Breaking News

စံ ညိမ်း ဦး - ပြတင်းပေါက်

Image - Crd
ပြတင်းပေါက်
စံ ညိမ်း ဦး
(မိုးမခ) ဩဂုတ် ၁၀ ၊ ၂၀၂၂

နေကြာပန်းခင်းကြီးနဲ့လည်းလိုက်ပြီးမပွင့်ဖြစ်ခဲ့ဘူး။ ဓားသွားကို အိမ်ပြန်မရောက်တဲ့လေထုလို တရက်ချင်း မျိုနေတယ်။
ကျောက်ခဲတွေနဲ့ဆောက်တဲ့မီးပြတိုက်မို့ ကျောက်ခဲနဲ့ပဲပစ်ပေါက်ခဲ့ကြတယ်။ လွင်ပြင်တခုလုံးကျိူးကျေနေတဲ့ကြားက လက်သီးကိုကျစ်ကျစ်ဆုပ်ပြီး ယိုစီးလို့။

လျှာထဲ လျှို့ဝှက်စွာဝင်သွားတဲ့ရေခဲမုန့်လို ဘာခြေသံမှမကြားရတာနဲ့ ရေခဲမုန့်မရှိခဲ့ဘူးလို့ ငြင်းချင်တာလား။ ဥပမာ။ ။ ဝါယာလက်ဖွင့်ပြီး ကားက အနမ်းရှိရာဆီလည်း ဘရိတ်ပေါက်ဖူးမယ်။ ညှော်လို့။

ဒီဘဝ၊ ဒီရုပ်၊ ဒီခန္ဓာ၊ ဒီအင်ဂျင်၊ ဒီဓာတ်ပုံ၊ ဒီအရက်ခွက်၊ ဒီတော်လှန်ရေး၊ ဒီသွေးတိုးမှု၊ ဒီလိင်ကိစ္စ ၊ ဒီဥပါဒါန်၊ ဒီစိတ်ကြီးဝင်မှု၊ ၁ မှ ၄၆ ထိ ရေတွက်ပြီးသော ဒီကွေ့ကောက်မှု။
ဖြစ်ရလေ၊ တရားမျှတမှုရဲ့အလောင်းကိုထမ်းပြီး စကြာဝဠာထဲ အရူးတပိုင်းလို ပြေးနေတဲ့ နေနဲ့လအောက် ဘာဆုကို ပြည့်ချင်ခဲ့တာတဲ့လဲ။

ထို့နောက် ဗလာစာရွက်၊ ပြန်ဆိုတေး၊ပြန်လည် သရုပ်ဆောင်မှု၊ခေါင်းကိုက်ပျောက်ဆေး၊၁၉၇၆ ခုနဲ့ တနင်္လာနေ့ဟာ အမှားကြီးမှားခဲ့တယ်။

စံ ညိမ်း ဦး
၉၈၂၂
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar