ဝဇီရာဒီဖိုး - ရှက်တတ်ရင်
ရှက်တတ်ရင်
ဝဇီရာဒီဖိုး
(မိုးမခ) ဇွန် ၁၂၊ ၂၀၂၂
အမဂ်လာခေတ်ကြီးမှာ
"မဂ်လာပါလို့" နှုတ်ခွန်းဆက်ရမှာ
ငါ ရှက်တယ်။
တိုင်းပြည်အတွက်
အသက်တွေပေးနေကြရတဲ့အချိန်
မွေးနေ့ပွဲလုပ်ရမှာ
ငါ ရှက်တယ်။
ကျောင်းဆရာလေးတွေ
ကျောင်းဆရာမလေးတွေ
သေနတ်ကိုင်နေကြရတဲ့အချိန်
ငါ့သား ငါ့မြေးတွေ ကျောင်းထားရမှာ
ငါ ရှက်တယ်။
ရှက်တတ်သူတွေမှ
ရှက်တတ်ကြ
မရှက်တတ်သူတွေအတွက်လည်း
ငါ ရှက်ရ။
ယိုသူမရှက် မြင်သူရှက်
အနေချောင်ရင် အသေကြပ်လိမ့်။
ဒီလိုတွေကြောင့်
နွေဦးရေ....
ငါ ရှက်ရပေါ့။ ။
12:38, 10-6-2022
တတယပက
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar