Breaking News

လူခါးခါး - နောက်ဆုံးတိုက်ပွဲ

လူခါးခါး - နောက်ဆုံးတိုက်ပွဲ
(မိုးမခ) မေ ၇၊ ၂၀၂၂

သမိုင်းဆရာလက်ထဲက
ကျည်ဆံတစ်တောင့်ထွက်ကျလာတယ်
ရှစ်လေးလုံးကိုမမေ့ဘူး
မဝင်းမော်ဦးကိုမမေ့ဘူး
ငါ့တို့သီချင်းဟာ ကမ္ဘာမကြေဘူး။

ဖေဖော်ဝါရီ (၁) ရက်
ကမ္ဘာမကြေဘူးဟေ့
ကမ္ဘာမကြေဘူးကွ
သမိုင်းဆရာလက်ထဲက
ကျည်ဆံတတောင့်ဟာ
ညီမလေးမြသွဲ့သွဲ့ခိုင်ကိုမှန်တယ်
ညီမလေးတင်မဟုတ်ပါဘူး
ပြည်သူလူထုတစ်ရပ်လုံးကိုမှန်တယ်
ငါ့တို့နှလုံးသားကိုမှန်တယ်
ငါတို့အနာဂတ်တွေကို လည်
မှုန်းဝါးသွားစေခဲ့တယ်။

နောက်မဆုတ်နဲ့
ဒါနောက်ဆုံးတိုက်ပွဲ
ဖောင်ပျက်ထားကြ
သူတို့မှာလက်နက်ရှိတယ်
ငါတို့မှာစိတ်ဓာတ်ရှိတယ်
မြေ့နေအောင်သေွးထားတဲ့
စိတ်ဓာတ်နဲ့ ဒီနွေဦးကိုတိုက်မယ်။

ဒါနောက်ဆုံးတိုက်ပွဲ
နောက်မဆုတ်နဲ့
ဒါနောက်ဆုံးတိုက်ပွဲ
နောက်မဆုတ်နဲ့

နောက်မဆုတ်နဲ့ 
ဒါနောက်ဆုံးတိုက်ပွဲ...။

လူခါးခါး

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar