ကျော်ဟုန်း - ရေပေါ်မြို့ပွားများ
ရေပေါ်မြို့ပွားများ
ကျော်ဟုန်း
(မိုးမခ)အောက်တိုဘာ ၂၅၊ ၂၀၂၃
ဒို့မြန်မာတွေက
ရှေ့ရေး ကြိုတွေးတတ်တယ်။
မြို့တည်ရင်
နောက်ဆုံးပေါ် နည်းပညာအရ
ရေနုတ်မြောင်း အရင်မတူးဘူး။
ရှိပြီးသား ရေနုတ်မြောင်းတောင်
အင်္ဂတေနဲ့ ဖို့ပိတ်ပစ်တာ။
ဒီမယ် ...
ရေပေါ်မြို့နဲ့ လုပ်စားနေတဲ့
ဗင်းနစ် Venice ရေ
နေခဲ့တော့။
ငါတို့
အင်းလေး ရေပေါ်မြို့လေးကို
ဈေးကွက်စီးပွားရေးအမြင်နဲ့
နိုင်ငံခြားဧည့်တွေကို ဆွဲဆောင်ဖို့
ဒဂုံမှာ
ပုဂံ၊ အညာမှာ
ဥဿာမှာ
မှာ ... မှာ ... မှာတွေမှာ
ကိုယ်ပွားဖွင့်လှစ်လိုက်ပါပြီ။
မှတ်ချက်
~~~~~~
ရေကြီးရေလျှံခြင်းဟု
အလျှဉ်း မသုံးရ။
(ပုံ)
၅၀၅
ကျော်ဟုန်း
၂၃၁၀၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar