Breaking News

ညိုထက်ညို - တစ်နေ့သ၌

တစ်နေ့သ၌
ညိုထက်ညို
(မိုးမခ) ဇန်နဝါရီ ၂၃၊၂၀၂၃

အိတ်ကပ်ထဲကို နှိုက်ကြည့်တော့လည်း
ရောင်းမကုန်ခဲ့လေတဲ့
ငါ့နေ့စွဲတွေ။

နှလုံးအိမ်မှာ
ရေငတ်နေဆဲ ဖော်ဝေး
အမှန်တရား က နိုင်ပါစေ ဆိုတဲ့ အောင်ချိမ့်
ကဗျာအလင်းယိုင်နှုန်းတွေကြားက မောင်သင်းခိုင်
၂၀၂၃ မှာ ခွင့်တိုင်ခဲ့။

ငါ့အသားတွေ တစ်လွှာပြီးတစ်လွှာ
ခွာစားနေရတာ ပျော်ရဲ့လား
နကျယ်တစ်ကောင် မှာလည်း
ကျယ်လောင်ခွင့်တော့ ရှိသေးရဲ့
၄၆ လှမ်းစာမက လျှောက်ခဲ့ပြီး
ရောက်ခဲ့တဲ့ ၄၆ လမ်းမှာ။

တကယ်က ငါးမျှားချိတ် ကို ငုံပြီး
ရေထဲခုန်ဆင်းခဲ့သူပါ
ဘယ်လိုလဲ
နွေပါ
ဘက်ထရီအခန်းပျက် တွေကိုပဲ ဝယ်တယ်
ငါ့ဦးနှောက်ကို မဝယ်ဘူး ။   ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar