Breaking News

ဝင်းမြင့် - ရပ်ကွက်

ရပ်ကွက်
ဝင်းမြင့်
(မိုးမခ) ဧပြီ ၂၊ ၂၀၂၂

နေလှန်းထားတာ
တစ်ထည်
ခေါက်သိမ်းထားတဲ့ တစ်ထည် ။
ကိုယ်ပေါ်မှာ
ရော်ရီနေတဲ့ စိတ်အခြေအနေတွေနဲ့
တစ်ထည် ။
နာရီထဲ
ထည့်လျှော်ရ 
အချိန် ထပ်ရ သေးရင်
မြေနီလမ်းဖက် ထွက်လှမ်း မယ်
နေရောင်လေးပြန်ရ ဖို့ နဲ့
ဖိနပ်လည်း သွားတတ် လာတတ်ဖို့ ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar