ကျော်ထူး - မကြာမီ
ကျော်ထူး
(မိုးမခ) ဩဂုတ် ၁၁၊ ၂၀၂၃
လုပ်စရာမရှိတော့ တွေးစရာရှိတယ်
တနေကုန် တမြေ့မြေ့
နေထိုင်ခြင်းတွေက ခါးကျိုးနေတဲ့မြွေလိုလူးလွန့်
အလိုမကျတိုင်းဆဲထည့်လိုက်တာပဲ
ပါးပါးလေးပုတ်လိုက်တာတောင် လီဗာကတဗြီးဗြီးနဲ့
ဆီရော မီးရောပျောက်နေတာ သူတို့နှိပ်စရာခလုတ်ကုန်ဘီ။
မရွေ့ဘူးမပြောနဲ့
မင်းမရွေ့ရင် ငါတို့ကထပ်ရွှေ့ရုံပဲ
မင်းမရွေ့ရင် ငါတို့နဲ့ထပ်တွေ့ရုံပဲ
ယုံကြည်ချက်တွေသာမချွန်မြရင်
ငါတို့ပုံလဲကျသွားမှာပေါ့။
မီးတောက်တွေ
မီးခိုးလုံးကြီးတွေ
ကြောက်လန့်တကြားပြေးလွှားနေကြရသောခြေသံ
နံရံတိုင်းက ပဲ့တင်ပြန်ပေလိမ့်
အဖန်တရာသောငရဲမှ လွတ်မြောက်ရာ
ရုန်းကန်ခြင်းမှာလည်း ဝေဒနာရှိပေလိမ့်မယ်။
လူအထိုထို
ငိုရခြင်းကင်းဝေးသောကမ္ဘာ
ခွေးအထွေထွေ
နေစရာမဲ့သောကဗျာ
မကြာမီ
လာမည်။ ။
Jul 28
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar