Breaking News

အောင်သစ် - အသံတိတ်သပိတ်၊ ရန်သူ့တုံ့ပြန်မှု နှင့် ရဲဘော်မော်စီတုန်း၏ သင်ကြားချက်

အောင်သစ် - အသံတိတ်သပိတ်၊ ရန်သူ့တုံ့ပြန်မှု နှင့် ရဲဘော်မော်စီတုန်း၏ သင်ကြားချက်

(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၂၂


တကယ်က ရဲဘော်လီနင်ရဲ့ သင်ကြားချက်နဲ့ စပြောရမှာပါ၊ ရဲဘော်လီနင်က ပကတိအခြေအနေတွေကို ချဉ်းကပ်သုံးသပ်တဲ့အခါ  အခိုင်အမာအခြေအနေကို အခိုင်အမာခွဲခြမ်းစိတ်ဖြာရမယ်လို့ သင်ကြားပါတယ်။ ဆိုချင် တာကတော့ ကိုယ့်စိတ်အထင် အချက်အလက်တွေ၊ ဆန္ဒစွဲတွေကို အမှန်တကယ်ဖြစ်နေတဲ့ အချက်အလက်တွေလို့ မမြင်နဲ့။ တဘက်တည်း တချက်တည်းနဲ့ ခြွင်းချက်တွေကိုပဲ ကြည့်တဲ့နည်း၊ အပေါ်ယံကိုပဲ ကြည့်တဲ့နည်း၊ ဖြစ်စဉ် အရမကြည့်ဘဲ ပိုင်းဖြတ်ပြီး အသေကြည့်တဲ့နည်းနဲ့ မသုံးသပ်နဲ့လို့ ပြောတာပါ။

အသံတိတ်သပိတ်နဲ့ပတ်သက်တဲ့ အခိုင်အမာအခြေအနေ၊ အခိုင်အမာအချက်အလက်တွေကို ယေဘုယျ ကြည့်မယ် ဆိုရင် -

  • အသံတိတ်သပိတ် ဆင်နွှဲရာမှာ လူထု အများစုကြီးက လက်တွေ့ ပါဝင်ခဲ့သလား၊ မပါဝင်ခဲ့ဘူးလား၊ တနည်းပြောရရင် အသံတိတ်သပိတ် ဆင်နွှဲမှုဟာ လူတစုလမ်းစဉ် ဖြစ်ခဲ့တာလား၊ ဒါမှမဟုတ် လူထုလမ်းစဉ် ဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးလား။
  • အအသံတိတ်သပိတ်ဆိုတာ တခြားဘာမှ မလုပ်တော့ဘဲ နေ့တိုင်း ဆင်နွှဲနေတာလား၊ အချိန်ကိုက် လိုအပ်တဲ့ အချိန်တွေကျမှ ဆင်နွှဲတာလား။
  •  အသံတိတ်ပြီးသွားရင် လူထုလှုပ်ရှားမှုတွေ၊ သပိတ်တွေက ငြိမ်ကျသွားသလား။
  • အသံတိတ်သပိတ်ကို ရန်သူက သဘောကျသလား၊ ရန်သူက မဆန့်ကျင်ဘူးလား။
  • အသံတိတ်သပိတ်ဟာ ရန်သူ့ကို နိုင်ငံရေးအရ ဘာမှ မထိခိုက်ဘူးလား၊ မထိခိုက်လို့ ရန်သူက ဘာမှ မတုံ့ပြန်ဘဲ နေနေတာလား၊ ခပ်ပေါ့ပေါ့ ခပ်လျော့လျော့လေးပဲ တုံ့ပြန်သလား။

….. စသဖြင့် စသဖြင့်။

အသံတိတ်သပိတ်နဲ့ပတ်သက်တဲ့ အခိုင်အမာအချက်အလက်တွေ၊ အခိုင်အမာဖော်ပြချက်တွေ ရှိနေတဲ့အပေါ်မှာ ခွဲခြမ်းစိတ်ဖြာသုံးသပ်မှု လုပ်ရမှာပါ။ အခိုင်အမာဖော်ပြချက်တွေ ရှိရဲ့သားနဲ့ အဲဒီ့အချက်အလက်တွေကို မဆုပ်ကိုင်ဘဲ၊ ကိုယ်လိုသလို ဆွဲယူပြီး ပြောနေရင် သဘောတရားယောင်ယောင် အသံပြုပြီး၊ လက်တွေ့နဲ့ ကင်းကွာတဲ့ မှားယွင်းသုံးသပ်ချက်တွေပဲ ထွက်လာမှာပါ၊ ကိုယ့်ဘာသာကိုယ် တည်ဆောက်ယူထားတဲ့ ယုတ္တိဗေဒ ဘောင်အတွင်းမှာ မှန်သယောင် ထင်နေပါလိမ့်မယ်၊ ခိုင်မာတဲ့သဘောတရားရေး အစာမကြေတဲ့ ရေးသား ပြောဆိုမှုတွေ ဖြစ်နေပါလိမ့်မယ်။

အဲသလို အခိုင်အမာဖော်ပြချက်တွေ ရှိနေရဲ့သားနဲ့ မကြည့်မမြင်နိုင်ဘဲ ထင်ရာမြင်ရာ မှားယွင်း သုံးသပ်ချက်တွေ ဖြစ်လာရတဲ့ အမှားဇာစ်မြစ်ကို ကြည့်ရင်၊ (အမှားတခု ကျူးလွန်ရင် ဘာကြောင့် ကျူးလွန်သလဲ ဆိုတာ ချဉ်းကပ်ဆန်းစစ်တဲ့ လူတန်းစားဇာစ်မြစ်၊ အတွေးအခေါ်ဇာစ်မြစ်၊ သမိုင်းရေးဇာစ်မြစ်၊ နိုင်ငံရေးဇာစ်မြစ် ဆိုတာတွေအထိ မပြောသေးဘဲ၊) လက်တွေ့အခြေအနေ ဖော်ပြချက်တွေအရပဲ အသံတိတ်သပိတ်အပေါ် မှားယွင်းသုံးသပ်၊ ဆန့်ကျင်မှု နှစ်မျိုးရှိပြီး၊ အဲဒီ့နှစ်မျိုးနဲ့ဆိုင်တဲ့ အမှားဇာစ်မြစ်တွေ တွေ့ရပါတယ်။

ပထမတမျိုးက ကိုယ်လုပ်နေတဲ့ လမ်းကြောင်းနဲ့မတူတဲ့အခါ အသံတိတ်သပိတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုဟာ ကိုယ့်အတွက် အရှက်ရစေလို့ ယေဘုယျသဘောဆောင်တဲ့ ပကတိအချက်အလက်တွေကို မသိချင်ယောင်ဆောင် လျစ်လျူရှုတယ်၊ ပြီးရင် ခြွင်းချက်ဖြစ်တဲ့ အနည်းအကျဉ်း အချက်အလက်တွေကို ဆွဲထုတ်ပြပြီး၊ အသံတိတ်သပိတ်ဆိုတာ လူထုလှုပ်ရှားမှု မဟုတ်သယောင် ပြောပြီး ဆန့်ကျင်တာပါ။

နောက်တမျိုးက အသံတိတ်သပိတ်ဆိုတာ ကိုယ်လုပ်တာမဟုတ်ဘဲ၊ တခြားသူတွေ လုပ်တာ ဖြစ်နေတယ်၊ အဲသလို ဖြစ်နေတဲ့အခြေအနေနဲ့ ကိုယ့်တည်ဆောက်ထားတဲ့ အသိအခံနဲ့ ပေါင်းစပ်မိတယ်။ ကိုယ် တည်ဆောက်ထားတဲ့ အသိအခံက ဘာလဲဆိုတော့ ဒီနွေဉီးတော်လှန်ရေး လူထုလှုပ်ရှားမှုကြီးကို ငါတို့ကသာလျှင် ဉီးဆောင်တာ၊ ငါတို့ သာလျှင် အင်အားအကြီးဆုံး၊ ငါတို့သာလျှင် တိုက်ရဲသူ သေရဲသူတွေ၊ ငါတို့သာလျှင်…၊ ငါတို့သာလျှင်….၊ ငါတို့သာလျှင် …. စသဖြင့် ငါတို့သာလျှင် … ဆိုတဲ့ အသိအခံစိတ်တွေ ကြီးနေတာပါ။ အဲဒီအခံစိတ်တွေရှိတဲ့အခါ၊ အသံတိတ်သပိတ်လှုပ်ရှားမှုကြီးက ငါတို့မပါတဲ့၊ ငါတို့စေ့ဆော်တာ မဟုတ်တဲ့၊ ငါတို့သာလျှင်ဆိုတာတွေနဲ့… မကိုက်ညီတဲ့ လူထုလှုပ်ရှားမှုကြီး ဖြစ်နေတဲ့အခါ လုံးဝ လက်မခံနိုင်တော့ဘဲ သဘောတရားဆန်ဆန်တွေ ဇွတ်တည်ဆောက်ယူပြီး အသံတိတ်သပိတ်နဲ့ အသံတိတ်သပိတ် အဓိကလှုံ့ဆော်သူတွေကို ဆန့်ကျင်တော့တာပါပဲ၊ ဆန့်ကျင်တဲ့စာတွေကို ရှယ်တော့တာပါပဲ။

ဒီနေရာမှာ အချက်အလက်တွေ၊ သဘောတရားတွေအများကြီး မပြောတော့ဘဲ ရဲဘော်မော်စီတုန်းရဲ့ သင်ကြားချက် ၂ ခုနဲ့ပဲ အသံတိတ်သပိတ်ကို ချဉ်းကပ်စေချင်ပါတယ်။ အဲသလို မချဉ်းကပ်ခင်မှာ ရန်သူ့သတင်းမီဒီယာကနေရော၊ လက်တွေ့မြေပြင်မှာရော ရန်သူ့ဘက်က အသံတိတ်သပိတ်ကို ဘယ်လို တုံ့ပြန်နေသလဲဆိုတာတွေ တချက်လောက် ငဲ့ကြည့်ဖို့ လိုပါတယ်။ အဲဒီပကတိအခြေအနေကို ကြည့်မြင်ပြီးမှ အခု ရဲဘော် မော်စီတုန်းရဲ့ သင်ကြားချက် ၂ ခုကို နားလည်နိုင်မှာပါ။

ရဲဘော်မော်စီတုန်းရဲ့ သင်ကြားချက် ၂ ခုက—

၁)  


ရဲဘော်မော်စီတုန်းရဲ့အဲဒီ့သင်ကြားချက်အရ (ရဲဘော်မော်စီတုန်းပြောသလို ပြောရရင်) ကျုပ်တို့ရဲ့ အလုပ်တွေဖြစ်တဲ့ အသံတိတ်သပိတ်ဟာ (အသံတိတ်သပိတ် မစသေးခင်ကတည်းက) သိပ်အောင်မြင်နေတယ်ဆိုတာ ထင်ရှားနေပြီ။

 

၂)


ရဲဘော်မော်စီတုန်းရဲ့ အဲဒီသင်ကြားချက်တွေကို နားလည်နိုင်မယ်ဆိုရင်တော့ ရန်သူ့ရဲ့ရန်သူဖြစ်ကြသူများအနေနဲ့ ရန်သူဆန့်ကျင်နေတဲ့ အသံတိတ်သပိတ်ကို အသစ်ပြန်လည်ချဉ်းကပ် သုံးသပ်ကြဖို့ လိုနေပါပြီ။   ။

အောင်သစ်

၂၅.၁.၂၀၂၂


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar