ဆက်ဝေမိုး - သရဲကား
ဆက်ဝေမိုး - သရဲကား
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၂၂
မြည်းကြည့်ပြီးမှ ဝယ်လို့ရတဲ့ထဲမှာ ဘဝမပါဘူး။
ကာလသုံးပါးခံတဲ့ ဖိနပ်တရန် လိုက်ရှာနေတာ
ငုံကြည့်လိုက်မှ ကိုယ့်ကိုယ်ကိုယ် ချစီးထားတာပဲ
မာနက အရပ်နဲ့လွတ်နေသေးတဲ့ပုံ
ဖနှောင့်ကိုနေ့တိုင်း လှီး လှီးနေရတာနဲ့
ဒီရင်ဘတ်ကို ကမန်းကတန်း ပြန်စမ်းမိလိုက်တာ
တွေ့ပြီ
ရင်ဘတ်တောင်မရှိတော့တဲ့ ရင်ဘတ်ကြီး။ ။
ဆက်ဝေမိုး
၃.၉.၂၀၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar