Breaking News

ကိုကိုးနပ် - Comeback

Photo- Crd
Comeback
ကိုကိုးနပ်
(မိုးမခ) ဩဂုတ် ၉၊ ၂၀၂၂

ရှန်ဂရီလာအကွယ်ကနေ
ထီးဆွဲထွက်လိုက်ပုံက
တကယ့်မြို့ပြသူပုန်ပဲ ဉာဏ်ပညာ
ချစ်သူမျက်နှာမငယ်စေဖို့
နားကပ်လေးချွတ်ရောင်း မောင်းပြန်ဖိုးဖြည့်ရာ
တောအလှ ချစ်ခြင်းတရား
ရှစ်လေးလုံးရဲ့ 
မပြီးဆုံးသေးသောဇာတ်ကို လက်စသတ်ဖို့တဲ့ 
သူတို့ သူတို့ရဲ့ ရင်တွင်းအနုပညာ။

8-8-2022(13:00)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar