Breaking News

စိုးရိမ် - တွန်းဖွင့်ခြင်း

တွန်းဖွင့်ခြင်း
စိုးရိမ်
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၂၂

သွေးပျက်နေတဲ့
ပရမ်းပတာခြေလှမ်းတွေ
သုံးပုံဖဲခွင်ချ
လက်လှည့်ခွင့်မရတော့
'ဟော့ဟော့ရမ်းရမ်း'ဆိုးဝါးလာ
မြေနိမ့်ရာစိုက်ဝင်လာတဲ့လှံတွေကို
ရိုက်ချိုးကြ
သူတို့အရိုးနဲ့ သူတို့ကိုပြန်ထိုးကြ
သမိုင်းသစ်မှာ
လှိုင်းအသစ်တွေနဲ့ အောင်လံလွှင့်မယ်
ရဲရင့်သူတို့သာ
အောင်ပွဲကိုလှမ်းတက်နိုင်ပါတယ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar