Breaking News

ညိုထက်ညို - အချစ်ရဲ့ နာမည်က အဖျား

အချစ်ရဲ့ နာမည်က အဖျား
ညိုထက်ညို
(မိုးမခ) မတ် ၁၉၊ ၂၀၂၂

မနက်ခင်းနဲ့ ပလုပ်ကျင်းအပြီး
အိမ်အောက်ဆင်းကြည့်တော့
တနင်္ဂနွေဗလာစာအုပ်ထဲ
သတင်းစာစက္ကူတွေတော့ ဝယ်တုန်းပဲ
ကဗျာဆရာဖြစ်ခဲ့ရတာမှန်တယ်
မြန်မာနိုင်ငံမှာလူဖြစ်ခဲ့ရတာမှားတယ်လို့ ငါတွေးမိတဲ့ နေ့လယ်
တနံနဲ့ တလျားထက်ကိုကျယ်တယ်
နွေကိုပေးလို့ နွေပြန်ရခဲ့သူပါ
အဲဒီလိုဖြစ်စဉ်အရ
လိပ်ပြာလုံချင်ယောင် မဆောင်ပါနဲ့တော့ ညနေရယ်
နွေဦးကိုပြန်မအမ်းပါနဲ့ ။ 
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar