Breaking News

အန်နိုလာ - သူတောင်းစား

အန်နိုလာ - သူတောင်းစား 
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၁

သူတောင်းစားက
သူတောင်းစားဖြစ်တာကြာတော့
သူတောင်းစားပါးဝတယ်။

သူတောင်းစားက
သနားကြပါခင်ဗျာလို့ မတောင်းဘူး
မလုပ်ရဲတာ ဘာမှမရှိဘူးဆိုပြီး
ဘီလူးဆိုင်းနဲ့ တောင်းတယ်။

သူတောင်းစားရဲ့ အိပ်မက်က 
ခမ်းနားတယ်
သူ့အိပ်မက်ထဲ နိုင်ငံတော်ဟာ
သူ့အမေ ယောနိဖြစ်သွားတယ်
သူ့အမေယောနိဆိုတော့ သူ့အဖေပိုင်
သူ့အဖေပိုင်ဆိုတော့ သူပိုင်တယ်ဆိုပြီး
သူ့အမေယောနိကို တက်ခွချင်စိတ်တွေက
ထိန်းမနိုင်သိမ်းမရနဲ့ ချီးတွင်းလောက်တွေလို
တဖွားဖွား။
(သူ့အမေယောနိထဲက သူထွက်လာတာ မေ့သွားပုံရ)

သူတောင်းစားဟာ 
ဘုရင်ရူး ရူးတယ်
ဝါးဆစ်ဗုံလေး တဒုံဒုံခေါက်
နိုင်ငံတော်သီချင်းကို ဆိုပြီးတောင်းတယ်
ဒါငါ့ပြည် ဒါငါ့မြေ ငါပိုင်တဲ့​ပြည်တဲ့
ဒါကြောင့် ရပ်ကွက်ထဲက လူတစ်ချို့က
သူတောင်းစားကို နာမည်ပေးထားကြတယ်
Mother Fucker တဲ့။

သူတောင်းစားနဲ့ ဒီမိုကရေစီဆိုတာ
သူ့မိန်းမ သူတောင်းစားမရဲ့ သွားတွေလို
ညီမျှခြင်းချလို့ မရ
ပြဒါးတစ်လမ်း သံတစ်လမ်း
စိမရ ဖိမရ ညှိမရ။

သူတောင်းစားရဲ့ တစ်ကိုယ်လုံးဟာ
အလိမ်အညာတွေချည်း 
သူတောင်းစားဟာ 
သူတောင်းစားနက္ခတ်နဲ့ မွေးလာတော့
သူတောင်းစား ပါရမီပါတယ်
မျက်နှာက သူတောင်းစားမျက်နှာ
မျက်လုံးက သူတောင်းစားမျက်လုံး
အသံက သူတောင်းစားအသံ
ကျွန်စုတ်တဲ့ သရက်စေ့လောက်
မခမ်းနားတဲ့ သူတောင်းစားရုပ်မှ
တကယ့် သူတောင်းစားယုတ်။

အန်နိုလာ
အောက်တိုဘာ ၁၆၊ ၂၀၂၁


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar