မာန်(တောင်လုံးပြန်) — နတ်ဘုရားများ၏ ဖေးမခြင်း
မာန်(တောင်လုံးပြန်) — နတ်ဘုရားများ၏ ဖေးမခြင်း
(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၂၂
ဂရိစာပေ၌ အလွန်ထင်ရှားသောစကားတရပ်မှာ တော်လှန်ရေးအတွက် အဖိုးတန်စွ။
"နတ်ဘုရားတို့ဟူသည် သန်မာစွမ်းပကားရှိသူကို စောင့်ရှောက်သည်"ဟု။
နွေဦးတော်လှန်ရေးသည် မည်သူမှ ကြိုတင်ပြင်ဆင်ထားခြင်း မရှိ။ နှစ်ပေါင်းများစွာ စစ်တပ် တည်ထောင်ကာ အာဏာရူးကြသည့် အလွန်ခိုင်မာတောင့်တင်းကာ လူမဆန်အောင် ရက်စက်ယုတ်မာကြသည့် စစ်ခွေးတို့အား ရရာအင်အားစုဖွဲ့ကာ တွန်းလှန်ကြရသည်။ ပြည်သူလူထုထံမှ ပေါက်ဖွားလာသော တော်လှန်ရေးစိတ်ဓာတ်နှင့်နွေဦးသူရဲကောင်း အထောင်အသောင်းတို့သည် တစ်ခုတည်းသောစိတ်ဖြင့် ကြံ့ကြံ့ခံနေဆဲ။
ငါတို့မှာ ငါတို့ပဲရှိသည်ဟူသော သံမဏိခွန်အားများ။ ဤသည်ကပင် နတ်ဘုရားတို့ နှစ်သက်သော စိတ်ဓာတ်ပင်။
စစ်ခွေးတို့၌ ဘီလျံချီသော စစ်သုံးစရိတ်၊ ကြည်း ရေ လေ အင်အားတို့ဖြင့် အနိုင်ကျင့် ဗိုလ်ကျနေသေ ာစရိုက်။ ကြီးနိုင်ငယ်ညှဉ်းစရိုက်၊ ပြည်သူကို နည်းမျိုးစုံ နှိပ်စက်သတ်ဖြတ်သော စရိုက်တို့ကြောင့် မည်သည့်စိတ်ခွန်အားမှမရှိ။
နွေဦးတော်လှန်ရေးသူရဲကောင်းတို့၌ ရှိသမျှ စစ်လက်နက်ဖြင့် တိုက်ပွဲဝင်နေသော်ငြား ကြီးမြတ်သော စိတ်ခွန်အားတို့ အပြည့်။ ဘေးဒုက္ခတို့ ပြည့်နှက်နေသည့်ကြားမှပင် စစ်ခွေးတို့အား နာကြည်းစက်ဆုပ်စိတ်ဖြင့် မိမိတို့ နိုင်မှဖြစ်မည်ဟူသော တာဝန်သိစိတ် မွေးလျက် စစ်ခွေးတို့အား ရင်ဆိုင်နေကြသည်။
သိဒ္ဓတ္ထမင်းသားသည် ညီတော်အာနန္ဒာအား အကောင်းဆုံးစိတ်ခွန်အားတစ်ရပ်အဖြစ် စကားလက်ဆောင်ပေးဖူးသည်။
လောကမှာ ကြောက်စရာအကောင်းဆုံး အရာသည် အခြားမဟုတ်။ အကြောက်တရားသာ ဖြစ်သည်ဟု။
လူသည် မိမိတို့လွတ်မြောက်လိုရာသို့ အကြောက်တရားရှိနေသမျှ မရောက်။ ကြောက်စရာကောင်းသည်များအား ကြောက်လန့်နေသမျှ မည်သည့်အခါမှ မလွတ်မြောက်။
နွေဦးတော်လှန်ရေးသူရဲကောင်းတို့သည် ကြောက်မက်ဖွယ်ရာ စစ်မိစ္ဆာတို့အား မကြောက်ခြင်းကို ပြပါ။ အလွန်ကြောက်မက်ဖွယ်ကောင်းသေ ာစစ်မိစ္ဆာတို့အား မကြောက်ရွံ့ခြင်းဖြင့် ကျော်လွှားနိုင်သည်ကို ပြည်သူတို့အား ပြသပါ။ ပြည်သူလူထုသည် နွေဦးတော်လှန်ရေးကြောင့် စစ်မိစ္ဆာအပေါင်းကို မကြောက်မရွံ့ ရရာနေရာမှ ပါဝင်ချေမှုန်းနေကြသည်။
ထိုအရာသည်သာ ကမ္ဘာ့အဖွဲ့အစည်းအသီးသီးနှင့် နတ်ဘုရားတို့၏ ဖေးမခြင်းကို ရမည့်နည်းလမ်းပင်။ အခြားမရှိ။ နတ်ဘုရားတို့ ဟူသည် စိတ်ခွန်အားကြီးမားသူတို့ကို ဦးညွှတ်စမြဲ။ ကြောက်၍ အရှုံးပေးနေသမျှ ဘယ်သောအခါမှ လွတ်မြောက်ရာ မရှိ။
မာန်(တောင်လုံးပြန်)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar