Breaking News

ခိုင်မျိုး -

ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) ဩဂုတ် ၄၊ ၂၀၂၂

အကြွေစေ့တွေဟာ
အိမ်ခေါင်မိုးပေါ်ကအရည်ပျော်ကျလာပြီး
စက္ကူတွေအဖြစ်အသွင်ပြောင်းသွားတယ်
ခွေးများရဲ့အူသံဟာ
အဆက်မပြတ်မြည်နေလေရဲ့
ကျီးတွေပြိုသလို ငါတို့ပြိုခဲ့ကြတဲ့နေ့တွေကရော
ပြိုကျပျက်သုဉ်းနေခဲ့လေသလား
တရားနဲ့ဖြေခဲ့တဲ့သက်တမ်းထဲ
လမ်းတွေကန်းနေခဲ့ပြီလား
ပိုးလမ်းမပေါ်မှာအစာရှာနေကြပုံဟာဆန်းကြယ်ပါတယ်
လွတ်လပ်ရေးကရပြီးခဲ့တာကြာပြီ
ကျွန်ဘဝမှာအခုအထိမွေ့ပျော်နေခဲ့ရပုံကို
မသိတာသာခက်ခဲ့တယ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar