Breaking News

မိုးဦးဆွေညိန်း - လောကတေး

မိုးဦးဆွေညိန်း - လောကတေး
(မိုးမခ) ဖေဖော်၀ါရီ ၂၈၊ ၂၀၂၂

ကိုယ်မကြိုက်တဲ့ အပြုအမူ
ကိုယ့်ကိုလာလုပ်တာ လက်မခံသလို
သူ မကြိုက်တာ ကိုယ်က မပြုမူဖို့
စောင့်စည်းတာဟာ
လူလိုသိခြင်းအနုပညာ
အဲဒီသန္ဓေကောင်းတွေ မွေးမြူ
လူပီသစွာ နေရခြင်းကမ္ဘာ
ရလိုသော စိတ်နဲ့ အိပ်ပါရစေ
ထိတ်ထိတ်ပြာပြာသောကတွေ
မဝေပါရစေနဲ့တော့
ယဉ်ကျေးတဲ့ ကမ္ဘာဆီ သွားရာလမ်းမှာ
အနိုင်ကျင့်မှုတွေတော့
သယ်မလာပါနဲ့ကွာ။

မိုးဦးဆွေညိန်း (၂၆.၂.၂၀၂၂)
=====

The Melodious Tone of the World

Behaviors that you do not like,
Just as you have no acceptability;
Shouldn’t act the manner that one does not like,
To have clean-living,
That is ‘The Art of Being Human’

Raise those good embryos of morals
In the world of humanitarianism
I would like to sleep with the desire to get it
Let the fearful grieves
Not share or bloom

On the way toward a civilized world
Bullying
Must not be carried

Moe Oo Swe Nyein (26.2.2022)

Translated by Naing Swann (27.2. 2022, 8:44 PM)

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar