ခန့်ဝါငြိမ်း - သားကြယ်စင်
သားကြယ်စင်
ခန့်ဝါငြိမ်း
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၂၂
သားသေတဲ့သတင်းကြားပေမဲ့
အမေအိုဟာရယ်ရယ်မောမော
အမေအိုဟာရူးသွားပြီလား
ဆိုတော့
လူခေါင်းရိုးတွေနဲ့
ပလ္လင်ဆောက်လို့ရတယ်
ထင်နေတဲ့ကောင်လို
ငါကအရူးမဟုတ်ဘူးတဲ့
အမေအိုဘာလို့ရယ်တာလဲ
ဆိုတော့
ကောင်းကင်ကိုလက်ညှိူးထိုးပြတယ်
အမေအိုရဲ့လက်ညှိူးနဲ့တန်းတန်းမှာ
နေ့ခင်းမှာတောင်လင်းနေတဲ့
ကြယ်အသစ်လေးတစင်းဟာပြုံးလို့
ဪ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar