Breaking News

အောင်ဝေး - လက်ယက်ကုန်းဂွာယာနီကာ

လက်ယက်ကုန်းဂွာယာနီကာ
အောင်ဝေး
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၂

သောကြာနေ့ဟာ
ကမ္ဘာပျက်ခဲ့တယ်။
၂၀၂၂ စက်တင်ဘာ ၁၆
သောကြာနေ့ဟာ
ကမ္ဘာပျက်ခဲ့တယ်။
လက်ယက်ကုန်းရွာ
၂၀၂၂ စက်တင်ဘာ ၁၆
သောကြာနေ့ဟာ
ကမ္ဘာပျက်ခဲ့တယ်။
ဒီပဲယင်း
လက်ယက်ကုန်းရွာ
၂၀၂၂ စက်တင်ဘာ ၁၆
သောကြာနေ့ဟာ
ကမ္ဘာပျက်ခဲ့တယ်။
"အသားစတွေကောက်ပြီး
သင်္ဂြိုဟ်ခဲ့ရတယ်"
"သူတို့အင်္ကျီစလေးတွေနဲ့
လိပ်ပြာခေါ်ခဲ့ရတယ်"
"သွားသစ်လဲစ၊ ကျောင်းနေစဟု
လောကနံရံ၊ ငါ၏မှန်တွင်
ကျောက်တံငယ်နှင့်
ရေးခြယ်လိုက်ရာ၊ ခြစ်လိုက်ရာ
ပီကာဆို၏ဂွာယာနီကာပန်းချီကား"(တင်မိုး)*
လက်ယက်ကုန်းဟာ
ဂွာယာနီကာဖြစ်ရပေါ့
လက်ယက်ကုန်းဂွာယာနီကာ။
အပ်တိုတစ်ချောင်းတောင်မပါတဲ့
အမျိုးကောင်းသမီးတစ်ယောက်ကို
သေနတ်ကိုင်ထားတဲ့စစ်ဗိုလ်တွေက
(အကြောက်တရားနဲ့)
အသေသတ်ဖို့ကြံခဲ့တဲ့
ဒီပဲယင်း။(၂၀၀၃ မေ ၃၀)
အဲဒီ ဒီပဲယင်းပါပဲ
ခေတ်ချင်းမတူပေမဲ့
(စစ်အာဏာရှင်မတူပေမဲ့)
လူမဆန်တာချင်းတူတယ်
ရက်စက်ယုတ်မာတာချင်းတူတယ်
ဒေဝဒတ်နဲ့အဇာတသတ်က
ဆရာခေါ်ရတာချင်းတူတယ်။
တူတယ်
စပိန်ပြည်တွင်းစစ်မှာ
ဖရန်ကိုရမ်းကားခဲ့သလို။ (၁၉၃၆)
တူတယ်
ဒုတိယကမ္ဘာစစ်ကြီးထဲ
ဟစ်တလာနဲ့မူဆိုလီနီရမ်းကားခဲ့သလို။ (၁၉၃၉)
သင်းတို့ရမ်းကားလိုက်ကြပုံ
မင်းအောင်လှိုင်စစ်ခွေးတစ်သိုက်
လက်ယက်ကုန်းဟာ
အသက်ကိုအသက်နဲ့ပိုက်ထားရတယ်။
"အသားစတွေကောက်ပြီး
သင်္ဂြိုဟ်ခဲ့ရတယ်"
"သူတို့အင်္ကျီစလေးတွေနဲ့
လိပ်ပြာခေါ်ခဲ့ရတယ်"
အခု
ငါ လိပ်ပြာခေါ်လိုက်ပြီ။
မောင်ဘုန်းတေဇ (အသက် ၇ နှစ်)
သားလေးရေ
မင်းကြီးလာရင်
မိစ္ဆာသွေးနဲ့
ဖိတ်စာရေးရမယ်။
ဖိတ်စာရေးရင်
ဒိတ်**ဟာ
အမြဲတမ်း စက်တင်ဘာ ၁၆၊ ၂၀၂၂။
အခု
ငါ လိပ်ပြာခေါ်လိုက်ပြီ။
မစုရတီလှိုင် (အသက် ၇ နှစ်)
သမီးလေးရေ
သမီးကြီးလာရင်
မိစ္ဆာသွေးနဲ့
လိပ်ပြာဆေးရမယ်။
လိပ်ပြာဆေးရင်
စိတ်မှာ
အမြဲတမ်း စက်တင်ဘာ ၁၆၊ ၂၀၂၂။
သောကြာနေ့ဟာ
ကမ္ဘာပျက်ခဲ့တယ်။
စာသင်ခန်းလေးတစ်ခု
စာသင်ကျောင်းလေးတစ်ခု
အညာသီရံယဥ်ကျေးမှုနဲ့
ရိုးသားတဲ့လူထု။
ခေတ်မှုတစ်ခုကနေ
ခေတ်မှုတစ်ခုဆီ
ချစ်မှုတစ်ခုကနေ
ချစ်မှုတစ်ခုဆီ
စုန်ချည်ဆန်ချည်ကျေးလက်။
ဒီအရပ်မှာ
ဒီဇာတ်နဲ့
ဒီဓာတ်ပြားပဲဖွင့်ခဲ့တာပါ။
"မဟာဓမ္မရံသီ"ဆိုတာ
ဘုန်းကြီးကျောင်းတစ်ကျောင်းပါ။
စစ်ခွေးအပေါင်းဟာ
ဘုန်းကြီးကျောင်းကိုဘုန်းကြီးကျောင်းမှန်း
မသိကြတော့ဘူး။
မျက်စိပိတ်
နားပိတ်
ပါးစပ်ပိတ်တို့ကလည်း
အဲဒီ အဟိတ်တိရစ္ဆာန်တွေကိုမတားကြတော့ဘူး။
သရဏဂုံတသောသော
ဘုံအကြီးကြီးငေါတဲ့
အလဇ္ဇီတွေပေါနေသမျှ။
တောကဘုရားမီးလောင်
မြို့ကဘုရားကျည်သင့်။
ဘုန်းကြီးရူးနဲ့လှေလူး
အခုက
ဗုဒ်ပေါနဲ့ပျူစောထီး။
ဗုဒ်ပေါဒလန်
ပျူစောထီးဒလန်
စစ်ကျွန်နှစ်နံစပ်တွေ။
တို့အညာရပ်
သန်းဒဟတ်ပင်တွေပေါသလို
တောထနေပေါ့။
ဘုန်းကြီးမွေးထားတဲ့ခွေးမဲလုံးကြီး
ခေါင်းထောင်ကြည့်လိုက်တော့
ဟော- စစ်ရဟတ်ယာဥ်လေးစင်း
ရွာပေါ်ချဥ်းလာရဲ့။
ဒီဘုန်းကြီးကျောင်းမှာ
ကလေးတွေစာအံနေကြတာပါ။
ဒီဘုန်းကြီးကျောင်းလေးမှာ
ဆရာ၊ ဆရာမတွေစာသင်နေကြတာပါ။
ဖီးကြမ်းမနိုင် ရခိုင်မဲ
ဒလန်က ဒလန်ပဲ။
ရဟတ်ယာဥ်တွေဝဲတော့
ယာခင်းအစပ်က
ချိုးလင်းပြာငှက်ကလေး
ဘေးကင်းရာလန့်ပြေးသွားတယ်။
မပြေးနိုင်တဲ့
ကလေးတွေနဲ့ရွာသားတွေ
သေပွဲဝင်ရတယ်။
ရဟတ်ယာဥ်နှစ်စင်းက
တစ်နာရီကြာ
ရွာကိုပတ်ပြီး
ဘုန်းကြီးကျောင်းကိုအဆက်မပြတ်ပစ်တယ်။
ရဟတ်ယာဥ်နှစ်စင်းပေါ်က
ဆင်းချလာတဲ့
စစ်ခွေးအကောင်ရှစ်ဆယ်
ရွာထဲ တရကြမ်းဝင်စီးနင်းတယ်။
လူသတ်အလောင်းပြန်မပေးတဲ့
မအလဒေါင်းဇားတွေ
ကျောင်သားနဲ့
ဆရာမတွေ
ပြန်ပေးဆွဲသွားတယ်။
"အသားစတွေကောက်ပြီး
သင်္ဂြိုဟ်ခဲ့ရတယ်"
"သူတို့အင်္ကျီစလေးတွေနဲ့
လိပ်ပြာခေါ်ခဲ့ရတယ်"
အခု
ငါ လိပ်ပြာခေါ်လိုက်ပြီ။
မဇင်နွယ်ဖြိုး (အသက် ၉ နှစ်)
မဝင်းဝင်းခိုင် (အသက် ၁၁ နှစ်)
မောင်စိုးမင်းဦး (အသက် ၁၃ နှစ်)
မောင်ဇင်ကိုဦး (အသက် ၁၄ နှစ်)
မောင်အောင်အောင်ဦး (အသက် ၁၆ နှစ်)
သားတို့၊ သမီးတို့ရေ
တစ်နေ့
မင်းတို့လူဖြစ်ကြီးပြင်းလာတဲ့အခါ။
ဒီနေရာမှာ
သောကြာနေ့ဟာ
ကမ္ဘာပျက်ခဲ့တဲ့အကြောင်း
ပြန်ပြောင်းအမှတ်ရကြမယ်။
ခုလက်ငင်း
စစ်ခွေးကြီးမင်းအောင်လှိုင်
သူ့မြေးလေးယောက်
ကျောင်းမလွှတ်တော့ဘူးတဲ့။
ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့ကောင်
ဘာမဆိုကြောက်ပြန်တာပဲ။
သေနတ်ကိုင်ထားတဲ့စစ်သားက
ခဲတံအတိုလေးတွေပဲ
ကိုင်ထားတဲ့
သားတို့၊ သမီးတို့ကိုကြောက်နေပြီလေ။
ငါ့သားတို့၊ ငါ့သမီးတို့
ဆုံးအောင်မကြည့်လိုက်ရတဲ့
"ဝိပါက"ဇာတ်လမ်းတွဲထဲကလိုပေါ့။
တစ်နေ့မဟုတ်တစ်နေ့
မင်းအောင်လှိုင်မြေးတွေ
ဝိပါကရမယ်၊ မုချ။
ဘုန်းကြီးကျောင်းကိုစီးနင်းတယ်
စာသင်ကျောင်းကိုစီးနင်းတယ်
ချစ်ခြင်းမေတ္တာကိုစီးနင်းတယ်
ဉာဏ်ပညာကိုစီးနင်းတယ်။
ဝိပါက်က
နောက်ရထားနဲ့လိုက်လာပြီ။
နေဝင်း
သေခြင်းဆိုးနဲ့သေတယ်။
လူဆိုးဗိုလ်ကြီးရွှေရွှေ
စာဖတ်ရင်းသေနေတယ်။
ဆက်ဒမ်ဟူစိန်
ကြိုးစင်ပေါ်မှာ
ဂိန်သွားပြီ။
ကဒါဖီအလောင်း
ရေသိုးမြောင်းထဲ
မြင်မကောင်းဘူး။
ဝဋ်ဆိုတာ
ဗီဇာနဲ့လေယာဥ်လက်မှတ်မလိုဘူး။
စစ်ရဟတ်ယာဥ်လေးစင်း
သေမင်းလေးကောင်
ဒီပဲယင်းကို
သေအောင်မသတ်နိုင်ပါဘူး။
၂၀၀၃ မှာ
ဒေါ်အောင်ဆန်းစုကြည်မသေဘူး
စိုးဝင်းသေသွားတယ်
မှတ်ထား။
၂၀၀၃ မှာ
ဒေါ်အောင်ဆန်းစုကြည်မသေဘူး
တောင်သာအောင်သောင်းသေသွားတယ်
မှတ်ထား။
သောကြာနေ့ဟာ
ရွာပျက်တာမဟုတ်
ကမ္ဘာပျက်ခဲ့ပြီ။
PDF မနိုင်
မင်းအောင်လှိုင်
မဆိုင်တဲ့အပေါက်
ဂလိုင်နဲ့ခေါက်။
ငရဲရောက်မဲ့ရထားက
နေပြည်တော်နားကပ်နေပြီ။
"အသားစတွေကောက်ပြီး
သင်္ဂြိုဟ်ခဲ့ရတယ်"
"သူတို့အင်္ကျီစလေးတွေနဲ့
လိပ်ပြာခေါ်ခဲ့ရတယ်"
အခု
ငါ လိပ်ပြာခေါ်လိုက်ပြီ။
ကိုအောင်ချစ်မိုး (အသက် ၂၂ နှစ်)
ကိုတင်စိုးခိုင် (အသက် ၃၁ နှစ်)
ကိုအောင်စောထွေး (အသက် ၃၄ နှစ်)
မယု (အသက် ၃၇ နှစ်)
ဦးကျော်ထွန်း (အသက် ၄၉ နှစ်)
အမည်မသိ(အသက်မသိ)တစ်ဦး။
ငါ့ညီတို့၊ ငါ့နှမတို့ရေ
တစ်နေ့ကျရင်
မင်းတို့သွေး မြေခတဲ့
ဟောဒီ လက်ယက်ကုန်းဆိုတဲ့
လက်ယက်ကုန်းဟာလေ။
မင်းအောင်လှိုင်
မြေကြီးလက်နဲ့ယက်
အဝီစိဇောက်ထိုးဆင်းသွားတဲ့ကုန်း
လက်ယက်ကုန်းလို့
ရာဇဝင်တွင်ဦးတော့မယ်။
လက်ယက်ကုန်းလေ
ငါတို့ဘိုးဘေးတွေ
အသက်ထက်ဆုံးခေါင်းချသွားတဲ့
လက်ယက်ကုန်း။
လက်ယက်ကုန်းဟာ
ပြန်လာမယ်။
အညာသီရံဂွာယာနီကာဟာ
ပြန်လာမယ်။
ဘုန်းတေဇကျိန်စာနဲ့
ဝိပါက လေးနဲ့မြားကိုလွယ်လို့ပေါ့။ ။
အောင်ဝေး
(၉၊ ၂၀၊ ၂၂)
* ပျက်ပြယ်သွားသောအိပ်မက်ငယ်ကဗျာမှ။
Pablo Picasso's "Guernica"(1937)
** Date
လက်ယက်ကုန်းဂွာယာနီကာ
(အောင်ဝေး)
သောကြာနေ့ဟာ
ကမ္ဘာပျက်ခဲ့တယ်။
၂၀၂၂ စက်တင်ဘာ ၁၆
သောကြာနေ့ဟာ
ကမ္ဘာပျက်ခဲ့တယ်။
လက်ယက်ကုန်းရွာ
၂၀၂၂ စက်တင်ဘာ ၁၆
သောကြာနေ့ဟာ
ကမ္ဘာပျက်ခဲ့တယ်။
ဒီပဲယင်း
လက်ယက်ကုန်းရွာ
၂၀၂၂ စက်တင်ဘာ ၁၆
သောကြာနေ့ဟာ
ကမ္ဘာပျက်ခဲ့တယ်။
"အသားစတွေကောက်ပြီး
သင်္ဂြိုဟ်ခဲ့ရတယ်"
"သူတို့အင်္ကျီစလေးတွေနဲ့
လိပ်ပြာခေါ်ခဲ့ရတယ်"
"သွားသစ်လဲစ၊ ကျောင်းနေစဟု
လောကနံရံ၊ ငါ၏မှန်တွင်
ကျောက်တံငယ်နှင့်
ရေးခြယ်လိုက်ရာ၊ ခြစ်လိုက်ရာ
ပီကာဆို၏ဂွာယာနီကာပန်းချီကား"(တင်မိုး)*
လက်ယက်ကုန်းဟာ
ဂွာယာနီကာဖြစ်ရပေါ့
လက်ယက်ကုန်းဂွာယာနီကာ။
အပ်တိုတစ်ချောင်းတောင်မပါတဲ့
အမျိုးကောင်းသမီးတစ်ယောက်ကို
သေနတ်ကိုင်ထားတဲ့စစ်ဗိုလ်တွေက
(အကြောက်တရားနဲ့)
အသေသတ်ဖို့ကြံခဲ့တဲ့
ဒီပဲယင်း။(၂၀၀၃ မေ ၃၀)
အဲဒီ ဒီပဲယင်းပါပဲ
ခေတ်ချင်းမတူပေမဲ့
(စစ်အာဏာရှင်မတူပေမဲ့)
လူမဆန်တာချင်းတူတယ်
ရက်စက်ယုတ်မာတာချင်းတူတယ်
ဒေဝဒတ်နဲ့အဇာတသတ်က
ဆရာခေါ်ရတာချင်းတူတယ်။
တူတယ်
စပိန်ပြည်တွင်းစစ်မှာ
ဖရန်ကိုရမ်းကားခဲ့သလို။ (၁၉၃၆)
တူတယ်
ဒုတိယကမ္ဘာစစ်ကြီးထဲ
ဟစ်တလာနဲ့မူဆိုလီနီရမ်းကားခဲ့သလို။ (၁၉၃၉)
သင်းတို့ရမ်းကားလိုက်ကြပုံ
မင်းအောင်လှိုင်စစ်ခွေးတစ်သိုက်
လက်ယက်ကုန်းဟာ
အသက်ကိုအသက်နဲ့ပိုက်ထားရတယ်။
"အသားစတွေကောက်ပြီး
သင်္ဂြိုဟ်ခဲ့ရတယ်"
"သူတို့အင်္ကျီစလေးတွေနဲ့
လိပ်ပြာခေါ်ခဲ့ရတယ်"
အခု
ငါ လိပ်ပြာခေါ်လိုက်ပြီ။
မောင်ဘုန်းတေဇ (အသက် ၇ နှစ်)
သားလေးရေ
မင်းကြီးလာရင်
မိစ္ဆာသွေးနဲ့
ဖိတ်စာရေးရမယ်။
ဖိတ်စာရေးရင်
ဒိတ်**ဟာ
အမြဲတမ်း စက်တင်ဘာ ၁၆၊ ၂၀၂၂။
အခု
ငါ လိပ်ပြာခေါ်လိုက်ပြီ။
မစုရတီလှိုင် (အသက် ၇ နှစ်)
သမီးလေးရေ
သမီးကြီးလာရင်
မိစ္ဆာသွေးနဲ့
လိပ်ပြာဆေးရမယ်။
လိပ်ပြာဆေးရင်
စိတ်မှာ
အမြဲတမ်း စက်တင်ဘာ ၁၆၊ ၂၀၂၂။
သောကြာနေ့ဟာ
ကမ္ဘာပျက်ခဲ့တယ်။
စာသင်ခန်းလေးတစ်ခု
စာသင်ကျောင်းလေးတစ်ခု
အညာသီရံယဥ်ကျေးမှုနဲ့
ရိုးသားတဲ့လူထု။
ခေတ်မှုတစ်ခုကနေ
ခေတ်မှုတစ်ခုဆီ
ချစ်မှုတစ်ခုကနေ
ချစ်မှုတစ်ခုဆီ
စုန်ချည်ဆန်ချည်ကျေးလက်။
ဒီအရပ်မှာ
ဒီဇာတ်နဲ့
ဒီဓာတ်ပြားပဲဖွင့်ခဲ့တာပါ။
"မဟာဓမ္မရံသီ"ဆိုတာ
ဘုန်းကြီးကျောင်းတစ်ကျောင်းပါ။
စစ်ခွေးအပေါင်းဟာ
ဘုန်းကြီးကျောင်းကိုဘုန်းကြီးကျောင်းမှန်း
မသိကြတော့ဘူး။
မျက်စိပိတ်
နားပိတ်
ပါးစပ်ပိတ်တို့ကလည်း
အဲဒီ အဟိတ်တိရစ္ဆာန်တွေကိုမတားကြတော့ဘူး။
သရဏဂုံတသောသော
ဘုံအကြီးကြီးငေါတဲ့
အလဇ္ဇီတွေပေါနေသမျှ။
တောကဘုရားမီးလောင်
မြို့ကဘုရားကျည်သင့်။
ဘုန်းကြီးရူးနဲ့လှေလူး
အခုက
ဗုဒ်ပေါနဲ့ပျူစောထီး။
ဗုဒ်ပေါဒလန်
ပျူစောထီးဒလန်
စစ်ကျွန်နှစ်နံစပ်တွေ။
တို့အညာရပ်
သန်းဒဟတ်ပင်တွေပေါသလို
တောထနေပေါ့။
ဘုန်းကြီးမွေးထားတဲ့ခွေးမဲလုံးကြီး
ခေါင်းထောင်ကြည့်လိုက်တော့
ဟော- စစ်ရဟတ်ယာဥ်လေးစင်း
ရွာပေါ်ချဥ်းလာရဲ့။
ဒီဘုန်းကြီးကျောင်းမှာ
ကလေးတွေစာအံနေကြတာပါ။
ဒီဘုန်းကြီးကျောင်းလေးမှာ
ဆရာ၊ ဆရာမတွေစာသင်နေကြတာပါ။
ဖီးကြမ်းမနိုင် ရခိုင်မဲ
ဒလန်က ဒလန်ပဲ။
ရဟတ်ယာဥ်တွေဝဲတော့
ယာခင်းအစပ်က
ချိုးလင်းပြာငှက်ကလေး
ဘေးကင်းရာလန့်ပြေးသွားတယ်။
မပြေးနိုင်တဲ့
ကလေးတွေနဲ့ရွာသားတွေ
သေပွဲဝင်ရတယ်။
ရဟတ်ယာဥ်နှစ်စင်းက
တစ်နာရီကြာ
ရွာကိုပတ်ပြီး
ဘုန်းကြီးကျောင်းကိုအဆက်မပြတ်ပစ်တယ်။
ရဟတ်ယာဥ်နှစ်စင်းပေါ်က
ဆင်းချလာတဲ့
စစ်ခွေးအကောင်ရှစ်ဆယ်
ရွာထဲ တရကြမ်းဝင်စီးနင်းတယ်။
လူသတ်အလောင်းပြန်မပေးတဲ့
မအလဒေါင်းဇားတွေ
ကျောင်သားနဲ့
ဆရာမတွေ
ပြန်ပေးဆွဲသွားတယ်။
"အသားစတွေကောက်ပြီး
သင်္ဂြိုဟ်ခဲ့ရတယ်"
"သူတို့အင်္ကျီစလေးတွေနဲ့
လိပ်ပြာခေါ်ခဲ့ရတယ်"
အခု
ငါ လိပ်ပြာခေါ်လိုက်ပြီ။
မဇင်နွယ်ဖြိုး (အသက် ၉ နှစ်)
မဝင်းဝင်းခိုင် (အသက် ၁၁ နှစ်)
မောင်စိုးမင်းဦး (အသက် ၁၃ နှစ်)
မောင်ဇင်ကိုဦး (အသက် ၁၄ နှစ်)
မောင်အောင်အောင်ဦး (အသက် ၁၆ နှစ်)
သားတို့၊ သမီးတို့ရေ
တစ်နေ့
မင်းတို့လူဖြစ်ကြီးပြင်းလာတဲ့အခါ။
ဒီနေရာမှာ
သောကြာနေ့ဟာ
ကမ္ဘာပျက်ခဲ့တဲ့အကြောင်း
ပြန်ပြောင်းအမှတ်ရကြမယ်။
ခုလက်ငင်း
စစ်ခွေးကြီးမင်းအောင်လှိုင်
သူ့မြေးလေးယောက်
ကျောင်းမလွှတ်တော့ဘူးတဲ့။
ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့ကောင်
ဘာမဆိုကြောက်ပြန်တာပဲ။
သေနတ်ကိုင်ထားတဲ့စစ်သားက
ခဲတံအတိုလေးတွေပဲ
ကိုင်ထားတဲ့
သားတို့၊ သမီးတို့ကိုကြောက်နေပြီလေ။
ငါ့သားတို့၊ ငါ့သမီးတို့
ဆုံးအောင်မကြည့်လိုက်ရတဲ့
"ဝိပါက"ဇာတ်လမ်းတွဲထဲကလိုပေါ့။
တစ်နေ့မဟုတ်တစ်နေ့
မင်းအောင်လှိုင်မြေးတွေ
ဝိပါကရမယ်၊ မုချ။
ဘုန်းကြီးကျောင်းကိုစီးနင်းတယ်
စာသင်ကျောင်းကိုစီးနင်းတယ်
ချစ်ခြင်းမေတ္တာကိုစီးနင်းတယ်
ဉာဏ်ပညာကိုစီးနင်းတယ်။
ဝိပါက်က
နောက်ရထားနဲ့လိုက်လာပြီ။
နေဝင်း
သေခြင်းဆိုးနဲ့သေတယ်။
လူဆိုးဗိုလ်ကြီးရွှေရွှေ
စာဖတ်ရင်းသေနေတယ်။
ဆက်ဒမ်ဟူစိန်
ကြိုးစင်ပေါ်မှာ
ဂိန်သွားပြီ။
ကဒါဖီအလောင်း
ရေသိုးမြောင်းထဲ
မြင်မကောင်းဘူး။
ဝဋ်ဆိုတာ
ဗီဇာနဲ့လေယာဥ်လက်မှတ်မလိုဘူး။
စစ်ရဟတ်ယာဥ်လေးစင်း
သေမင်းလေးကောင်
ဒီပဲယင်းကို
သေအောင်မသတ်နိုင်ပါဘူး။
၂၀၀၃ မှာ
ဒေါ်အောင်ဆန်းစုကြည်မသေဘူး
စိုးဝင်းသေသွားတယ်
မှတ်ထား။
၂၀၀၃ မှာ
ဒေါ်အောင်ဆန်းစုကြည်မသေဘူး
တောင်သာအောင်သောင်းသေသွားတယ်
မှတ်ထား။
သောကြာနေ့ဟာ
ရွာပျက်တာမဟုတ်
ကမ္ဘာပျက်ခဲ့ပြီ။
PDF မနိုင်
မင်းအောင်လှိုင်
မဆိုင်တဲ့အပေါက်
ဂလိုင်နဲ့ခေါက်။
ငရဲရောက်မဲ့ရထားက
နေပြည်တော်နားကပ်နေပြီ။
"အသားစတွေကောက်ပြီး
သင်္ဂြိုဟ်ခဲ့ရတယ်"
"သူတို့အင်္ကျီစလေးတွေနဲ့
လိပ်ပြာခေါ်ခဲ့ရတယ်"
အခု
ငါ လိပ်ပြာခေါ်လိုက်ပြီ။
ကိုအောင်ချစ်မိုး (အသက် ၂၂ နှစ်)
ကိုတင်စိုးခိုင် (အသက် ၃၁ နှစ်)
ကိုအောင်စောထွေး (အသက် ၃၄ နှစ်)
မယု (အသက် ၃၇ နှစ်)
ဦးကျော်ထွန်း (အသက် ၄၉ နှစ်)
အမည်မသိ(အသက်မသိ)တစ်ဦး။
ငါ့ညီတို့၊ ငါ့နှမတို့ရေ
တနေ့ကျရင်
မင်းတို့သွေး မြေခတဲ့
ဟောဒီ လက်ယက်ကုန်းဆိုတဲ့
လက်ယက်ကုန်းဟာလေ။
မင်းအောင်လှိုင်
မြေကြီးလက်နဲ့ယက်
အဝီစိဇောက်ထိုးဆင်းသွားတဲ့ကုန်း
လက်ယက်ကုန်းလို့
ရာဇဝင်တွင်ဦးတော့မယ်။
လက်ယက်ကုန်းလေ
ငါတို့ဘိုးဘေးတွေ
အသက်ထက်ဆုံးခေါင်းချသွားတဲ့
လက်ယက်ကုန်း။
လက်ယက်ကုန်းဟာ
ပြန်လာမယ်။
အညာသီရံဂွာယာနီကာဟာ
ပြန်လာမယ်။
ဘုန်းတေဇကျိန်စာနဲ့
ဝိပါက လေးနဲ့မြားကိုလွယ်လို့ပေါ့။ ။

အောင်ဝေး
(၉၊ ၂၀၊ ၂၂)
* ပျက်ပြယ်သွားသောအိပ်မက်ငယ်ကဗျာမှ။
Pablo Picasso's "Guernica"(1937)
** Date
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar