Breaking News

နေလင်း - အလင်းပြန်သစ်ရွက်

အလင်းပြန်သစ်ရွက်
နေလင်
(မိုးမခ) မတ် ၁၈၊ ၂၀၂၂


ပိတောက်ကရောက်တော့မယ်
ခြောက်အိပ်မက်က ပွဲကောင်းနေတုန်း
 
မရှုံးမှန်းသိပေမယ့်
ရင်းရတာ ဘယ်လောက်ရင်နာစရာကောင်းသလဲကွာ

တချို့က
သမိုင်းကိုရေးတော့ရေးတယ်
တောမီးလောင်အောင်တောကြောင်ရှို့နည်းနဲ့

သစ်ရွက်တွေကတော့
သူတို့ရှင်သန်ခြင်းကို သစ်ပင်ကိုပေးလှူရင်းနဲ့
ဖြတ်သန်းမြဲ

မွန်မြတ်ခြင်းဆိုတာထက်
ဘယ်အရောင်ကများ ပိုလင်းလက်မှာလဲ။ ။ ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar