ကေအိုဇေ - စစ်ပွဲ
စစ်ပွဲ
ကေအိုဇေ
(မိုးမခ) မတ် ၃၊ ၂၀၂၂
စိတ်ကို အရင်ဆုံးကျည်ထိုး
ဆင်ခြင်တုံတရားဟာ ခလုတ်ပဲ
သူ့လည်းကိုယ်မသိ
ကိုယ့်လည်းသူမမြင်ဖူး
အမုန်းတရားလည်းမရှိပဲ
တဒိုင်းဒိုင်း ကြွေပေးရတယ်
ငြိမ်းချမ်းရေးစကားပြောကြဖို့
သေနတ်တွေ အရင်ဖောက်ကြတယ်
စကားတခွန်းအတွက်
ဘယ်နှစ်ယောက်ကြေးလဲ
ဆုတံဆိပ်နဲ့ အသက်
အလှဲအထပ်လုပ်ကြရင်း
(နောက်ဆုံး)
ဓာတ်ပုံဘေးမှာ အသက်မဲ့ဆုတံဆိပ်တွေ
ဘယ်သူစ တီထွင်လိုက်တဲ့ ကစားနည်းလဲ
ကလေးတွေဆော့လို့မရဘူး
လူကြီးအစစ်တွေ ပွဲကြည့်နေကြ
အမိန့်ပေးသူ
ဘယ်နှစ်ခါသေဖူးပြီလဲ ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar