Breaking News

သန်းဦးမြင့် ( ကျောင်းသားတပ်မတော် ၊ တပ်ရင်း ( ၂၁၀/၂၁၄ ) - ၈၈၈၈ အနှစ် (၃၀)

                                                                  
၈၈၈၈ အနှစ် (၃၀)
သန်းဦးမြင့်
(မိုးမခ) ဩဂုတ် ၈၊ ၂၀၂၃

၈၈၈၈
အနှစ် (၃၀)   
တိုက်ပွဲတပွဲပြီးဖို့ လုံလောက်တဲ့အချိန်၊

တရားမျှတမှု
တရားမျှတမှုဆိုတာ 
လူသားအားလုံးအတွက် အရေးအကြီးဆုံး လိုအပ်မှု၊

တိုက်ပွဲ
၈၈၈၈ ဆိုတာ
ရင်ဘတ်နဲ့သေနတ် ထိပ်တိုက်တွေ့ခဲ့တဲ့တိုက်ပွဲ
မတရားမှုကို လက်မခံတဲ့ ပြည်သူတရပ်လုံးရဲ့တိုက်ပွဲ
တန်ဖိုးရှိတဲ့ တိုက်ပွဲ၊

လွတ်လပ်မှု
လွတ်လပ်မှုဆိုတာ 
လူသားအားလုံးရဲ့အသက်သွေးကြော
အသက်နဲ့ရင်းပြီး တိုက်ခဲ့ရတဲ့ လွတ်လပ်ရေးတိုက်ပွဲ
မြန်မာ့နိုင်ငံသမိုင်းမှာ အထင်အရှားရှိတယ်
လွတ်လပ်ရေးတိုက်ပွဲက သခင်စိတ်ဓာတ်ကို ပြဋ္ဌာန်းတယ်၊

သခင်စိတ်ဓာတ်
သခင်စိတ်ဓာတ်ဆိုတာ 
အလေးအမြတ်ထားအပ်တဲ့ သူ့ကျွန်မခံတဲ့စိတ်ဓာတ်
သခင်စိတ်ဓာတ်ဟာ ကျွန်အဖြစ်က လွတ်မြောက်စေတယ်၊

၈၈၈၈ စိတ်ဓာတ်
၈၈၈၈ စိတ်ဓာတ် ဆိုတာ
အမှန်တရားအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့စိတ်ဓာတ်
လွတ်လပ်မှုအတွက်
တရားမျှတမှုအတွက်
မျိုးချစ်စိတ်က မွေးဖွားပေးခဲ့တဲ့ ရဲ၀ံ့ပြတ်သားတဲ့ ရပ်တည်ချက်၊

သခင်စိတ်ဓာတ်ဟာ နယ်ချဲ့ကိုတော်လှန်တယ်
၈၈၈၈ စိတ်ဓာတ်က စစ်အာဏာရှင်ကို တော်လှန်တယ်။

ပြည်သူ
အနှစ် (၃၀) ကြာတဲ့အထိ 
ပြည်သူတွေဟာ ဆင်းရဲတွင်းနက်နေဆဲ
စစ်အာဏာရှင်စနစ်က ယနေ့အချိန်ထိ အနိုင်ကျင့်ခံထားရဆဲ
မတရားမှုတွေကို ဆက်လက်တွေ့မြင်နေရဆဲ၊

မြန်မာ့တပ်မတော်
မြင့်မြတ်တဲ့အစရှိခဲ့တယ်
လွတ်လပ်ရေးတိုက်ပွဲ၀င်ခဲ့တယ်
ပြည်သူတွေချစ်ခဲ့တယ်၊

ဒါပေမယ့်
စစ်အာဏာရှင်တွေကြောင့်
မြန်မာ့သမိုင်းမှာ ရွံစရာအကောင်းဆုံးဟာ မြန်မာ့တပ်မတော်ဖြစ်တယ်
ဒီနေ့ဒီအချိန်ထိ ဘယ်ပြည်သူမှ လက်မခံနိုင်တဲ့ အနိုင်ကျင့်မှုကို
ဆက်လက်ဆုပ်ကိုင်ထားဆဲ၊

၈၈၈၈ 
အနှစ် (၃၀)
မြန်မာ့သမိုင်းမှာ တန်ဖိုးအရှိဆုံးအရာဟာ
လွတ်လပ်မှု နဲ့ တရားမျှတမှု။

သန်းဦးမြင့်
တပ်ရင်း ( ၂၁၀/၂၁၄ )
ABSDF
* ၂၀၁၈ - ခုနှစ် ၈ လေးလုံး ပြည့်သူ့အရေးတော်ပုံ အနှစ် ၃၀ မြောက်နေ့တွင် ရေးသားခဲ့။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar