ဝင်းမြင့် - နွေ နံနက်
နွေ နံနက်
ဝင်းမြင့်
(မိုးမခ) မတ် ၁၃၊ ၂၀၂၂
နာရီဟောင်းတွေ
ပျက်ရင် ပြင်တယ် ။
ဦးနှောက်က
ရောက်ရင်
ပြန်လာဖို့ သံပတ်ပေးတယ်
နှလုံးသားက
မရောက်အောင် သွားနေမိတာပဲ ။
စွဲလန်းချင်လွန်း လို့
ငါ ပျက်စီးခဲ့သမျှ အချိန်တွေ ။
တိတ်ဆိတ်ချင်လွန်းလို့
အော်နေတဲ့ပန်းတွေ ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar