Breaking News

ပီတာဂလန့် - အလကား​ကျော်စွာဘွဲ့နဲ့ ပုကျယ်ရဲ့ ကလီ​ရှေး​​​ သွေးခွဲနည်း

ပီတာဂလန့် - အလကား​ကျော်စွာဘွဲ့နဲ့ ပုကျယ်ရဲ့ ကလီ​ရှေး​​​ သွေးခွဲနည်း
(မိုးမခ) မတ် ၂၈၊ ၂၀၂၂

ပုကျယ်တစ်​ကောင်ဟာဖြင့် လုပ်လိုက်ရင် ​သောက်တလွဲချည့်ပဲ။ သူ့အ​မေ့လင် အဘ​တွေလုပ်ခဲ့တာမျိုး​တွေချည့်ပဲ တစ်သ​ဝေမတိမ်း လုပ်တတ်ပုံရတယ်။ ​အင်း​လေ ခမျာမလည်း ဉာဏ်ပုပြီး ဖင်​ခေါင်းကျယ်ဖို့ကလွဲလို့ ဘာမှမတတ်ရှာသူ ဖြစ်​နေတာကိုး။ ​ခေတ်မီ​သေးလား၊ မမီ​တော့ဘူးလားလည်း မသိ၊ ချဲ့ထွင် ​တွေး​ခေါ်နိုင်တဲ့ ဦး​​နှောက်လည်း ပါပုံမရ။ ဆို​တော့ သူ့အ​မေ့လင် အဘ​တွေ ​ရှေ့မှာ နှစ်​ပေါင်း ၇၀ ​လောက်က လုပ်ခဲ့တဲ့ လုပ်ထုံးလုပ်နည်း​တွေနဲ့ နှိုင်းကြည့်ရင် တစ်ပြားသားမှ မ​လျော့တာ ​တွေ့ရမယ်။

အခုကြည့်​လေ၊ သူ​ကောင်းပြု​ယောင်​ဆောင်ပြီး ​သွေးခွဲ​ရေး လုပ်နည်းကလည်း က​လေးကအစ ​ခွေးကအစ အကုန်သိတယ်။ စာ​ပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် စတဲ့ အနုပညာနယ်ပယ်က နိုင်ငံ​​တော်အဆင့်ဆု ရဖူးသူ​တွေကို ​သေဆုံးနှင့်သူ​တွေပါ မချန် ဆွဲ​စေ့ထားပုံက မြင်မိသူတိုင်း လူရယ်စရာ ဖြစ်​လို့​နေပါတယ်။ ​ဒီလိုလုပ်ပုံနည်းမျိုးကား ထူးလှဆန်းလှတယ် မဟုတ်ပါဘူး။ ဗိုလ်​နေဝင်း​ခေတ်တုန်းကလည်း ထိုနည်းလည်း​ကောင်း၊ ဗိုလ်သန်း​ရွှေ​ခေတ်တုန်းကလည်း ထိုနည်းလည်း​​ကောင်း။ အဟက် အဟက်လို့ပဲ ရယ်ချင်ပက်ကျိ ဖြစ်ရပါတယ်။

​သွားနှင့်သူ​တွေကို စာရင်းထည့်ပြီး ဆု​ပေးထားတာကလည်း ကျန်ရစ်သူ ​ဆွေမျိုးသားချင်း​တွေဆီထိ ​သွေးလှမ်းခွဲလိုက်တာပါပဲ။ ​မြေ​ခွေးဉာဏ်အတိပြီးတဲ့ ခင်ညွန့်ဆီက ​ချေးတုံးဉာဏ် ကူလိုက်တယ် ထင်ပါရဲ့။ ​သွေးကွဲ​နေမှ ဖက်ဆစ်အာဏာရှင်ကို တုံ့ပြန်နိုင်တဲ့ "အား" ​လျော့မှာကိုး။ လာပါလိမ့်အုံးမယ်။ အဲသည် အလကား​ကျော်စွာ ဘာညာသာရကာဘွဲ့​တွေ လက်ခံသူ လက်မခံသူ၊ ကျန်ရစ်သူ မိသားစု​ဆွေမျိုးသားချင်းကြားမှာ ဆု လက်ခံ​ရေး လက်မခံ​ရေး စတာ​တွေဟာ နှစ်ခြမ်းကွဲကြအုံးမှာ အ​သေအချာပါပဲ။ ဒီထဲမှာ အနုပညာ အား​ပေးခံစားသူ ပြည်သူ​တွေကြားမှာလည်း ထုံးစံအတိုင်း နှစ်ခြမ်းကွဲကြအုံးမှာပါပဲ။ ဘာလို့ လက်ခံရလဲ၊ ဘာတုန်းညာတုန်း​တွေ ​ရောက်လာပြီး ပွဲရှာသူ​တွေအတွက် ​ရော့ ဘယ်နှရက်ခံ တစ်ပွဲ​ပေါ့။

တစ်ခု​တော့​ကောင်းတယ်။ ပုကျယ် ဘာလုပ်ပြလုပ်ပြ ​နွေဦး​တော်လှန်​ရေး​အတွက် အ​ထောက်အပံ့ ဖြစ်​စေတာပါပဲ။ အုတ်​ရော​ရော ​ကျောက်​ရော​ရော​တွေ စစ်ချ​ပေးလို့ ​"ကျေးဇူးတင်ခ မအလ"လို့ ​ပြောရမယ်။ နိုမို့ဖြင့် ​တော်လှန်​ရေး​လှေကြုံစီးသူ​တွေများပြီး ​လှေမဆံ့တဲ့၊ မြစ်​ကြောင်ကျပ်မယ့်အဖြစ်မျိုး တိုး​​နေကြရင် မခက်ပါလား။

အဲသမှာ အဆုံးသတ်နိဂုံးအ​နေနဲ့ ပီတာဂလန့်ရဲ့သ​ဘောထား​လေး​တော့ ဖြည့်​ပြောမှ ​တော်မယ် ထင်ရဲ့။ မ​တော်တဆများ အဲသည် အလကား​ကျော်စွာ ဘာညာသာရကာဆုကြီးသာ ပီတာဂလန့်ကို စာရင်းတို့ကာ ​ပေးဖို့ကြိုးစားလာမယ်ဆိုရင်​တော့ ​ကျေ​ကျေနပ်ကြီး လက်ခံပါမည့်အ​ကြောင်း ​ကျေညာ​မောင်းခတ်ချင်ပါတယ်။ ရလာမယ့် ဆု​ကြေး ​ရွှေတံဆိပ် ​ငွေတံဆိပ် စတာ​တွေကို ထုခွဲပြီး အတိုရရ၊ အရှည်ရရ၊ နှုတ်ခမ်းနီဖိုးရရ၊ လက်သည်းဆိုး​ဆေးဖိုးရရ၊ မုန့်ဟင်းဖိုးရရ၊ နာနတ်သီးဖိုးရရ အသွင်း​ပြောင်းပြီး သကာလ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်​ကြော်ချင်ပါတယ် ဆိုတဲ့အ​ကြောင်း​​ပေါ့။ 

ဆုစာရင်းထဲ ပါသူ​တွေ​ကော အ​ဆွေအမျိုး​တွေ​ကော အဲသလိုလုပ်ပြီး သမိုင်း​ကြောင်းလှ​အောင် စွမ်း​ဆောင်ဖို့ မသင့်​ပေဘူးလားခင်ဗျား။

သရုပ်ဖော် - သန်းဌေးမောင်

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar