကောက်ပွဲ ရလဒ်ကိုမရိုသေခြင်းအတွက် ဆန့်ကျင်ရဲသူများဖြစ်ပါသည်။ ပြဿနာစသည်မှာ ၄င်း၏ အလွန်တရာကြီးမားလှသော ဖေါင်းပွမှနေသည့်အဖွဲ့အစည်းအတွင်းမှ အာဏာကိုအလွဲသုံးစားလုပ်လိုသော လူတချို့ထံမှ လာပါသည်။

(၃)
စစ်တပ်ကဘာမှမတတ်နိုင်သော၊ မလုပ်နိုင်သောအရာများကို သိရပါမည်။ မိမိတို့၏ လုပ်ငန်းတာဝန် များကို နိုင်ငံတော်ကိုပိုမိုချမ်းသာကြွယ်ဝအောင်၊ ခံနိုင်ရည်ရှိအောင်၊ လုံခြုံစိတ်ချရသော နိုင်ငံတော်ဖြစ်အောင် ပြုလုပ်သောအဖွဲ့အစည်းများသို့ လွဲပြောင်းပေးရမည် ဖြစ်ပါသည်။ ကျွန်တော်တို့သည် ကြီးမားသောနိုင်ငံတွင် တပ်မတော်သည် အသေးဆုံးသာဖြစ်သည့် နိုင်ငံတော်ဖြစ်ရန် လုပ်ဆောင်ရမည်ဖြစ်ပါသည်။

ကိုသန်းလွင်
Ref: American Military is too big, by Jeremi Suri New York Times September 1, 2021

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar