ဝင်းမင်းခိုင် - တံငါအို
တံငါအို
ဝင်းမင်းခိုင်
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၂၃
ပျိုရွယ်သူတို့ရဲ့
အိပ်မက်ရောင်စုံမီးပွင့်လေးတွေကို
ပြတင်းပေါက်ကငေးကြည့်ပြီး
မိန်းခလုတ်ကိုပိတ်ချထားခဲ့တယ်။
သူ့မှာလဲကိုယ်ပိုင်အိပ်မက်နဲ့
ကျားကုတ်ကျားခဲငုတ်မိသဲတိုင်စိတ်နဲ့ ရွက်လွှင့်လာခဲ့တယ်။
မကြာခင် သူဖမ်းမိတဲ့ငါးနဲ့အတူ
ဟဲမင်းဝေးရဲ့ "ပင်လယ်ပြာနဲ့တံငါအို" ဝတ္ထုထဲကဇာတ်ကောင်လို
သူ့လှေ ကမ်းကိုကပ်တော့မယ်။ ။
၆.၁၀.၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar