Breaking News

အန်ကယ်တူမီး — သူ့နေရာနဲ့သူ



သူ့ နေရာနဲ့သူ

(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၂၂

ပွဲရုံပိုင်ရှင်။    ။ မနေ့က ရောက်တဲ့ဆန်က ဘာဆန်တုံး။
အလုပ်သမား။   ။ ရွှေဘိုဆန်ပါ ဆရာ။
ပွဲရုံပိုင်ရှင်။  ။ ဖောက်သည်တွေဆီ ချက်ချင်းပို့လိုက်။

ပွဲရုံပိုင်ရှင်။   ။ ဒီမနက်ရောက်တဲ့ဆန်က ဘာဆန်တုံး။
အလုပ်သမား။    ။ ငစိန်ဆန်ပါ ဆရာ။
ပွဲရုံပိုင်ရှင်။   ။ ကားပေါ်တင်လိုက်။

ပွဲရုံပိုင်ရှင်။   ။ ဟိုဘက်က အိတ်စုတ်နဲ့ထည့်လာတာ ဘာဆန်တုံး။
အလုပ်သမား။   ။ ဟွန်ဆန်ပါ ဆရာ။
ပွဲရုံပိုင်ရှင်။    ။ ဝက်စာထဲ ထည့်လိုက်။

အန်ကယ် တူမီး 
(9/1/22)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar