Breaking News

ပန်းတော်ဆက် - စျေးမြို့ကလေး

ပန်းတော်ဆက် - စျေးမြို့ကလေး
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၂၁

ဖိနပ်ချုပ်သမားကလည်း
စစ်ဖိနပ်တိုက်တဲ့ ဂျူးလူငယ်လေး အထ္ထုပ္ပတိဖတ်လို့
ပလက်ဖောင်းပေါ်က ချာတိတ်မတွေလည်း
ဗီယက်ကောင်း ဇိမ်မယ်လေးအကြောင်း ပြောပြောနေကြ
အမှိုက်ကောက်တဲ့ကလေးကလည်း သူ့ဆူးချွန်ကို တ ဆ ဆ
​အသားသည်မလေးကလည်း သူ့သားလှီး ဓားကို တ သ သ
စားပွဲထိုး ချာတိတ် ကလည်း ရေးနွေ အိုး မီး တ ဆွ ဆွ
ခုတလော
ကယ်ရီဂိတ်မှာလည်း ခါမီခါဇေ စစ်သည်တော်တွေအကြောင်း တဖွ ဖွ
တူတံစဥ် ကောက်ဆွတွေနဲ့ 
လယ်ကွင်းတွေထဲ နားစွင့်ထားကြပြီ....။

မြို့ကလေးရဲ့ ​နာကျဥ်းစိတ်ဟာ
မောင်းခလုပ်နှိပ်ဘို့အသင့်
ဆိပ်ကမ်းနဖူးမှာ အပြန်ကမ် ကို မီးတင်ရှို့ထားတဲ့ကြယ်တွေ
သူတို့ ဆံပင်တွေကို အလံတော်လို တလွှင့်လွှင့် 
လမ်းဘေးအုတ်ခုံမှာ ​ဂစ်တာကို ခပ်ပြင်းပြင်းခေါက်ရင်း နားစွင့်နေကြ
ထင်းခွေမကြုံလည်း မုတ်ဆိတ်ရိတ်တော့ ကြုံအုံးမှာပဲဆိုတဲ့...
ဆံသဆိုင်လေးကလည်း အမြဲဖွင့်လျှက်သား.....။
ယခု သတင်းတစ်ပတ်မှာတော့...
ပန်းသည်မလေးဟာ သပြေပန်းတွေသာအမြဲ ရောင်းချနေခဲ့တယ်..။

ပန်းတော်ဆက်
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar