မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၂၁
စစ်ကောင်စီက အာဏာသိမ်းပြီး ၇ လတာကြာမြင့်ပြီးနောက် နိုင်ငံကိုပြန်လှည့်ကြည့်တဲ့ အခါ အသက်ဆုံးရှုံးမှုတွေ၊ ဖမ်းဆီးမှုတွေ၊ ဥပဒေမဲ့သတ်ဖြတ်မှုတွေ extrajudicial killing၊ လက်စားချေမှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဖောက်ခွဲမှုတွေ၊ ဖျက်ဆီးမှုတွေ နဲ့ စီးပွားရေးဘက်မှာဆိုရင်လည်း ဘဏ်တွေမှာအပ်နှံထားတဲ့ ငွေတွေ ထုတ်ဖို့ခက်ခဲနေတာတွေ၊ ဒီဟာရဲ့ အကျိုးဆက်က ဧပြီလမတိုင်ခင်ကတည်းက အရှိန်မြင့်နေပြီးသားဖြစ်ပေမယ့် ၊ဧပြီလ ကျော်လွန်ချိန်မှာတော့ ပိုအခြေအနေဆိုးလာခဲ့ပြီး မြန်မာကျပ်ငွေတန်ဖိုး မြန်ဆန်စွာကျဆင်းလာနေတာတွေကလည်း လူထုတွေအတွက် ရှိနေတဲ့ ငွေကြေး ရနေတဲ့ လုပ်ခက တန်ဖိုးကျဆင်းသွားပြီး စားသုံး၊ ဝယ်ယူနိင်စွမ်းကျဆင်းလာခဲ့တာပါ။
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၂၁
စစ်ကောင်စီက အာဏာသိမ်းပြီး ၇ လတာကြာမြင့်ပြီးနောက် နိုင်ငံကိုပြန်လှည့်ကြည့်တဲ့ အခါ အသက်ဆုံးရှုံးမှုတွေ၊ ဖမ်းဆီးမှုတွေ၊ ဥပဒေမဲ့သတ်ဖြတ်မှုတွေ extrajudicial killing၊ လက်စားချေမှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဖောက်ခွဲမှုတွေ၊ ဖျက်ဆီးမှုတွေ နဲ့ စီးပွားရေးဘက်မှာဆိုရင်လည်း ဘဏ်တွေမှာအပ်နှံထားတဲ့ ငွေတွေ ထုတ်ဖို့ခက်ခဲနေတာတွေ၊ ဒီဟာရဲ့ အကျိုးဆက်က ဧပြီလမတိုင်ခင်ကတည်းက အရှိန်မြင့်နေပြီးသားဖြစ်ပေမယ့် ၊ဧပြီလ ကျော်လွန်ချိန်မှာတော့ ပိုအခြေအနေဆိုးလာခဲ့ပြီး မြန်မာကျပ်ငွေတန်ဖိုး မြန်ဆန်စွာကျဆင်းလာနေတာတွေကလည်း လူထုတွေအတွက် ရှိနေတဲ့ ငွေကြေး ရနေတဲ့ လုပ်ခက တန်ဖိုးကျဆင်းသွားပြီး စားသုံး၊ ဝယ်ယူနိင်စွမ်းကျဆင်းလာခဲ့တာပါ။
ဒီနေ့လိုနေ့ဆို ဒေါ်လာစျေးက မနက်စျေးဖွင့်ရာကနေ မွန်းလွဲပိုင်းမှာ ၁၈၀၀ ကျပ်လောက်ထိ ရောက်ရှိခဲ့ပြီလို့ဆိုရမှာပါ၊ ဆယ်စုနှစ်တွေအတွင်း အမြင့်ဆုံးစံချိန်တင် တက်သွားတာကြောင့် မြန်မာငွေတန်ဖိုးထပ်ကျဆင်းပြီး ပြည်ပက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ အများစုေစျးထပ်မံမြင့်တက်ဦးတက်မှာသေချာ သလောက်ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ လတွေကတည်းက ဘဏ်အကြပ်အတည်း၊ ကုန်သွယ်ရေး လမ်းကြောင်းတွေ လုံခြုံရေး အခြေအနေကြောင့်နဲ့ ကိုဗစ်ကန့်သတ်မှုတွေကြောင့် အကန့်အသတ်တွေဖြစ်နေတာ၊ နှေးကွေးတာ တချို့နေရာတွေ ရပ်တန့်နေတာတွေက စီးပွားရေးကဏ္ဍကို ထိခိုက်လာနေတာ ထင်ထင်ရှားရှားတွေ့နေရပြီ ဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးကို အားကိုးအားထားပြုနေရတဲ့ ရေထွက်ပစ္စည်းတွေ၊ စိုက်ပျိုးရေးထွက်ကုန်တွေ အပေါ်မှီခိုနေရတဲ့ တောင်သူတွေ၊ ရေလုပ်သားတွေ အလုပ်အကိုင် ဆုံးရှုံးနေတာ လကနေ နှစ်ကိုကူးလာနေတာတွေ့ရပါတယ်။ စက်ရုံအလုပ်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေလည်း ကိုဗစ်ကြောင့် အမှာစာလျော့ကျလာတာ၊ ကိုဗစ်စည်းမျဥ်းတွေကြောင့် ကုန်ထုတ်လုပ်မှုကို ထိခိုက်တာ၊ နောက်တဖန် စစ်အာဏာသိမ်းပြီးနောက် လုံခြုံရေးအခြေအနေနဲ့ နိုင်ငံတကာရဲ့ ကန့်သတ်မှုတွေကြောင့်လည်း အလုပ်အကိုင်တွေ ဆုံးရှုံးနေကြရတာ တွေ့နေရပါတယ်။
ပြီးခဲ့တဲ့ လတွေကတည်းက အိုင်အယ်လ်အိုက လာမယ့် ၆ လအတွင်း အလုပ်အကိုင်ပေါင်း ၂.၂ သန်းဆုံးရှုံးနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်နဲ့အတူ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာတွေမှာ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်နဲ့ အခုလက်ရှိစက်တင်ဘာလထိ စီးပွားရေးက ၁၈ ရာနှုန်းကျုံ့သွားမယ်၊ လာမယ့် ၂၀၂၂ ခုအစောပိုင်းမှာ မြန်မာနိုင်ငံမှာ ဆင်းရဲမှု ရာခိုင်နှုန်းက ၂ ဆမြင့်တက်လာမယ်ဆိုတဲ့ ခန့်မှန်းချက်အပြင် UNDP ရဲ့ အစီရင်ခံစာမှာလည်း အာဏာသိမ်းမှုရဲ့ရလဒ်ကြောင့် အလုပ်တွေရပ်သွားပြီး ဝင်ငွေနဲ့ လစာတွေဆုံးရှုံးသွားတယ်။ အဲ့နောက်ပိုင်း သုံးစွဲမှုနှုန်းတွေကျလာတယ်၊ အချို့ ဝင်ငွေနည်းအိမ်ထောင်စုတွေ အစာရေစာ မလုံလောက်တော့ပါဘူး။ ဒါတင်မကသေး အခြေခံပြည်သူ့ရေးရာ စောင့်ရှောက်မှုတွေနဲ့ လူမှုရေးဆိုင်ရာ အကာအကွယ်တွေလည်း ဆုံးရှုံးလိုက်ရပါတယ် လို့ ထုတ်ပြန်ထားသလို ကမ္ဘာ့ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာအစီအစဥ်က ခုကာလကတည်းက ဆန်ဖြန့်ဝေတာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ဆင်းရဲမွဲတေမှုက မြို့ပြမှာနေသူတွေကို ပိုပြီးထိခိုက်စေမယ်လို့လည်း အဆိုပါ အစီရင်ခံစာက ဆိုပါတယ်။
အခုမှာလတ်တလောမှာကိုပင် မြို့တွေမှာနေထိုင်ကြတဲ့သူတွေထဲက နေ့လုပ်နေ့စား၊ နေစရာ ကိုယ်ပိုင်မရှိ၊ ဝင်ငွေ အနိမ့်ဆုံးတွေအလွှာထဲပါတဲ့သူတွေအဖို့ လုပ်ငန်းတွေ ရပ်နားထားတာ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းသလိုဖြစ်နေတာ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ ဖြစ်တဲ့ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ခရီးသွားလုပ်ငန်းကိုမှီတည်နေတဲ့ ဟိုတယ် တည်းခိုရေးနဲ့ သယ်ယူပို့ဆောင်ရေးလို ကဏ္ဍတွေမှာ အလုပ်လုပ်နေသူတွေအဖို့ အလုပ်မရှိတာ ဝင်ငွေမရှိတာ လနဲ့ချီနေပြီ ဖြစ်ပါတယ်။
ဒီနေ့သတင်းထဲမှာ ဂျာမဏီအခြေစိုက် METRO ဆိုတဲ့ လက္ကားစျေးရောင်းချတဲ့ ကုမ္ပဏီလည်း မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြောင်း ဒီနေ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။ စီးပွားရေးအခွင့်အလမ်း၊ နိုင်ငံတကာရဲ့ စီးပွားရေး ကန့်သတ်မှုစည်းမျဥ်းတွေ ချမှတ်လာနိုင်ခြေ၊ ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေး အခြေအနေကိုယ်၌က လုပ်ကိုင်ဖို့ မကောင်းတော့တဲ့ အခြေအနေမျိုး ဖြစ်လာတာကြောင့် အခုလို ဆုံးဖြတ်လိုက်တာလို့ ယူဆရပါတယ်။
နိုင်ငံရဲ့စီးပွားရေးက ကျဆင်းမှု အနေအထားကနေ အကြပ်အတည်းဆိုတဲ့ အနေအထားကို ကူးပြောင်းသွားနိုင်တဲ့ လက္ခဏာတွေတွေ့မြင်နေရပါတယ်။ ကုန်ပစ္စည်းစျေးနှုန်းတွေက ငွေလဲနှုန်း အပြောင်းအလဲမှာ မြန်မြန်ဆန်ဆန်ပဲ မြင့်တက်သွားကြပေမယ့် အလုပ်အကိုင် ဆုံးရှုံးသွားကြသူတွေ၊ အလုပ်အကိုင် မဆုံးရှုံးတောင် နကိုရတဲ့နှုန်းထားနဲ့ ရတဲ့ဝင်ငွေက မြင့်တက်သွားတဲ့ စျေးနှုန်းကို မကာမိလို့ သုံးစွဲနိုင်စွမ်း လျော့ကျသွားတာတွေ၊ နေ့လုပ်နေ့စား အလုပ်သမားတွေအဖို့ မှာတော့ ထမင်းနပ်မမှန်တာတဲ့အခြေအနေတွေ တဖြည်းဖြည်း ဖြစ်ပေါ်လာနေတာလည်း ဖြစ်ပါတယ်။
ခုရက်ပိုင်း သတင်းတပုဒ်မှာ ရှမ်းပြည်နယ်က ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူတွေ သူတို့ရဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေ စျေးမတန်တဆကျ၊ ဝယ်သူမရှိတာကြောင့် ခရမ်းချဥ်သီးတွေ ကားလမ်းနဘေးမှာ ပစ်ထားတဲ့ သတင်းက ဓါတ်ပုံနဲ့တကွ ဖေါ်ပြခဲ့ပါတယ်။
ယမန်နှစ် ကိုဗစ်ဖြစ်ပွားစဥ် ကုန်သွယ်မှုလမ်းကြောင်းမှာ ကိုဗစ်စည်းမျဥ်းတွေချမှတ်ခံရစဥ်ကစလို့ စျေးနှုန်းကျဆင်းလာရာက အခုနှစ် ကိုဗစ် နဲ့ စစ်အာဏာသိမ်းမှု ပေါင်းစပ်လိုက်တဲ့နောက် စျေးနှုန်းလည်းကျတဲ့အပြင် ဝယ်အားပါမရှိတော့တဲ့ အခြေအနေကို ရင်ဆိုင်နေကြရတာမျိုး ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ ဒေါ်လာနဲ့ မြန်မာငွေလဲနှုန်းက ဒီနေ့ဆိုရင် စံချိန်တင် ၁၈၀၀ ကျပ်ကို ရောက်ခဲ့တယ်လို့ သတင်းတွေထဲဖတ်ရပါတယ်။ လူထုအနေနဲ့ အလုပ်အကိုင် ဆုံးရှုံး ဝင်ငွေနိမ့်ကျတာ မရှိတာတွေ ကြုံနေချိန်မှာ ဒေါ်လာစျေးနှုန်း စံချိန်တင်မြင့်တက်မှုကြောင့် ဖြစ်လာမယ့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်တာ၊ ဆေးဝါးလို့ ပစ္စည်းတွေ စျေးနှုန်းမြင့်တက်ကုန်မယ့်အရေးကို တွေးကြည့်ရင် အသွားနှစ်ဖက်ရှိတဲ့ လွှနဲ့ ဖြတ်ခံနေရသလို ခံစားနေကြရတဲ့သဘောဖြစ်ပါတယ်။

မြန်မာပြည်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လူသားအရင်းအမြစ်တွေ ဉာဏ်ပညာ အရင်းအမြစ်တွေ နေ့စဉ်နဲ့အမျှ ဆုံးရှုံးနေဆဲမှာ မြန်မာပြည်ရဲ့ နတ်နေကိုင်းတွေလို့ တင်စားရတဲ့ ပညာရှင်ကြီးတွေ သက်ကြီး စာပေပညာရှင်ကြီးတွေလည်း ကိုဗစ်တတိယလှိုင်းအတွင်းမှာ အများအပြားကွယ်လွန် ဆုံးရှုံးနေရတဲ့အထဲမှာ မိုးမခ၏ နာယကကြီး စာရေးဆရာ မောင်မိုးသူ ၈၄ နှစ် စက်တင်ဘာ ၁၊ ည ၇ နာရီခန့်လည်း ဆုံးပါးခဲ့ပါတယ်။ စာရေးဆရာ ပန်းချီဆရာ ရုပ်ရှင်ဒါရိုက်တာ နိုင်ငံရေးသမား သက်ကြီးစွယ်စုံရ ပညာရှင်ကြီးတဦး ဆုံးရှုံးရတာ မြန်မာပြည်အတွက် ကြီးမားသော ထိခိုက်မှု ဖြစ်ပါတယ်။ ဆရာကိုယ်တိုင် ကိုဗစ်ဒုတိယလှိုင်းတုန်းက ကိုဗစ်ကူးစက်ခံခဲ့ရပြီး ပြန်လည်ကျန်းမာခဲ့တာ ၂၀၂၁ မဆန်းမီက ဖြစ်ပါတယ်။ ၂၀၂၁ အတွင်း စစ်တပ်အာဏာသိမ်းပြီး နွေဦးတော်လှန်ရေးကာလအတွင်း ဆရာ၏ ကျန်းမာရေး တစတစအားနည်းချို့ယွင်းလာပြီး ကွယ်လွန်ခဲ့ရပါပြီ။
စစ်ကောင်စီ၏ လူသားမဆန်သော ဖိနှိပ်သတ်ဖြတ်မှုတွေအောက်က ပြည်သူတွေမှာ ကိုဗစ်တတိယလှိုင်းဒဏ်ကို အကာအကွယ်မဲ့ အလူးအလဲခံစားနေရပါတယ်။ ယခုဆိုရင် ကျန်းမာရေးစနစ်ကျဆုံးနေချိန်မှာ ကိုဗစ်အလွန် လူနာများအတွက် ပြန်လည်နာလန်ထူဖို့ အလွန်ခက်ခဲနေတာကို ရင်ဆိုင်နေရပြန်ပါတယ်။ ကိုဗစ်တတိယလှိုင်း ဒယ်လတာမျိုးကွဲကို နောက်ထပ် မတားဆီး မကန့်သတ်နိုင်ခဲ့ကြတာမို့ ကိုဗစ်မျိုးကွဲကိုယ်တိုင်က ထပ်မံပိုပြင်းထန်တဲ့ မျိုးစိတ်အဖြစ်ပြောင်းလဲလာပြီလို့ သတင်းတွေမှာ ရေးလာကြပါပြီ။ အခု ကိုဗစ်အလွန် လူနာများ နာလန်မထူနိုင်မှုအပြင် ကိုဗစ်စတုတ္ထလှိုင်းအဖြစ် နောက်ထပ်ကပ်မုန်တိုင်းက ကာကွယ်ဆေးစနစ်တကျ မယူနိုင်တဲ့ မြန်မာ ပါကစ္စတန် ဘင်္ဂလားဒေ့ချ်နဲ့ အခြားဖွံဖြိုးဆဲနိုင်ငံတွေကို တိုက်ခိုက်မွှေနှောက်ဦးမှာ သတိပြုကြစေဖို့ တင်ပြအပ်ပါကြောင်း။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar