ဆရာတင်မိုး ၉၃
ကိုအောင်မှိုင်း (မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၂၆
ကဝိဆရာ
ကဗျာတင်မိုး
တော်လှန်မျိုးစေ့
ကြဲပက်ခဲ့အရှင်
ကဗျာဘုရင် အသင်။
မျိုးစေ့က ပင်ပေါက်
တယောက် နှစ်ယောက်
သုံးယောက် လေးယောက်
သောင်းယောက် သိန်းယောက်
ကဗျာပင်ပေါက် လမ်းတလျှောက်
ကိုင်းခြင်းရှက်ကြ နွယ်ခြင်းဖက်ကြ
ပွင့်လိုက်တဲ့ပန်း ဧရာဝတီကိုလွှမ်း
ယန်စီမြစ်ကမ်း ပန်းတံတားထိုး
ငြိမ်းချမ်းရေးပျိုး ခေတ်ဆိုးကိုရိုက်ချိုး
မျိုးဆက်ဘုရင် အရှင်။
"အော်သံပေးပြီး အပျော်ကြံပြေးတာ
တော်လှန်ရေး မဟုတ်ပါတဲ့"
ဆရာကဝိ ကြိုများသိရော့လား
ပြေးဘို့ကြံသူတွေရော ပါသေးလား
ဆရာ့တပည့် မေးလိုက်ချင်ဘိ။
"လှေကြုံစီးသမားတွေက
ငွေပုံကြီး အနားမှာ
ရွှေဘုံထီးနဲ့ အလှမ်းကွာနေလိုက်ပုံများ"
"အလောင်းတွေခင်း ခေါင်းတွေနင်းပြီး
သေမင်းက အဘခေါ်ရအောင်
ရက်စက်ပြခဲ့သူ"တွေကို
ခုတော့လည်း
တစိမ်းတွေမှ မဟုတ်ကြဘဲတဲ့
တော်လှန်ဘုရင် အရှင်။
ဝရဇိန်လက်နက်
အသွားထက်နဲ့
အချောင်သမား
လူ့ငနွားတွေကို
တယောက်မကျန်
အပြုတ်နှံပေးပါဦး
ဆရာသခင် ကျေးဇူးရှင်။
ကိုအောင်မှိုင်း
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
ကဝိဆရာ
ကဗျာတင်မိုး
တော်လှန်မျိုးစေ့
ကြဲပက်ခဲ့အရှင်
ကဗျာဘုရင် အသင်။
မျိုးစေ့က ပင်ပေါက်
တယောက် နှစ်ယောက်
သုံးယောက် လေးယောက်
သောင်းယောက် သိန်းယောက်
ကဗျာပင်ပေါက် လမ်းတလျှောက်
ကိုင်းခြင်းရှက်ကြ နွယ်ခြင်းဖက်ကြ
ပွင့်လိုက်တဲ့ပန်း ဧရာဝတီကိုလွှမ်း
ယန်စီမြစ်ကမ်း ပန်းတံတားထိုး
ငြိမ်းချမ်းရေးပျိုး ခေတ်ဆိုးကိုရိုက်ချိုး
မျိုးဆက်ဘုရင် အရှင်။
"အော်သံပေးပြီး အပျော်ကြံပြေးတာ
တော်လှန်ရေး မဟုတ်ပါတဲ့"
ဆရာကဝိ ကြိုများသိရော့လား
ပြေးဘို့ကြံသူတွေရော ပါသေးလား
ဆရာ့တပည့် မေးလိုက်ချင်ဘိ။
"လှေကြုံစီးသမားတွေက
ငွေပုံကြီး အနားမှာ
ရွှေဘုံထီးနဲ့ အလှမ်းကွာနေလိုက်ပုံများ"
"အလောင်းတွေခင်း ခေါင်းတွေနင်းပြီး
သေမင်းက အဘခေါ်ရအောင်
ရက်စက်ပြခဲ့သူ"တွေကို
ခုတော့လည်း
တစိမ်းတွေမှ မဟုတ်ကြဘဲတဲ့
တော်လှန်ဘုရင် အရှင်။
ဝရဇိန်လက်နက်
အသွားထက်နဲ့
အချောင်သမား
လူ့ငနွားတွေကို
တယောက်မကျန်
အပြုတ်နှံပေးပါဦး
ဆရာသခင် ကျေးဇူးရှင်။
ကိုအောင်မှိုင်း
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
