Breaking News

သစ်မွှေး - ချီးယား(*Cheers)

ချီးယား(*Cheers)
သစ်မွှေး  
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၂

ရွေးစရာနဲ့ ရွေးချယ်ခွင့်
အလိုက်မသင့်မှတော့
စိတ်ကိုမောင်းဖြုတ်ချလိုက်တာအကောင်းဆုံး
အခုငါအမြတ်တနိုးပတ်ထားတဲ့
နာရီလေးလည်းအနာအဆာနဲ့။

“အဆင်ပြေပါတယ် “ဆိုတဲ့စကားက
ငါအသုံးများသလောက်
ငါနဲ့ဝေးဝေးလာတာလည်း
ငါပဲအသိ
မချိလည်း
အကြည့်လွှဲရုံသာပ။

ပုလင်းလှလှ
အမှတ်တံဆိပ်ကောင်းတွေကိုပဲငေးမနေနဲ့
ငါ့ ကြိုက်ဈေးကအရက်၊
ရန်သူ့လည်ချောင်းသွေးနဲ့ ပေါင်းပေးမယ့် အရက်၊
ငါ့ခန္ဓာကိုယ်ထဲ
မိုက်မဲစို့ပိတ်နေတဲ့
တွေဝေတွန့်ဆုတ်မူတွေကိုထိုးခွဲမယ့်အရက်၊
အဝင်ဆိုးဆိုး
ခံရခက်ခက်
စို့တက်လာတဲ့မျက်ရည်တွေကိုအောင့်ထားရင်း
ခန္ဓာကိုယ်ထဲတရားမျှတမူတွေ
ပွင့်လင်းလွတ်လပ်မူတွေ
ကြေနပ်စွာစီးဆင်းလောင်မြှိုက်ဖို့
ခွက်ချင်းတိုက်ကြစို့ ယောင်းယင်းရေ။

အသိဉာဏ်နည်းပါးတဲ့အရပ်မှာ
ဘယ်ဘုရားမှ တရားပြမနေဘူး
ဆူးနဲ့ထိုးမှ တွင်မယ့်ခရီး
နီးနီးဝေးဝေး
သွေးမအေးခင်…..နှင်စို့။
(22-2-2022)
...

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar