Breaking News

စိုးနောင် (မုံရွာ) - စစ်လောင်ပြင်

စိုးနောင် (မုံရွာ) - စစ်လောင်ပြင်
(မိုးမခ) ဇူလိုင် ၃၊ ၂၀၂၂

ရှင်ကွဲမှာ
သွေးတွေပေလို့
သေကွဲမှာ
မီးတွေလောင်လို့။

မျက်ရည်တွေဟာ
ချွေးလိုထွက်လို့
ချွေးတွေဟာ
ရေတံခွန်လိုစီးကျလို့။

တစ်စစီကွဲကြေနေတဲ့ဘဝတွေကို
ဒေါသပြင်းပြင်းနဲ့ရောလိုက်တယ်
ပေါက်ကွဲသံတွေတအုန်းအုန်း။

ဆေးဖျန်းပုံးက
ခလုတ်ကိုနှိပ်လိုက်တယ်
ကျည်ဆန်တွေတဖွားဖွား။

ရှားစောင်း လက်ပံ ကန္တာရ
လာမထိနဲ့
သစ်ပင်တွေမှာ
​မြည့်နေအောင်သွေးထားတဲ့
သေနတ်ကိုယ်စီနဲ့။    ။

စိုးနောင် (မုံရွာ)

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar