Breaking News

ချမ်းမြ - '' တော်လှန်ရေးတံဆိပ် စီးကရက် "


Image - Crd
မိုးမခကဗျာ
အောက်တိုဘာ ၁၅၊ ၂၀၂၁

'' တော်လှန်ရေးတံဆိပ် စီးကရက် " 

မသောက်ချင်မှတော့ အစောကတည်းက
အချိန်ကုန်ခံပြီး မီးညှိမနေဘူး 

အဆုတ်ကို ထိအောင်ရှိုက်ပြီး
တစ်လိပ် လုံးကုန်အောင်သောက်မယ် 

ဖင်စီခံနားရောက်ရင်တော့
မီးအကြွင်းကျန်မရှိအောင်
ငြှိမ်းသတ်ခဲ့မယ် ... ။   ။

ချစ်ခြင်းများဖြင့်
ချမ်းမြ
၁၀ ၊ ၈ ၊ ၂၀၂၁
...


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar