Breaking News

ကြည်နိုင် - အို မိခင်

ကြည်နိုင် - အို  မိခင် 
(မိုးမခ) မတ် ၂၅၊ ၂၀၂၂

(၁)
အဆော့သန် 
ကော့လန်ရင်း တွန်းထိုး။ 
လူဆိုးဆို အမေမုန်းရဲ့ 
ပြုံးတဲ့ ဆိုရိုး။ 
အမေ့ရင်ခွင် တိုးခွေ့ဝင် 
အစဉ် ချမ်းမြေ့ရဲ့။ 
အို အေး အို 
တေးချိုချို သံစဉ်ကြား 
မေ့သား ပျော်ခဲ့။ 

(၂)
ကြယ်တာရာရှင် 
ဝေးကွာစဉ်တုန်း။ 
တိမ်မည်းညို ဆိုးသရုပ် 
စိုးအုပ် ပိတ်ဖုံး။ 
လောကအလယ် 
သောကကြွယ် ကြုံရ။ 
မိခင်ကို သတိရ 
ပြန်လည် တမ်းတ။ 

(၃)
သောကကို ဖြတ်ကျော် 
မောဟကို ဖြတ်ကျော် 
ဇာနီမော် သမီး သား။ 
အမေ့ရဲ့ နှိုးဆော်သံ 
ပဲ့တင်ပြန် ကြားနေဆဲ 
အောင်ဇွဲ ခွန်အား။  ။

ကြည်နိုင် 
၂၄ ၊ ၃၊ ၂၀၂၂

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar